လော့စ်အိန်ဂျလိတွင် နေထိုင်သူ ၇၅ ရာခိုင်နှုန်းမှာ နေအိမ်ဝယ်ယူနိုင်ခြင်း မရှိဟုဆို

လော့စ်အိန်ဂျလိတွင် နေထိုင်သူ ၇၅ ရာခိုင်နှုန်းမှာ နေအိမ်ဝယ်ယူနိုင်ခြင်း မရှိဟုဆို - Property News in Myanmar from iMyanmarHouse.com
9 Mar 2018 11:01 am တွင် တင်ခဲ့သည်
4564 ကြိမ် ကြည့်ရှု့ပြီး
အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ လော့စ်အိန်ဂျလိမြို့တွင် နေထိုင်သူ ၇၅ ရာခိုင်နှုန်းမှာ နေအိမ်ဝယ်ယူနိုင်ကြခြင်း မရှိဟုဆိုသည်။

လော့စ်အိန်ဂျလိတွင် နေအိမ်တစ်လုံးဝယ်ယူနိုင်ရန်အတွက် ဂဏန်း ၆ လုံးခန့် ဝင်ငွေလိုအပ်၏။

လော့စ်အိန်ဂျလိ နေအိမ်ဈေးနှုန်းများမျာ နေထိုင်သူအများစု လက်လှမ်းမီသည့် ပမာဏထက် လျင်မြန်စွာ ကျော်လွန်လာနေကြောင်း ကယ်လီဖိုးနီးယားအိမ်ခြံမြေအကျိုးဆောင်များအသင်း၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

အစီရင်ခံစာတွင် ဖော်ပြထားသောတွေ့ရှိချက်အရ လော့စ်အိန်ဂျလိတွင် အလယ်လတ်စားဈေးနှုန်းရှိနေအိမ်များကို နေထိုင်သူများ၏ ၄ ပုံ ၁ ပုံကသာ ဝယ်ယူနိုင်ကြသည်ဟု ဆိုသည်။

ယင်းအစီရင်ခံစာ၏ အိမ်ခြံမြေဈေးနှုန်းသင့်တင့်မှု ညွှန်းကိန်းတွင် ဖော်ပြချက်အရ ၂၀၁၇ ခုနှစ်၊ စတုတ္ထ ၃ လပတ်ကာလတွင် လော့စ်အိန်ဂျလိပျှမ်းမျှနေအိမ်ဈေးနှုန်းမှာ ကန်ဒေါ်လာ ၅၅၃၃၃၀ ဖြစ်သည်ဟု ဆို၏။

အိမ်ခြံမြေအခွန်နှင့် အာမခံကြေးများ ပေါင်းလိုက်လျှင် ဝယ်လက်တို့အတွက် လစဉ် ကန်ဒေါ်လာ ၂၇၉၀ ခန့် ကုန်ကျမည်ဖြစ်သည်။

အထက်ပါ ကိန်းဂဏန်းများအရ နေအိမ်ဝယ်ယူမည့်သူများအနေဖြင့် ဝင်ငွေလစာမှာ ကန်ဒေါ်လာ ၁၁၁၇၃၀ ခန့် အနည်းဆုံးရှိရဖြစ်ပြီး သို့မှသာ ကြီးမားသည့်ဝန်ထုပ်ဝန်ပိုးတစ်ရပ် ဖြစ်စေခြင်းမှ ကျော်လွှားနိုင်မည် ဖြစ်သည်။

အဆိုပါဝင်ငွေဖြင့်ပင်လျှင် ဝင်ငွေ၏ ၃ ပုံ ၁ ပုံမှာ နေအိမ်ဝယ်ယူမှုအတွက် အသုံးပြုရမည် ဖြစ်သည်။

လော့စ်အိန်ဂျလိတွင် နေထိုင်သူများအနက် ၇၅ ရာခိုင်နှုန်းမှာ ထိုမျှဝင်ငွေ မရှိကြချေ။

မကြာသေးမီနှစ်များအတွင်း လော့စ်အိန်ဂျလိတွင် နေအိမ်ဝယ်ယူနိုင်ရန် ပိုမိုခက်ခဲလာသည်။

၂၀၁၂ ခုနှစ်အချက်အလက်များကို ကြည့်မည်ဆိုလျှင် လော့စ်အိန်ဂျလိတွင် နေထိုင်သူ ထက်ဝက်ကျော်မှာ နေအိမ်ဝယ်ယူလိုပါက ဝင်ငွေ၏ ထက်ဝက်ခန့်ကို အသုံးပြုရမည် ဖြစ်သည်။

ယင်းနောက်ပိုင်းတွင်ကား ဈေးနှုန်များ အလွန်ထိုးတက်လာရာ ဝင်ငွေဖြင့် လက်လှမ်းမမှီသည့် အနေအထားအထိ ရောက်ရှိလာခဲ့သည်။

၂၀၁၂ ခုနှစ်က အလယ်အလတ်စားဈေးနှုန်းရှိ နေအိမ်တစ်လုံးဝယ်ယူရန် ဝင်ငွေလစာ ကန်ဒေါ်လာ ၅၃၇၈၀ ရှိရမည်ဖြစ်ပြီး ယနေ့ကာလတွင်မူ ဒေါ်လာ ၁၀၀၂၁၀ အနည်းဆုံးရှိရတော့မည် ဖြစ်သည်။

ဝယ်ယူလိုသူများအနေဖြင့် လက်ငင်းပေးချေရမည့်ငွေ ကန်ဒေါ်လာ ၉၄၀၆၆ ရရှိရန် ဦးစွာစုဆောင်းရမည်ဖြစ်ပြီး ယင်းနောက်ပိုင်းတွင် တစ်လလျှင် ကန်ဒေါ်လာ ၂၄၀၀ အိမ်ဖိုးပေးသွင်းရမည် ဖြစ်သည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
လော့စ်အိန်ဂျလိတွင် နေထိုင်သူ ၇၅ ရာခိုင်နှုန်းမှာ နေအိမ်ဝယ်ယူနိုင်ခြင်း မရှိဟုဆို - Property News in Myanmar from iMyanmarHouse.com
လော့စ်အိန်ဂျလိတွင် နေထိုင်သူ ၇၅ ရာခိုင်နှုန်းမှာ နေအိမ်ဝယ်ယူနိုင်ခြင်း မရှိဟုဆို - Property News in Myanmar from iMyanmarHouse.com
လော့စ်အိန်ဂျလိတွင် နေထိုင်သူ ၇၅ ရာခိုင်နှုန်းမှာ နေအိမ်ဝယ်ယူနိုင်ခြင်း မရှိဟုဆို - Property News in Myanmar from iMyanmarHouse.com
လော့စ်အိန်ဂျလိတွင် နေထိုင်သူ ၇၅ ရာခိုင်နှုန်းမှာ နေအိမ်ဝယ်ယူနိုင်ခြင်း မရှိဟုဆို - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှိသည်ကို ၇ နှစ်ကြာမှ သိလိုက်ရသည့် ဖြစ်ရပ် လူမှုကွန်ရက်တွင် ဟိုးလေးတကျော် ဖြစ်နေ...

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...

နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် ဆောက်လုပ်ရေးပစ္စည်းထုတ်လုပ်သော ကုမ္ပဏီတစ်ခုက နှစ်ကုန်ပါတီပွဲတွင် ဝန်ထမ်းများအား ငွေစက္ကူ ရေတွက်ပွဲအဖြစ် ယွ

အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်

ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်

လေယာဉ်မယ်ဟောင်း ယန်ယန်ရှီ၏ ဘဝဖြတ်သန်းမှုမှာ တရုတ်ပြည်မကြီး လူမှုကွန်ရက်တွင် အလွန်နာမည်ကြီးနေသည်။

မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး

အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ

ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ

တရုတ်ပြည်တွင် လမ်းဖောက်လုပ်ရာ လမ်းကြောင်းမလွတ်သော နေအိမ်တစ်လုံးကို အစိုးရက ယွမ် ၁ ဒသမ ၆ သန်း (ကန်ဒေါ်လာ ၂၂၄၀၀၀) လျော်ကြေ

ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်

Shwe Moe Kaung
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service