ဂျပန် သစ်တောရေးရာ ကုမ္ပဏီတစ်ခုဖြစ်သည့် ဆူမီတိုမို ကုမ္ပဏီ သည် ၂၀၄၁ ခုနှစ်တွင် ကျရောက်မည့် ကုမ္ပဏီနှစ် ၃၅၀ ပြည့် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အတွက် ကမ္ဘာ့အမြင့်ဆုံး သစ်သားမိုးမျှော် တိုက် ကိုဆောက်လုပ်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ မိုးမျှော်တိုက်သည် အထပ်ပေါင်း ၇၀ ရှိမည်ဖြစ်ပြီး သစ် သား ၉၀ ရာခိုင်နှုန်းဖြင့် တည်ဆောက် မည် ဖြစ်သည်။ ကုမ္ပဏီ၏ ပြောကြားချက်အရ W 350 ဟု အမည်ပေးထားသော ၃၅၀ မီတာ အမြင့်ရှိ အဆိုပါ မိုးမျှော်တိုက်တွင် ၁၈၅,၀၀၀ ကုဗယူနစ်ရှိ ပျဉ်များဖြင့် တည်ဆောက်သွားမည်ဖြစ်ပြီး ကုန်ကျ စရိတ်မှာ ဂျပန် ယန်း ဘီလီယံ ၆၀၀ (အမေရိကန်ဒေါ်လာ ၅.၆ ဘီလီယံ) ကုန်ကျမည်ဖြစ်သည်။ W 350 တွင် ရုံးခန်းများ၊ စတိုးဆိုင်များ၊ ဟိုတယ်များနှင့် လူနေအိမ် ၈,၀၀၀ လည်း ပါဝင်မည်ဖြစ်သည်။ ထို့အပြင် အထပ်တိုင်းတွင် လသာဆောင် များနှင့် အလှစိုက်ထားသော သစ်ပင်ပန်းပင်များလည်း ရှိမည် ဖြစ်ကြောင်း သိရသည်။
ဆူမီမိုတိုကုမ္ပဏီ၏ ထုတ်ပြန်ချက်အရ အဆောက် အအုံ၏အတွင်းပိုင်းကို သစ်သားအစစ်များဖြင့် ဆောက်လုပ်မည်ဖြစ် သောကြောင့် အေးဆေးတည်ငြိမ်သော နေရာအကျယ်အ၀န်း၊ နူးညံ့သိမ်မွေ့မှုနှင့် နွေးထွေးမှုတို့ကို ခံစားရမည်ဖြစ်ကြောင်း သိရသည်။ လသာဆောင်များသည် မိုးမျှော်တိုက်၏ လေးဖက်လေးတန်တွင် ရှိမည်ဖြစ် သောကြောင့် အဆိုပါ မိုးမျှော်တိုက်တွင် အလုပ်လုပ်သူများနှင့် နေထိုင်သူများအနေဖြင့် လတ်ဆတ်သော လေကောင်းလေသန့်များနှင့် အစိမ်းရောင် သစ်ရွက်များကို ဖြတ်ပြီး ၀င်ရောက်လာသည့် နေရောင် ခြည်တို့ကို ခံစားနိုင်မည်ဖြစ်သည်။
ဆူမီမိုတိုက W350 ၏ ရည်ရွယ် ချက်မှာ သစ်သားဗိသုကာ တိုးမြှင့်သုံးစွဲခြင်းမှတစ်ဆင့် သဘာဝပတ် ၀န်းကျင်နှင့် ဖော်ရွေပြီး သစ်သားဖြင့် ဆောက်လုပ်သည့် မြို့တော် ကြီးများ ဖန်တီးရန်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဂျပန်နိုင်ငံ၏ သုံးပုံ နှစ်ပုံ သည် သစ်တောများဖြင့် ဖုံးအုပ်လျက်ရှိပြီး ပြည်တွင်း၌ ထုတ်လုပ် သည့် သစ်များအား မိမိဘာသာထောက်ပံ့မှုနှုန်းသည် ၃၀ ရာခိုင်နှုန်းသာ ရှိသည်။
Credit: Tomorrow