တည်နေရာ- အမေရိကန်ပြည်ထောင်စု၊ အီလီနွိုက်စ်ပြည်နယ်၊ ဟင်နရီမြို့ ၊ ကာရိုးလ်လမ်း၊ အမှတ် ၅၀၆
အမေရိကန်ပြည်တွင် သံတစ်ချောင်းမျှမရိုက်ဘဲ ဆောက်လုပ်ထားသည့် နှစ်ပေါင်း ၁၀၀ ကျော် သက်တမ်းရှိနေအိမ် အရောင်းဈေးကွက်ဝင်လာသည်။
၁၉၀၀ ပြည့်နှစ်တွင် ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး သင်္ဘောတည်ဆောက်သူ ဖရက်ဒရစ် ပေါ့တာက ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။
ပေါ့တာက သူ၏နေအိမ်ကို သံတစ်ချောင်းမျှ အသုံးမပြုဘဲ သစ်သားများဖြင့် စို့ရိုက်၍သာ ဆောက်လုပ်ခဲ့သည်။
နဖူးစည်းများ၊ တံခါးများ၊မျှော်စင်များ အားလုံးကို သံအသုံးမပြုဘဲ ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။
အိပ်ခန်း ၅ ခန်းပါနေအိမ်ဖြစ်ပြီး စကျင်ကျောက်ဖြင့်ပြုလုပ်ထားသည့် မီးလင်းဖို ၂ ခု၊ မဟော်ဂနီနံရံမြှုပ်ဘီရိုများ ပါဝင်သည့် ညစာစားခန်း၊ ပေ ၅၀ အမြင့်ရှိသည့် မျှော်စင်တစ်ခုကိုလည်း ပေါ့တာက ဖန်တီးခဲ့၏။
ခြံဝန်းအတွင်းတွင် မြင်းလှည်းဂိုဒေါင်တစ်လုံးနှင့် ဥရောပမှ မှာယူတင်သွင်းခဲ့သည့် အပင်စိုက်ပျိုးသော ဖန်လုံအိမ်တစ်ခု ပါဝင်သည်။
အီလီနွိုက်စ်ပြည်နယ် အထင်ကရနေရာများဗဟိုဖောင်ဒေးရှင်းအဖွဲ့က ယခုနေအိမ်ကြီးကို မှတ်တမ်းတင် စာရင်းသွင်းထားသည်ဟု ဆိုသည်။
နေအိမ်တွင်း အပြင်အဆင်ကို ဂေါ့သစ်ရီဗိုက်ဗယ်လ် ဗိသုကာဟန်ဖြင့် မွမ်းမံထားပြီး ပေ ၅၀ အမြင့်ရှိ မျှော်စင်တွင် အန်းဘုရင်မကြီး ဗိသုကာဟန်တွင် သုံးလေ့ရှိသော ရောင်စုံမှန်ပြတင်းများကို မူရင်းလက်ရာမပျက်တွေ့ရှိနိုင်သေးသည်။
ပေါ့တာမိသားစုသည် ယင်းနေအိမ်တွင် မျိုးဆက် ၅ ခုကြာ နေထိုင်ခဲ့ကြပြီးနောက် ရောင်းထုတ်ခဲ့ရာ ဝယ်လက်တို့က နေအိမ် ဝယ်ယူခဲ့သည့် ၁၉၆၄ ခုနှစ်မှ ယနေ့တိုင်နေထိုင်လျက်ရှိခြင်း ဖြစ်သည်။
(အသေးစိတ်အချက်အလက်များ)
အိပ်ခန်း ၅ ခန်း
ရေချိုးခန်း ၂ ခန်း
အကျယ်အဝန်း- ၄၂၃၁ စတုရန်းပေ
ခြံဝန်းအကျယ်- ၀ ဒသမ ၅၂ ဧက
အကျယ်အဝန်း- ၁၉ ပေ x ၂၁ ပေ
ဒုတိယမြောက်အိပ်ခန်း- ၁၄ ပေ x ၁၆ ပေ
တတိယမြောက်အိပ်ခန်း- ၁၃ ပေ x ၁၁ ပေ
စတုတ္ထအိပ်ခန်း- ၁၃ ပေ x ၁၅ ပေ
ညစာစားခန်း- ပေ ၂၀ x ၁၇ ပေ
မီးဖိုဆောင်- ၁၅ ပေ x ၁၄ ပေ
ခြံဝန်း- ၁၃၉ ဒသမ ၅ ပေ x ၁၆၀ ပေ
ဧည့်ခန်း- ၁၈ ပေ x ၂၁ ပေ
အခန်းပို- ၁၀ ပေ x ၁၀ ပေ
နေအိမ်ဒီဇိုင်း- ဝိတိုရိယဟန်
မီးလင်းဖို တည်နေရာ- မိသားစုနားနေခန်း၊ ဧည့်ခန်း
အရောင်းဈေးကွက်ရောက်ရှိသည့်ရက်စွဲ- ဖေဖော်ဝါရီ ၂၈၊ ၂၀၁၈ ခုနှစ်
ခေါ်ဈေး- ကန်ဒေါ်လာ ၇၂၉၀၀
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)