ဘင်္ဂလားဒေ့ရှ်ကုမ္ပဏီနှင့် ရိုးမဘဏ်တို့ ပူးပေါင်း၍ အသေးစားချေးငွေများ ထုတ်ချေးမည်

ဘင်္ဂလားဒေ့ရှ်ကုမ္ပဏီနှင့် ရိုးမဘဏ်တို့ ပူးပေါင်း၍ အသေးစားချေးငွေများ ထုတ်ချေးမည် - Property News in Myanmar from iMyanmarHouse.com
12 Mar 2018 10:34 am တွင် တင်ခဲ့သည်
5728 ကြိမ် ကြည့်ရှု့ပြီး
ဘင်္ဂလားဒေ့ရှ်အခြေ စိုက်အသေးစားချေးငွေလုပ်ငန်း ကုမ္ပဏီ BRAC (Myanmar)နှင့် ရိုးမဘဏ်တို့ပူးပေါင်း၍ အိမ် ထောင်စုတစ်ခုလျှင် ကျပ်တစ် သိန်းခွဲမှ ကျပ်သိန်း ၁၀၀ အထိ အသေးစားချေးငွေများထုတ်ပေး မည်ဟု ယင်းကုမ္ပဏီနှစ်ခုက သတင်းထုတ်ပြန်သည်။

အဆိုပါချေးငွေအတွက် မြေ နှင့်အိမ်ရာ စသည့် အပေါင်ပစ္စည်း မလိုအပ်သလို ချေးငွေထုတ်ပေး သည့် စံနှုန်းအသစ်ဖြစ်ကြောင်း အဆိုပါကြေညာချက်တွင် ပါဝင် သည်။

‘‘မြန်မာနိုင်ငံမှာရှိတဲ့ အသေးစားစီးပွားရေးလုပ်ငန်းရှင် အမျိုး သမီးတွေအတွက် ကူညီထောက် ပံ့ပေးတာတွေ တိုးမြှင့်လုပ်ဆောင် ဖို့ပါ’’ ဟု ရိုးမဘဏ်ဥက္ကဋ္ဌနှင့်အမှု ဆောင်အရာရှိချုပ်၏အထူးအကြံ ပေး Hal Bosher က ပြောကြားသည်။

အဆိုပါချေးငွေအတွက် ရိုးမဘဏ်က BRAC သို့ ကျပ်နှစ်ဘီ လီယံထုတ်ချေးမည်ဖြစ်ပြီး စုစု ပေါင်းအိမ်ထောင်စု ၄,၀၀၀ အ တွက် ချေးငွေထုတ်ပေးမည်ဟု အဆိုပါကြေညာချက်တွင် ဖော် ပြသည်။

အထက်ပါချေးငွေအတွက် ရိုးမဘဏ်နှင့် BRAC တို့ကြား သဘောတူစာချုပ်ကို ဖေဖော်ဝါရီ ၂၁ ရက်တွင် ချုပ်ဆိုခဲ့သည်။ BRAC သည် အမျိုးသမီးများအ တွက် အသေးစားချေးငွေ ထုတ် ချေးသည့် ကုမ္ပဏီဖြစ်သည်။

‘‘ရိုးမဘဏ်နဲ့ BRAC အကြား ပူးပေါင်းဆောင်ရွက်မှုဟာ မြန်မာ နိုင်ငံမှာ အားလုံးပါဝင်နိုင်တဲ့ ငွေ ကြေးကဏ္ဍကို တည်ဆောက်မှုအ တွက် အချိန်ကိုက်ခြေလှမ်းတစ်ခု ဖြစ်ပါတယ်’’ဟု BRAC ၏မြန်မာ ကိုယ်စားလှယ် ATM Tariqual Islam က ပြောသည်။

အဆိုပါ ချေးငွေကို ရိုးမဘဏ်သည် ပြည်တွင်းရှိ အသေး စားလုပ်ငန်းများအတွက် LIFT (Livelihoods and Food SecurityTrust Fund)၏ ပံ့ပိုးမှုဖြင့် ထုတ် ချေးခြင်းဖြစ်သည်။

BRAC ကို ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင် ၁၉၇၂ က တည်ထောင်ခဲ့ပြီး နိုင်ငံ ၁၁ နိုင်ငံ၌ ရုံးခွဲများ ဖွင့်လှစ်ထားသည်။

ယင်းကုမ္ပဏီသည် ရန်ကုန်၊ ပဲခူး၊ မန္တလေး၊ နေပြည်တော်နှင့် စစ်ကိုင်းတို့တွင် ကိုယ်စားလှယ်ရုံး ခွဲများဖွင့်လှစ်ထားပြီး ကန်ဒေါ်လာ ၃၅ သန်းထုတ်ချေးပြီးဖြစ်သည်။

Credit: 7DayDaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှိသည်ကို ၇ နှစ်ကြာမှ သိလိုက်ရသည့် ဖြစ်ရပ် လူမှုကွန်ရက်တွင် ဟိုးလေးတကျော် ဖြစ်နေ...

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...

နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်

ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ

အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်

Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယ

လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်

စင်္ကာပူတွင် လူသွားလမ်း ရေမြောင်းပေါက်အတွင်း တံထွေးထွေးသော ကမ္ဘာလှည့်ခရီးသည်တစ်ဦး ကန်ဒေါ်လာ ၂၂၀ ဒဏ်ရိုက်ခံရ၊ ဒဏ်ငွေ ချက်

တရုတ်ပြည်တွင် လမ်းဖောက်လုပ်ရာ လမ်းကြောင်းမလွတ်သော နေအိမ်တစ်လုံးကို အစိုးရက ယွမ် ၁ ဒသမ ၆ သန်း (ကန်ဒေါ်လာ ၂၂၄၀၀၀) လျော်ကြေ

ဂျပန်နိုင်ငံတွင် စွန့်ပစ်ထားသော နေအိမ်ပေါင်း ၂၀၀ ကို ဝယ်ယူခဲ့ကာ ပြန်လည် အငှားချထားခြင်းဖြင့် နှစ်စဉ်ဝင်ငွေ ဒေါ်လာ ၉၀၀,၀၀

Shwe Moe Kaung
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service