တိုင်းနဲ့ ပြည်နယ် တွေမှာ ပြည်သူ့အိမ်ရာစီမံကိန်းတွေကို အိမ်ရာဘုတ်အဖွဲ့ ဖွဲ့စည်းပြီးဘုတ်အဖွဲ့ကသာ အိမ်ရာဖော်ဆောင်ခြင်းတွေ ၊ ရောင်းချခြင်းတွေ ၊ ပြုလုပ်ဖို့အတွက် စီစဉ်နေကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ၊ ဒုဝန်ကြီးက ပြောကြားခဲ့ပါတယ်။
စီမံကိန်းကို ၂၀၁၉ ခုနှစ် အောက်တိုဘာ ၁ ရက်နေ့က စတင် ပြီး National Housing Board ထူထောင်နိုင်ဖို့ဆောင်ရွက်နေပြီးကနေဦးအနေနဲ့ ရန်ကုန်တိုင်းဒေသကြီးရဲ့ Housing Board ကိုဗိုလ်ချုပ်လမ်းရှိ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမြေညီထပ်မှာဖွင့်လှစ်ဖို့ ပြင်ဆင်နေပြီ ဖြစ်တယ်လို့ သိရပါတယ်။
တိုင်းဒေသကြီးနဲ့ ပြည်နယ် Housing Board တွေက အိမ်ရာတွေကို ဖော်ဆောင်သွားမှာဖြစ်ပြီး ပြည်သူတွေရဲ့ အိမ်ရာလိုအပ်ချက်တွေကိုလည်းသက်ဆိုင်ရာ Housing Board တွေကသာရောင်းချသွားမှာ ဖြစ်ကြောင်းသိရပါတယ်။
Credit: The Modern