၂၀၁၈ ဧပြီမှ စက်တင် ဘာခြောက်လအတွင်း ရန်ကုန်တိုင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ၈ ဒသမ ၆ ရာခိုင်နှုန်းရှိမည်ဟု အမျိုးသားစီမံကိန်း ဥပေဒတွင် ဖော်ပြထားသည်။
၂၀၁၇ ဧပြီမှ စက်တင်ဘာ အထိ ရန်ကုန်တိုင်းတွင် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ၇ ဒသမ ၄ ရာခိုင်နှုန်းဖြစ်၍ ယခု ခြောက်လတာ၌ ပြီးခဲ့သည့်ကာလတူထက် ၁ ဒသမ ၂ ရာခိုင်နှုန်း ပိုမိုတိုးတက်ရန် အစိုးရက ခန့်မှန်းထားသည်။
ရန်ကုန်တိုင်းတွင် GDP (အသားထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး) ကျပ် ဘီလီယံ ၆,၂၀၀ ကျော်ရှိမည်ဟု ဥပဒေကြမ်း၌ ခန့်မှန်းထားသည်။
‘‘တိုင်းဒေသကြီးနဲ့ ပြည်နယ် တွေရဲ့ ကုန်ထုတ်လုပ်မှုနဲ့လုပ်နိုင် စွမ်းကိုခန့်မှန်းပြီး ထည့်သွင်းတာပါ။ ဒါကလည်း တိုင်းဒေသကြီးနဲ့၊ ပြည်နယ်အစိုးရနဲ့ ဝန်ကြီးဌာနတို့ ပူးပေါင်းခန့်မှန်းကြတာပါ’’ဟု စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ဝါဝါမောင်က ပြောသည်။
ယခုခြောက်လ ဘဏ္ဍာနှစ် တွင် ကချင်ပြည်နယ်ကို စီးပွား ရေးဖွံ့ဖြိုးတိုးတက်မှု ၂ ဒသမ ၈ ရာခိုင်နှုန်းဖြင့် အနည်းဆုံးဟု အစိုးရကခန့်မှန်းထားသည်။ ကချင်ပြည်နယ်သည် ၂၀၁၇ ကာလတူတွင် စီးပွားရေးဖွံ့ဖြိုးတိုး တက်မှု ၆ ဒသမ ၈ ရာခိုင်နှုန်းရှိခဲ့သည်။
၂၀၁၇ ၏ ခြောက်လတာကာလတွင် ကယားပြည်နယ်သည် သုည ဒသမ ၄ ရာခိုင်နှုန်းသာရှိသော်လည်း ၂၀၁၈ ဧပြီမှ စက်တင်ဘာအတွင်း စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ၆ ဒသမ ၁ ရာခိုင်နှုန်းရှိမည်ဟု အစိုးရက ခန့်မှန်းထားသည်။
စစ်ကိုင်းတိုင်းဒေသကြီး သည် ပြီးခဲ့သည့် ၂၀၁၇ ခြောက်လတာကာလတွင် စီးပွားရေးဖွံ့ ဖြိုးတိုးတက်မှု ၁၂ ဒသမ ၅ ရာခိုင် နှုန်းရှိခဲ့သော်လည်း ယခု ၂၀၁၈ ခြောက်လတာတွင် ၆ ရာခိုင်နှုန်း ရှိလာမည်ဟု ဆိုထားသည်။
မကွေးတိုင်းဒေသကြီးသည် ၂၀၁၇ ခြောက်လတွင် စီးပွားရေးကျဆင်းခဲ့ပြီး အနုတ် သုည ဒသမ ၅ ရာခိုင်နှုန်းရှိခဲ့သည်။ သို့သော် ၂၀၁၈ ခြောက်လတာကာလတွင် ၇ ဒသမ ၇ ရာခိုင်နှုန်းရှိမည်ဟု အစိုးရကခန့်မှန်းထားသည်။
ထိုသို့ ကျဆင်းခဲ့ခြင်းသည် တိုင်းဒေသကြီးအတွင်း ထုတ်လုပ်မှုတန်ဖိုး လျော့နည်းခြင်းနှင့် ရာသီဥတုကြောင့် ဖြစ်သည်ဟု ဒေါက်တာဝါဝါမောင်က ပြောကြားသည်။
တစ်နိုင်ငံလုံးတွင် စီးပွားရေးတိုးတက်မှုနှုန်းသည် ၇ ဒသမ ၂ ရာခိုင်နှုန်းရှိမည်ဟု အဆိုပါ အမျိုးသားစီမံကိန်းဥပဒေ၌ ဖော်ပြ ထားသည်။
Credit: 7Daydaily