ရန်ကုန်-မန္တ လေးရထားလမ်းအဆင့်မြှင့်တင် ခြင်း စီမံကိန်းအတွက် ဂျပန်အ ပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင် ရွက်ရေး အေဂျင်စီ(JICA) မှ ယန်းဘီလီယံ ၆၀ ခန့် ချေးယူမည့်အစီအစဉ်ကို ခွင့်ပြုပေးရန် ပို့ဆောင် ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဌာနက ပြည်ထောင်စုလွှတ်တော် သို့ မတ်လ ၁၅ ရက်တွင် တင်ပြခဲ့ သည်။
၂၀၁၈ မှ ၂၀၂၀ အထိ သုံးနှစ်အတွင်း ဆောင်ရွက်မည့် ရထားလမ်းအဆင့်မြှင့်တင်ခြင်း စီမံကိန်းအဆင့်(၂)၊ အပိုင်း(၁) ကို ဆောင်ရွက်ရန် ဂျပန်ယန်း ၅၆ ဒသမ ၆၂၂ ဘီလီယံချေးယူမည် ဖြစ်သည်။အဆိုပါ ချေးငွေများကို မြို့ ပြအင်ဂျင်နီယာလုပ်ငန်းနှင့် အ ချက်ပြဆက်သွယ်ရေးလုပ်ငန်း၊ စက်ခေါင်းနှင့် တွဲများဝယ်ယူခြင်း၊ ရထားသွားလာမှု ထိန်းချုပ်ရေး စနစ်တပ်ဆင်ခြင်း၊ ကွန်ကရစ် ဇလီဖားတုံးနှင့် ဆက်စပ်ပစ္စည်း များ ၀ယ်ယူတပ်ဆင်ခြင်းတို့အ တွက် အသုံးပြုမည်ဟု အဆိုပါ ၀န်ကြီးဌာန ဒုဝန်ကြီးဦးသာဦးက ပြောသည်။
ယခုအကောင်အထည်ဖော် ဆောင်ရွက်မည့် စီမံကိန်းအဆင့် (၂)၊ အပိုင်း(၁)ကို ပဲခူးတိုင်းဒေသ ကြီး၊ နေပြည်တော်(ပြည်ထောင် စုနယ်မြေ)နှင့် မန္တလေးတိုင်းဒေသကြီးရှိ တောင်ငူ-မန္တလေး ရထားလမ်းပိုင်း တစ်လျှောက်မိုင် ၂၂၀ တွင် ဆောင်ရွက်မည်ဖြစ်ကြောင်း ဦးသာဦးက ပြောသည်။
အဆိုပါ ရထားလမ်းအဆင့် မြှင့်တင်သည့် စီမံကိန်းအကောင် အထည် ဖော်ဆောင်ရွက်ပြီးပါက တွဲဆိုင်းအသစ်များဖြင့် တစ်နာရီ လျှင် ကီလိုမီတာ ၁၀၀ အထိ ပြေးဆွဲနိုင်မည်ဖြစ်သဖြင့် ရန်ကုန်မှ မန္တလေးသို့ ပြေးဆွဲချိန် ၈ နာရီ ထက် မပိုစေဘဲ ပြေးဆွဲနိုင်မည်ဖြစ်ကြောင်း ဦးသာဦးက ပြောသည်။ ထို့အပြင် ရထားလမ်းကြောင်းတစ်လျှောက် ပဲခူးတိုင်း၊ နေပြည်တော်၊ မန္တလေးတိုင်းတို့အတွင်းနေထိုင်သည့် ခရီးသွား ပြည်သူများနှင့် ကုန်စည်ပို့ဆောင်သူများ ပိုမိုအဆင်ပြေ လာမည်ဖြစ်ပြီး မြန်မာ့မီးရထား၏ ၀င်ငွေလည်း တိုးလာမည်ဟု ၎င်းကဆိုသည်။
+++ ရန်ကုန်-မန္တလေး ရထားလမ်းအဆင့်မြှင့်တင်ခြင်း စီမံကိန်း +++
အဆင့်(၁)အဖြစ် ရန်ကုန်-တောင်ငူလမ်းပိုင်းကို ဆောင်ရွက်နေပြီး ချေးငွေအပိုင်း(၁) အဖြစ် ဂျပန် ယန်း ဘီလီယံ၂၀ နှင့် ချေးငွေအ ပိုင်း(၂)အဖြစ် ယန်း ၂၅ ဘီလီယံ ချေးယူခဲ့သည်။
အဆိုပါ ရထားလမ်းအဆင့် မြှင့်တင်ရေးအတွက် ချေးယူမည့် အစီအစဉ်အပေါ် ဆွေးနွေးလို သည့် လွှတ်တော်ကိုယ်စားလှယ်များ စာရင်းပေးသွင်းနိုင်ကြောင်း ပြည်ထောင်စုလွှတ်တော် နာယ ကက ဖိတ်ခေါ်ထားသည်။
ရန်ကုန်-မန္တလေး ရထား လမ်း အဆင့်မြှင့်တင်ရန် ချေးယူ မည့်အပြင် အာရှဖွံ့ဖြိုးရေးဘဏ် (ADB) နှင့် အာဆီယံအခြေခံအ ဆောက်အအုံ ရန်ပုံငွေ (AIF) တို့ မှ ချေးငွေချေးယူရန် ဆောက်လုပ် ရေးဝန်ကြီးဌာနက လွှတ်တော်သို့ တင်ပြထားသည်။ ယင်းအမြန် လမ်းအဆင့်မြှင့်တင်ရန် ချေးငွေ ချေးယူမည့်အစီအစဉ်ကို လွှတ်တော်က အတည်မပြုရသေးပေ။
အဆိုပါ ချေးငွေများအပြင် စိုက်ပျိုးရေးဝင်ငွေကဏ္ဍ တိုးတက်ရေးစီမံကိန်းဆောင်ရွက်ရန်လည်း ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) မှ ယန်း ၃၀ ဒသမ ၄၆၉ ဘီလီယံချေးယူရန်လည်း မတ်လ ၁၅ ရက်က ကျင်းပသည့် လွှတ်တော်သို့ တင်ပြခဲ့သည်။
Credit: 7Daydaily