ရန်ကုန်တိုင်းအတွင်း အချက်အလက်စင်တာ (Data Center) ဆောက်လုပ်ရန် တိုင်း အစိုးရက ကုမ္ပဏီ ၁ဝ ခုကိုရွေးချယ်ခေါ်ယူတွေ့ဆုံခဲ့ကြောင်း ရန်ကုန်တိုင်းအစိုးရအဖွဲ့က မတ်လ ၉ရက်တွင် သတင်းထုတ်ပြန်သည်။
ရန်ကုန်တိုင်းအစိုးရ၏ အချက်အလက်များ လုံခြုံစိတ်ချရမှု နည်းပါးနေခြင်းကို ကာကွယ်ရန် နှင့်ကွန်ရက်ချိတ်ဆက်မှု ကောင်းမွန်ရေးအချက်အလက်စင်တာ တည်ဆောက်ရန်တိုင်းအစိုးရက စီစဉ်ခြင်းဖြစ်သည်ဟု ရန်ကုန် တိုင်းဒေသကြီး ကရင်တိုင်းရင်း သားရေးရာဝန်ကြီး မှ ပြောကြားကြောင်းသိရသည်။
Data Center တွေမှ အဓိကအနေဖြင့် Control (ထိန်းချုပ် မှု)ထဲမှာပဲရှိနေသည်။လုံခြုံရေး အရ ယုံကြည်မှုရှိသည့်နေရာလေး တစ်ခုပြချင်သည် ဟု ၎င်းက ဆက်လက်ပြောသည်။
Data center ဆိုသည်မှာ အစိုးရ၏ သတင်းအချက်လက်များကို အထိုင်တစ်နေရာတွင်သိမ်းဆည်းထားပြီး လိုအပ်သည့်နေရာများမှ အချက်အလက်များကို ရယူနိုင် ရန်ဖြစ်သည်။
ထိုစနစ်ကို ပြည်ထောင်စုအစိုးရအဆင့်က စတင် ဆောင်ရွက်နေသည်။
အဆိုပါစင်တာ ဆောက်လုပ်ရန် အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ခေါ်ယူခြင်းမပြုဘဲ ကုမ္ပဏီ ၁ဝ ခု ကို တိုင်းအစိုးရက ရွေးချယ်ခဲ့ သည်။
ယခုကဲ့သို့ ကုမ္ပဏီများ ရွေးချယ်ခေါ်ယူတွေ့ဆုံခြင်းသည်အခြားနည်းပညာ
ကုမ္ပဏီများ မလုပ်နိုင်ဘဲ လက်တည့်စမ်းဝင်ပြိုင်မှုမရှိစေရန်ဟု ပြောကြားခဲ့ကြောင်း သိရသည်။
ရန်ကုန်တိုင်းအစိုးရနှင့်တွေ့ ဆုံခဲ့သည့်ကုမ္ပဏီ ၁၀ ခုအနေဖြင့် တိုင်းအစိုးရ၏ အချက်အလက်များ၊ စာဝင်စာထွက်များစသည်တို့လုံခြုံရေးနှင့်တိုင်းအစိုးရအ ဆောက်အအုံအတွင်းရှိ ကွန်ရက်နှင့် ပြင်ပကွန်ရက်များကိုချိတ်ဆက်ပေးမည့် အချက်အလက်စင်တာ ဆောက်လုပ်ပေးရမည်ဖြစ် ပြီးတစ်ပတ်အတွင်းလုပ်ငန်း အ ဆိုပြုလွှာတင်ပြရမည်ဟု ဝန်ကြီး မှ ပြောသည်။
တိုင်းအစိုးရအဖွဲ့ က ခေါ်ယူတွေ့ခဲ့သည့်ကုမ္ပဏီ ၁ဝ ခုမှာ Access Spectrum, ACE Data Systems, ATG Systems,Frontiir, Innovative Systems, LanTro (Myanmar), NEX4,Radiance, SkyLark နှင့် Vision2 Motion တို့ဖြစ်သည်။
Credit :7Daydaily