ဘဏ်သစ် ငါးခုကို ဗဟိုဘဏ်က မကြာမီ လိုင်စင်ထုတ်ပေးမည်

ဘဏ်သစ် ငါးခုကို ဗဟိုဘဏ်က မကြာမီ လိုင်စင်ထုတ်ပေးမည် - Property News in Myanmar from iMyanmarHouse.com
15 Mar 2018 10:33 am တွင် တင်ခဲ့သည်
8177 ကြိမ် ကြည့်ရှု့ပြီး
ဘဏ်တည် ထောင်ခွင့်ရရှိရန် တင်ပြထားသည့် ပြည်တွင်းပုဂ္ဂလိကဘဏ် ငါးခုရှိပြီး စိစစ်လျက်ရှိကာ မကြာမီ ခွင့်ပြုမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးစိုးသိန်းကပြောသည်။

မတ်လ ၁၄ရက်အမျိုးသား လွှတ်တော်အစည်းအဝေး၌ မေးမြန်းခဲ့သည့် ရန်ကုန်တိုင်း မဲဆန္ဒ နယ်အမှတ်(၈) အမျိုးသားလွှတ် တော်ကိုယ်စားလှယ် ဦးကျော် ထွေး၏ ပြည်တွင်းတွင် ပုဂ္ဂလိက ဘဏ်များ တည်ထောင်ဖွင့်လှစ်ရန် မူဝါဒများမည်သို့ချမှတ်ထား သည်ကို သိရှိလိုကြောင်း မေးခွန်း ကို ပြန်လည်ဖြေရာ၌ ဦးစိုးသိန်းက ယင်းကဲ့သို့ပြောကြားခဲ့သည်။

လုပ်ငန်းဆောင်ရွက်ခွင့်တင် ပြထားသည့် အဆိုပါဘဏ် ငါးခု သည်တောင်သူလယ်သမားဖွံ့ဖြိုး ရေးဘဏ်လီမိတက်(မန္တလေး)၊ ဂုဏ်ထူးဆောင်တောင်သူလယ် သမားဖွံ့ဖြိုး တိုးတက်ရေးဘဏ် လီမိတက်(စစ်ကိုင်း)၊ သတ္ထုဖွံ့ဖြိုး ရေးဘဏ်လီမိတက်၊ မြန်မာ့ခရီး သွားဘဏ်လီမိတက်နှင့် ရွှေနန်း စောဘဏ်လီမိတက် တို့ဖြစ်သည်။

ယင်းဘဏ်များထဲမှ ဂုဏ် ထူးဆောင်တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးဘဏ်၊ သတ္ထု ဖွံ့ဖြိုးရေးဘဏ်၊ မြန်မာ့ခရီးသွား ဘဏ်တို့အား ဘဏ်လုပ်ငန်းလုပ် ကိုင်ခွင့်ပေးရန် စီးပွားရေးကော်မတီအစည်းအဝေး၏ နောက်ဆုံး အဆင့် သဘောတူညီချက်ရရှိပြီးဖြစ်ကာ မကြာမီလိုင်စင်ထုတ်ပေးမည်ဟု ဦးစိုးသိန်းကပြောသည်။

ထို့ပြင် တောင်သူလယ် သမားဖွံ့ဖြိုးရေး ဘဏ်အား လုပ်ငန်းလုပ်ကိုင်ခွင့် ချထားပေး ပြီး ဖြစ်ကာ ငွေမသွင်းသေးသဖြင့် လိုင်စင်ထုတ် မပေးသေးကြောင်း၊ ယခုလ ၃၁ရက်နောက်ဆုံးထား ၍ ငွေသွင်းရန် ယင်းဘဏ်သို့ အကြောင်းကြားထားကာ ငွေသွင်းပြီးပါက ချက်ချင်းလိုင်စင်ထုတ်ပေးမည်ဖြစ်ကြောင်း ၎င်း ကဆိုသည်။

‘‘မကြာခင်မှာ လိုင်စင်ထုတ် ပေးသွားမှာဖြစ်ပါတယ်’’ ဟု ဦးစိုး သိန်းက ဆက်လက်ပြောသည်။

ရွှေနန်းစောဘဏ်ကိုမူ စိစစ် ခြင်းလုပ်ငန်းများဆောင်ရွက်ခြင်း မပြုရသေးသဖြင့် လိုင်စင်ထုတ် ပေးရန် အချိန်အနည်းငယ် ကြာဦးမည်ဟု ဆိုသည်။

ပြည်တွင်းပုဂ္ဂလိက ဘဏ်သစ်များအား လုပ်ငန်းလုပ်ပိုင်ခွင့်ပြုမည်ဆိုပါက ပြည်သူများ ရွေးချယ်စရာဘဏ် အများအပြား ရှိလာမည်ဖြစ်ပြီး အသေးစား စီးပွားရေးလုပ်ငန်းများအတွက် ငွေချေးယူနိုင်မည့် ဘဏ်အရေ အတွက် တိုးလာမည်ဖြစ်ကြောင်း ဦးကျော်ထွေးက ပြောသည်။ ‘‘ကျွန်တော်တို့ တိုင်းပြည်ရဲ့ လူဦးရေ၊ဂျီဒီပီ၊ စီးပွားရေးအရွယ် အစားအရ ဘဏ်တွေနည်းပါး နေသေးတယ်။ ဘဏ်လုပ်ငန်းဖွံ့ ဖြိုးဖို့ဆိုတာ တိုင်းပြည်အနာဂတ် စီးပွားရေးနဲ့ သက်ဆိုင်ပါတယ်။ ဒါကြောင့် ပြည်တွင်းဘဏ်တွေ ကိုဒီထက်ပိုပြီး တည်ထောင်ခွင့် ပေးဖို့လိုပါတယ်’’ ဟု ၎င်းက ပြောသည်။

အသေးစား လုပ်ငန်းများ အား ပြည်တွင်းလက်ရှိဘဏ် ကြီးများ၏ ချေးငွေထုတ်ပေးနေ သည့် ပမာဏသည် အလွန်နည်း ပါးနေသေးပြီး ယင်းအပေါ်အား မရကြောင်း ဦးကျော်ထွေးကဆို သည်။ အသေးစားစီးပွားရေး လုပ်ငန်းများအား ချေးငွေများများ ထုတ်ချေးပေးမှသာ ပြည်ပသို့ ထုတ်ကုန်များများ တင်ပို့နိုင်မည် ဖြစ်ပြီး နိုင်ငံ့စီးပွားရေးတိုးတက် မည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

ယခုအခါ မြန်မာနိုင်ငံတွင် ပြည်တွင်း ပုဂ္ဂလိကဘဏ် ၂၄ ခုရှိပြီး ဘဏ်ငါးခုထပ်မံ ခွင့်ပြု မည်ဆိုပါက ဘဏ် ၂၉ခု ရှိလာမည်ဖြစ်သည်။

Credit: 7Daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှိသည်ကို ၇ နှစ်ကြာမှ သိလိုက်ရသည့် ဖြစ်ရပ် လူမှုကွန်ရက်တွင် ဟိုးလေးတကျော် ဖြစ်နေ...

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...

နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ချစ်သူက ပြည့်တန်ဆာဘဝသို့ သွတ်သွင်းခြင်းခံလိုက်ရသော ဘောလိဝုဒ်ကြယ်ပွင့် ရုပ်ရှင်မင်းသမီး၏ ကြေကွဲဖွယ်ဘဝဇာတ်ကြောင်း

ဘီလ်ဂိတ်က အိမ်တွင် သားသမီးများ မရှိတော့ဘဲ တစ်ယောက်တည်း အထီးကျန်နေသော်လည်း ရေချိုးခန်း ၂၄ ခန်းပါ အလွန်ကြီးမားလှသည့် စံအိမ

တရုတ်ပြည်တွင် ဆောက်လုပ်ရေးပစ္စည်းထုတ်လုပ်သော ကုမ္ပဏီတစ်ခုက နှစ်ကုန်ပါတီပွဲတွင် ဝန်ထမ်းများအား ငွေစက္ကူ ရေတွက်ပွဲအဖြစ် ယွ

ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည်

တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရ

ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော

ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအ

ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား

ဓားထိုးခံရကာ မကြာသေးမီက ဆေးရုံမှ ဆင်းလာသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဆာအိဖ် အလီခန်း မိသားစုပိုင် ရူပီး ကုဋေ ၁၅၀၀၀ တန်ကြေး

ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်

Shwe Moe Kaung
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service