ဆောက်လုပ်ဆဲတိုက်ခန်းတွေရဲ့ ပြီးစီးမှုနဲ့ အရစ်ကျစနစ်များ

ဆောက်လုပ်ဆဲတိုက်ခန်းတွေရဲ့ ပြီးစီးမှုနဲ့ အရစ်ကျစနစ်များ - Property News in Myanmar from iMyanmarHouse.com
9 Mar 2018 12:34 pm တွင် တင်ခဲ့သည်
5105 ကြိမ် ကြည့်ရှု့ပြီး
ဆောက်လုပ်ဆဲတိုက်ခန်းတွေရဲ့ အရစ်ကျငွေပေးချေမှုနဲ့ ဆောက်လုပ်ပြီးစီးမှုအခြေအနေကို Myanmar Builders Guide က သိရပါတယ်။

နန္ဒာဝန် တန်ဖိုးသင့်အိမ်ရာ

နန္ဒာဝန်တန်ဖိုးသင့် အိမ်ရာစီမံကိန်းကို အရစ်ကျစနစ် ပထမနှစ်ကို အတိုးမဲ့ဖြစ်ပြီး ဒုတိယနှစ်မှာ ၁၃ရာခိုင်နှုန်း ပေးချေရမှာ ဖြစ်တယ်လို့ သိရပါတယ်။

ငွေပေးချေမှုစနစ်မှာ စာချူပ် ချူပ်ဆိုပြီးပြီးချင်း ၁၀ရာခိုင်နှုန်း၊ တစ်လအကြာမှာ နောက်ထပ် ၁၀ရာခိုင်နှုန်း ပေးချေရမှာဖြစ်ပြီး ကျန်ငွေ ၇၀ရာခိုင်နှုန်းကို နှစ်နှစ်အရစ်ကျပေးချေရမှာ ဖြစ်ပါတယ်။

ပရောဂျက်ကို ၅၁ပေ x ၁၀၇ပေ ကျယ်ဝန်းတဲ့ မြေပေါ်မှာ ပိုင်ဖောင်ဒေးရှင်းနဲ့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ တစ်လွှာကို လေးခန်းပါဝင်တဲ့ ငါးထပ်တိုက်နှစ်လုံးကို ပရောဂျက်မှာ ထည့်သွင်းဆောက်လုပ်မှာ ဖြစ်ပါတယ်။ အခန်းအကျယ်အ၀န်းမှာ စတုရန်းပေ ၅၁၅ပေဖြစ်ပါတယ်။ အခန်းဈေးနှုန်းမှာ မြေညီထပ်ကို ကျပ်၂၄၃သိန်းနဲ့ ငါးလွှာကို ကျပ် ၁၇၁သိန်း ဖြစ်တယ်လို့ သိရပါတယ်။ အခန်းတစ်ခန်းကို ကားတစီးရပ်နားနိုင်တဲ့ ကားပါကင်ပါဝင်မှာ ဖြစ်ပါတယ်။

ပရောဂျက်ကို ကျောက်ကာလမ်းဘေး၊ မုံရွာစီးပွားရေး တက္ကသိုလ်အနောက်ဘက်၊ နန္ဒာဝန် အိမ်ရာရပ်ကွက်၊ မုံရွာမြို့နယ်မှာ ဆောက်လုပ်နေကြောင်းသိရပါတယ်။ စီမံကိန်းကို ၂၀၁၅ခုနှစ် ဇွန်လမှာ စတင်ပြီး ၂၀၁၉ခုနှစ် ဖေဖော်ဝါရီလမှာ ပြီးစီးမယ်လို့ ခန့်မှန်းကြောင်း သိရပါတယ်။ ပရောဂျက်ကို Original Group ဒီဇိုင်းအဖွဲ့က ဒီဇိုင်းဆွဲပြီး Original Group ကတာဝန်ယူ ဆောက်လုပ်ခြင်း ဖြစ်ပါတယ်။

အမှတ် ၉၇၉

အမှတ် ၉၇၉၊ Apartmentရဲ့ ငွေပေးချေမှုစနစ်က ၃၀ရာခိုင်နှုန်း လက်ငင်းပေးချေရမှာ ဖြစ်ပြီး ကျန်ရှိတဲ့ငွေကို ကမ္ဘောဇဘဏ် ဒါမှမဟုတ် စီဘီဘဏ်နဲ့ ချိတ်ဆက်ပြီး ငါးနှစ်အရစ်ကျ ပေးချေရမှာ ဖြစ်ကြောင်း သိရပါတယ်။

အထပ်ပေါင်းခြောက်ထပ်ရှိပြီး တစ်လွှာကို လေးခန်းပါဝင်ပါတယ်။ အခန်းအကျယ်အ၀န်းမှာ ၄၂ပေ x ပေ ၃၀လေး လက်မဖြစ်ပါတယ်။ တစ်ခန်းကို ကားတစ်စီးရပ်နားနိုင်တဲ့ ကားပါကင် မြေညီထပ်မှာ ထားရှိပါတယ်။
အခန်းဈေးနှုန်းမှာ နှစ်လွှာကို ကျပ်သိန်း ၁၅၀၀၊ ငါးလွှာကို ကျပ်သိန်း ၁၃၀၀၊ ခြောက်လွှာကို ကျပ်သိန်း ၁၂၀၀ဖြစ်ကြောင်းသိရပါတယ်။

ပရောဂျက်ကို မာဃ(၁၂)လမ်း၊ ၁၂ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့မှာ ဆောက်လုပ်မှာဖြစ်ပြီး ၂၀၁၈ခုနှစ် မေလမှာ စတင်ပြီး ၂၀၁၉ မေလမှာ ပြီးစီးမယ်လို့ ခန့်မှန်းထားကြောင်းသိရပါတယ်။

ပရောဂျက်ကို Sun Myat Tun Construction က တာဝန်ယူဆောက်လုပ်ထားကြောင်း သိရပါတယ်။ ရှစ်ယောက်စီး ဓာတ်လှေကားတစ်စီး၊ ကိုယ်ပိုင်မီတာ၊ ကိုယ်ပိုင်မော်တာ၊ အရန်မီးစက်နဲ့ ထရန်စဖော်တစ်လုံး၊ တိုက်ခန်းလုံခြုံရေးစနစ်စတဲ့ Facilitiesတွေ ပါဝင်ပါတယ်။

Credit: Myanmar Builders Guide
ဆောက်လုပ်ဆဲတိုက်ခန်းတွေရဲ့ ပြီးစီးမှုနဲ့ အရစ်ကျစနစ်များ - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှိသည်ကို ၇ နှစ်ကြာမှ သိလိုက်ရသည့် ဖြစ်ရပ် လူမှုကွန်ရက်တွင် ဟိုးလေးတကျော် ဖြစ်နေ...

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...

နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘီလ်ဂိတ်က အိမ်တွင် သားသမီးများ မရှိတော့ဘဲ တစ်ယောက်တည်း အထီးကျန်နေသော်လည်း ရေချိုးခန်း ၂၄ ခန်းပါ အလွန်ကြီးမားလှသည့် စံအိမ

ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျ

တရုတ်ပြည်တွင် ဆောက်လုပ်ရေးပစ္စည်းထုတ်လုပ်သော ကုမ္ပဏီတစ်ခုက နှစ်ကုန်ပါတီပွဲတွင် ဝန်ထမ်းများအား ငွေစက္ကူ ရေတွက်ပွဲအဖြစ် ယွ

ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်

ဂျပန်နိုင်ငံတွင် စွန့်ပစ်ထားသော နေအိမ်ပေါင်း ၂၀၀ ကို ဝယ်ယူခဲ့ကာ ပြန်လည် အငှားချထားခြင်းဖြင့် နှစ်စဉ်ဝင်ငွေ ဒေါ်လာ ၉၀၀,၀၀

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ

တရုတ်ပြည်တွင် လမ်းဖောက်လုပ်ရာ လမ်းကြောင်းမလွတ်သော နေအိမ်တစ်လုံးကို အစိုးရက ယွမ် ၁ ဒသမ ၆ သန်း (ကန်ဒေါ်လာ ၂၂၄၀၀၀) လျော်ကြေ

ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခ

လေယာဉ်မယ်ဟောင်း ယန်ယန်ရှီ၏ ဘဝဖြတ်သန်းမှုမှာ တရုတ်ပြည်မကြီး လူမှုကွန်ရက်တွင် အလွန်နာမည်ကြီးနေသည်။

ဆွေးနွေးအဖြေရှာ ဥပဒေရေးရာ
ဆွေးနွေးအဖြေရှာ ဥပဒေရေးရာ
Royal Theikdi Condo
Shwe Moe Kaung

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service