ရန်ကုန်တိုင်းအစိုးရက ရောင်းချမည့် တန်ဖိုးနည်းအိမ်ရာလျှောက်ရာတွင် အိမ်ပိုင်ရှိလျက် နှင့် လျှောက်ပါက လျှောက်လွှာ ပြန်လည်သိမ်းယူမည် ဖြစ်ကြောင်း ပြည်သူ့အိမ်ရာ ရောင်းချရေး ကော်မတီဝင်ဦးညီညီက ပြောသည်။
‘‘အိမ်ပိုင် ရှိလျက်သားနဲ့ ဖောင်တွေကို မရိုးသားတဲ့ စိတ်နဲ့ လျှောက်လာခဲ့မယ်၊ ကိုယ်ကျိုး စီးပွားတွေအတွက် လုပ်လာခဲ့မယ်ဆိုရင်သိရှိရင် အကြောင်း ကြားပေးပါ။ အဲဒီအခါကျရင်ပြန် လည်စိစစ်ပြီး ပြန်လည်သိမ်းယူသွားမယ်’’ ဟု ၎င်းကပြောကြားသည်။
လျှောက်လွှာများကို ယခင် က ဖေဖော်ဝါရီ ၁၅ ရက်မှမတ်လ ၁၅ရက်အထိ သတ်မှတ်ထား သော်လည်း ယခုမတ်လ ၃၀ရက် အထိသက်တမ်းတိုး လျှောက် ထားနိုင်ကြောင်း ဦးညီညီကပြောသည်။
‘‘ဒီကြားထဲမှာ လက်မှတ်ထိုး တဲ့ ကိစ္စနဲ့ပတ်သက်ပြီး ပြည်သူလူထုအနေနဲ့ မရှင်းလင်းတာလေး တွေရှိတဲ့အခါမှာ သုံးလေး ငါးရက် ဟသွားတဲ့သဘောရှိတယ်။ အဲဒီအပေါ်မူတည်ပြီး ပြည်သူ့ အိမ်ရာရောင်းချရေး ကော်မတီက အစည်းအဝေးတစ်ရပ် ခေါ်ပြီး မတ်လကုန်အထိ လျှောက်လွှာဝယ်ဖို့ သက်တမ်းထပ်တိုးလိုက် တယ်’’ ဟု ၎င်းကပြောသည်။
လျှောက်လွှာဝယ်ယူခွင့် ကိုအရှေ့ပိုင်း၊ မြောက်ပိုင်း၊ တောင်ပိုင်းနှင့် အနောက်ပိုင်း ခရိုင်ဟူ၍ ခရိုင်အလိုက်သက် မှတ်ထားပြီး သက်ဆိုင်ရာ မြို့ နယ်များမှ ခရိုင်အလိုက်လျှောက် လွှာတစ်စောင်ကိုကျပ် ၁,၀၀၀ ဖြင့် ရောင်းချနေသည်။
‘‘ထောက်ခံစာဆိုတဲ့ နေရာ မှာ အရင်တုန်းက ရဲစခန်း(သို့မ ဟုတ်) အုပ်ချုပ်ရေးရုံးပဲ သွားသွား ထောက်ခံစာတစ်စောင်ယူဖို့ အတွက်ဆိုရင် ရုံးထဲပဲဝင်ရတော့ မလိုလို၊အပြင်မှာပဲထိုင်ရတော့ မလိုလိုနဲ့ မ၀ံ့မရဲကိစ္စတွေကို ကျော်လွှားနိုင်ဖို့အတွက် လည်းပါပါ တယ်။
လွှတ်တော်ကိုယ်စားလှယ် တွေအနေနဲ့ ဒါတွေကို လက်မှတ်ထိုးမယ်။ ပြီးတော့မြို့နယ်၊ ရပ် ကွက် အုပ်ချုပ်ရေးမှူးတွေကပါ ပေါင်းစည်းပြီးတော့ လက်မှတ် ထိုးရမယ်ဆိုပြီး လုပ်လိုက်တဲ့အခါ မှာ အခုဆိုရင် ကျွန်တော်တို့ မြို့ နယ်မှာ ထောက်ခံစာလာယူဖို့ စောင့်နေတဲ့ ပြည်သူတွေကို ကော်ဖီ၊ လက်ဖက်ရည်တွေ တောင်တိုက်ပါတယ်။ ဒီကော် မတီကနေပြီးတော့ လွှတ်တော် ကိုယ်စားလှယ်တွေက လုပ်မယ့်ဟာကို သတ်မှတ်လိုက်တော့ ထောက်ခံချက်ဆိုတာ နောက် နောင်လုပ်မယ်ဆိုရင် လွယ်ကူ သွားပါမယ်’’ ဟုဦးညီညီက ပြော သည်။
လျှောက်လွှာများနှင့် ပတ်သက်၍ အစည်းအဝေးပြုလုပ် ဆုံးဖြတ်မည်ဖြစ်ပြီး ရောင်းချ ရသည့်လျှေက်လွှာအရေအတွက် အတိအကျ မသိသေးကြောင်း ၎င်းကပြောသည်။
တိုင်းအစိုးရအဖွဲ့က ရောင်း ချမည့် အိမ်ရာများကို ၀ယ်ယူလို သူများအနေဖြင့် (၃၂)နှစ်ပြည့် ပြီးသည့် မြန်မာနိုင်ငံသားဖြစ်ရ မည်ဖြစ်ပြီး အိမ်ထောင်စုတစ်ခု တွင်တစ်ဦးသာ လျှောက်ထားခွင့် ရှိကြောင်းဖော်ပြထားသည်။ ၀င်ငွေနည်းပြည်သူ၊ နိုင်ငံ့ဝန်ထမ်း၊ ပင်စင်စား၊ ကုမ္ပဏီဝန်ထမ်းများ အားရောင်းချမည်ဖြစ်သည်။
အိမ်ရာလျှောက်ထားသူ၏ မိသားစုပျမ်းမျှ လစဉ်ဝင်ငွေသည် ကျပ်သုံးသိန်းမှ ၁၂သိန်းအထိရှိ ရမည်ဟု ဖော်ပြထားသည်။
ရန်ကုန်တိုင်း အစိုးရက ရောင်းချမည့် အိမ်ရာများသည် ဒဂုံမြို့သစ်တောင်ပိုင်းရှိ အင်းဝ အိမ်ရာ၊ ကောင်းစံသာအိမ်ရာ၊ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်ရှိ ယု ဇနအိမ်ရာအပိုင်း(၁)၊(၂)၊ ကနောင်အိမ်ရာ၊ သင်္ဃန်းကျွန်းမြို့နယ်ရှိ ကြီးပွားရေးအိမ်ရာ၊ လှိုင်သာယာမြို့နယ်ရှိ ရွှေလင်ဗန်းအိမ်ရာ၊ ထီးလှိုင်အိမ်ရာ၊ ရွှေပြည်သာမြို့နယ်ရှိ Shop House များနှင့် မြောက်ဥက္ကလာပ မြို့နယ်ရှိ ရွှေပေါက်ကံအိမ်ရာတို့ဖြစ်သည်။
Credit: 7Daydaily