ရခိုင်ပြည်နယ်အ တွင်းရှိ တည်ဆောက်ရေးလုပ်ငန်းများ၏ အရည်အသွေးလက်ရှိ အခြေနေထက် ပိုမိုကောင်းမွန် လာစေရေး ထိန်းကျောင်းကြပ် မတ်ပေးရန် ပြည်နယ်အစိုးရထံ တိုက်တွန်းသည့် အဆိုကို ဆွေးနွေးရန် ပြည်နယ်လွှတ်တော်က ဆုံးဖြတ်သည်။
ယင်းအဆိုကို မတ်လ၈ရက် တွင်ကျင်းပသည့် ရခိုင်ပြည်နယ် လွှတ်တော်အစည်းဝေး၌ အမ်း မဲဆန္ဒနယ်အမှတ်(၂)မှ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးခင် မောင်ဌေး ကတင်သွင်းခဲ့ပြီး ပြည် နယ်လွှတ်တော်က ဆက်လက်ဆွေးနွေးရန် ထောက်ခံအတည် ပြုခဲ့သည်။
ဌာနဆိုင်ရာတည်ဆောက် ရေးလုပ်ငန်းများကို ပြည်နယ်အစိုးရက တာဝန်ခံရသဖြင့် အစိုးရ အနေဖြင့် ဌာနဆိုင်ရာအသီးသီးမှ စီမံဆောင်ရွက်သော တည်ဆောက်ရေး လုပ်ငန်းများ၏ အရည်အသွေးကို ယခုထက်ပိုမို ထိန်းကျောင်းကြပ်မတ် ပေးရန် လိုအပ်နေကြောင်း အဆိုရှင်က ပြောသည်။
လက်ရှိတည်ဆောက်ရေး လုပ်ငန်းများဆောင်ရွက်ရာတွင် ငွေကြေးပိုမိုကုန်ကျမှု ရှိနေသော်လည်း အရည်အသွေးသည်တိုးတက်လာမှုမရှိဘဲနိုင်ငံတော် ဘဏ္ဍာငွေများသာ ဆုံးရှုံးနေရကြောင်း အဆိုတွင်ဖော်ပြထားသည်။
မတ်လ၈ရက်တွင် ကျင်းပသည့် ပြည်နယ်လွှတ်တော် အစည်းအဝေး၌ ဒေသဖွံ့ဖြိုးရေးဆိုင်ရာ မေးခွန်းအချို့ကို မေးမြန်း ဖြေကြားသည်။
Credit: 7Daydaily