ကုမ္ပဏီအမြတ်ခွန် လျှော့ပေးရန် စီစဉ်နေကြောင်း စီမံဘဏ္ဍာဒုဝန်ကြီးပြော

ကုမ္ပဏီအမြတ်ခွန် လျှော့ပေးရန် စီစဉ်နေကြောင်း စီမံဘဏ္ဍာဒုဝန်ကြီးပြော - Property News in Myanmar from iMyanmarHouse.com
16 Mar 2018 10:09 am တွင် တင်ခဲ့သည်
4994 ကြိမ် ကြည့်ရှု့ပြီး
ကုမ္ပဏီများလွယ် ကူစွာ စီးပွားရေးလုပ်နိုင်ရန် ကုမ္ပဏီဝင်ငွေခွန် ၂၅ ရာခိုင်နှုန်းပေးဆောင်နေရခြင်းကို လျှော့ချပေး ရန် စီစဉ်နေကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုဝန်ကြီးဦးမောင်မောင်ဝင်း ကပြောသည်။

စီးပွားရေးလုပ်ကိုင်မှု လွယ် ကူလာစေရန် အခွန်ကောက်ခံမှုများကို ဖြေလျှော့
ရန် အစိုးရဘက် က စဉ်းစားနေကြောင်း ဒုဝန်ကြီးက ပြောသည်။

‘‘ အခွန်ဥပဒေမှာလည်း လျှော့ဖို့စဉ်းစားနေတာ အများကြီးရှိပါတယ်။ ၂၅ ရာခိုင်နှုန်း (ကုမ္ပဏီအမြတ်ခွန်) လျှော့ဖို့က စဉ်းစားနေတဲ့အထဲမှာပါတယ်။
ဘယ်ချိန်ဘယ်လို လုပ်ဆောင်မလဲဆို တာ ပြောလို့မရသေးဘူး ’’ဟု ဦးမောင်မောင်ဝင်းက ပြောသည်။

မြန်မာနိုင်ငံတွင် ကုမ္ပဏီအမြတ်ခွန် ၂၅ ရာခိုင်နှုန်းသည် အ ခြား နိုင်ငံများနှင့် နှိုင်းယှဉ်လျှင် များနေပြီး စီးပွားရေးလုပ်ကိုင်မှု ကောင်းရန် လျှော့ပေးသင့်သည် ဟု အမရာဒစ်ဂျစ်တယ်ကြော်ငြာ အေဂျင်စီ တည်ထောင်သူ ဒေါ်ချမ်းမြေ့ခိုင်က ပြောသည်။

သို့သော် စီးပွားရေးလုပ်ငန်း ရှင် ဒေါက်တာစိုးထွန်းကမူ ကုမ္ပ ဏီအမြတ်ခွန် ၂၅ ရာခိုင်နှုန်း သည် များသည်ဟု မမြင်ကြောင်း ပြောသည်။ ကုမ္ပဏီတိုင်းကို အရှုံး မရှိ၊ အမြတ်ရှိရမည်ဟု အစိုးရက သတ်မှတ်မည့်အစား လက်မှတ်ရ စာရင်းကိုင်များက သတ်မှတ် သည့် စာရင်းပေါ်မူတည်ပြီး ကုမ္ပ ဏီအရှုံး၊ အမြတ်ကို သတ်မှတ် သင့်သည်ဟု ၎င်းကဆက်လက်ပြောကြားသည်။

ကုမ္ပဏီအမြတ်ခွန် (စီးပွား ရေးလုပ်ငန်းများ၏ အမြတ်ငွေမှ နှစ်စဉ်ကောက်ခံနေသည့်အခွန်) ကို ယခင် ၃၀ ရာခိုင်နှုန်းမှ NLD အစိုးရလက်ထက်တွင် ၂၅ ရာ ခိုင်နှုန်းသို့ လျှော့ချပေးခဲ့သည်။

ကုမ္ပဏီများသည် ကုမ္ပဏီ အမြတ်ငွေ ၂၅ ရာခိုင်နှုန်းပေး ဆောင်နေရချိန်တွင် စတော့အိတ် ချိန်းစာရင်းဝင် ကုမ္ပဏီများက ၂၀ ရာခိုင်နှုန်းသာ အခွန်ပေးဆောင် နေရသည်။ ထို့ကြောင့် စီးပွားရေး လုပ်ငန်းများဖွံ့ဖြိုးလာရန် အခက် အခဲရှိနေသည်ဟု စီးပွားရေးလုပ် ငန်းရှင်များက ထောက်ပြသည်။

ကုမ္ပဏီအမြတ်ငွေမှ ထမ်း ဆောင်ရသည့် အခွန်နှုန်းထား သည် အာဆီယံဒေသတွင် ဖွံ့ဖြိုး မှု အားအကောင်းဆုံး နိုင်ငံဖြစ် သည့် စင်ကာပူနိုင်ငံတွင် ၅ ရာ ခိုင်နှုန်းမှ ၁၇ ရာခိုင်နှုန်းအကြား ခွဲခြားကောက်ခံကြောင်းစွမ်းအင် ၀န်ဆောင်မှု လုပ်ငန်းရှင်တစ်ဦး က ပြောသည်။

ဒီချုပ်အစိုးရသက်တမ်း ၂ နှစ်အတွင်း ၂၀၁၈ ဧပြီ ၁ ရက်ကစတင်၍ စီးပွားရေးလုပ်ကိုင်မှု လွယ်ကူ စေရန် ကုမ္ပဏီမှတ်ပုံတင်ကြေး ကျပ်နှစ်သိန်းခွဲအထိ လျှော့ချပေးမည်ဖြစ်ကြောင်း အစိုးရက ကြေညာခဲ့သည်။ မှတ်ပုံတင်ကြေးကို ၂၀၁၆ ဇွန်လ ၁ ရက်ကစ၍ ကျပ် ၁၀ သိန်းမှ ငါးသိန်းအထိ ပထမအကြိမ် စတင်လျှော့ချခဲ့ခြင်း ဖြစ်သည်။

Credit: 7Daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှိသည်ကို ၇ နှစ်ကြာမှ သိလိုက်ရသည့် ဖြစ်ရပ် လူမှုကွန်ရက်တွင် ဟိုးလေးတကျော် ဖြစ်နေ...

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...

နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျပန်နိုင်ငံတွင် စွန့်ပစ်ထားသော နေအိမ်ပေါင်း ၂၀၀ ကို ဝယ်ယူခဲ့ကာ ပြန်လည် အငှားချထားခြင်းဖြင့် နှစ်စဉ်ဝင်ငွေ ဒေါ်လာ ၉၀၀,၀၀

ဆွေးနွေးအဖြေရှာ ဥပဒေရေးရာ
ဆွေးနွေးအဖြေရှာ ဥပဒေရေးရာ
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး

ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်က

တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်

စင်္ကာပူတွင် လူသွားလမ်း ရေမြောင်းပေါက်အတွင်း တံထွေးထွေးသော ကမ္ဘာလှည့်ခရီးသည်တစ်ဦး ကန်ဒေါ်လာ ၂၂၀ ဒဏ်ရိုက်ခံရ၊ ဒဏ်ငွေ ချက်

ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအ

ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ

ချစ်သူက ပြည့်တန်ဆာဘဝသို့ သွတ်သွင်းခြင်းခံလိုက်ရသော ဘောလိဝုဒ်ကြယ်ပွင့် ရုပ်ရှင်မင်းသမီး၏ ကြေကွဲဖွယ်ဘဝဇာတ်ကြောင်း

တရုတ်ပြည်တွင် ဆောက်လုပ်ရေးပစ္စည်းထုတ်လုပ်သော ကုမ္ပဏီတစ်ခုက နှစ်ကုန်ပါတီပွဲတွင် ဝန်ထမ်းများအား ငွေစက္ကူ ရေတွက်ပွဲအဖြစ် ယွ

Shwe Moe Kaung
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service