၂၀၁၈ မှ ၂၀၂၂ အတွင်း ဂျပန်မှ ချေးငွေရယူပြီး အိမ်ရာဝယ်ယူလိုသူများကို ငွေပြန်လည်ချေးမည်

၂၀၁၈ မှ ၂၀၂၂ အတွင်း ဂျပန်မှ ချေးငွေရယူပြီး အိမ်ရာဝယ်ယူလိုသူများကို ငွေပြန်လည်ချေးမည် - Property News in Myanmar from iMyanmarHouse.com
8 Mar 2018 12:24 pm တွင် တင်ခဲ့သည်
6212 ကြိမ် ကြည့်ရှု့ပြီး
ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ(JICA) ထံမှ
ယန်း ၁၅ ဘီလျံကို အခြေခံပြည်သူများ အိမ်ဝယ်ယူနိုင်ရန် ငွေထုတ်ချေးရန်အတွက် ၂၀၁၈မှ ၂၀၂၂ အတွင်း ရယူသွားမည်ဖြစ်ကြောင်းဆောက်
လုပ်ရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။

မိသားစုဝင်ငွေစုစုပေါင်း၏ ၃၀ ရာခိုင်နှုန်း ထက်မကျော်သော ပမာဏ လစဉ်ပေးသွင်းရုံဖြင့် ရယူနိုင်မည့် ချေးငွေဖြင့်တန်ဖိုးနည်းနှင့် တန်ဖိုးသင့်အိမ်ခန်းများကို ပြည်သူများ ဝယ်ယူနိုင်ရန် အဆိုပါချေးငွေများကို ရယူသွားမည်ဖြစ်သည်။

ချေးငွေများကို ဂျပန်မှ ရယူရန် ပြည်ထောင်စုလွှတ်တော်ထံ တင်ပြပြီး
အတည်ပြုချက်ရယူနိုင်ခဲ့ပြီဖြစ်သည်။

အတိုးနှုန်း ၀ ဒသမ ၀၀၁ ရာခိုင်နှုန်းဖြင့် နှစ် ၄၀ ပေးဆပ်ရမည့် JICA ၏ ချေးငွေကို ၂၀၁၈ မှ ၂၀၂၂ ခုနှစ် အတွင်းရယူဆောင်ရွက်မည့် ယင်းအစီအမံကို ပြည်ထောင်စုလွှတ်တော်၌ မဲခွဲရာ ကန့်ကွက်မဲ လေးမဲ၊ ကြားနေမဲ နှစ်မဲရှိပြီး အမတ် ၄၅၀ ဦးက ထောက်ခံသဖြင့် အတည်ပြုနိုင်ခဲ့သည်။

အဆိုပါချေးငွေကို ပြီးခဲ့သည့်နှစ်ထဲကရယူနိုင်ရန် ဆောက်လုပ်ရေးဝန်ကြီးဌာနကကြိုးပမ်းနေခြင်းဖြစ်သည်။

ချေးငွေများရရှိပါကအိမ်ရာဝယ်ယူခွင့်အတွက် ငွေချေးခြင်းအပြင် တန်ဖိုးနည်းအိမ်ရာများဆောက်လုပ်ရာတွင် လည်းအသုံးပြုရန် ရည်ရွယ်ထားသည်။

အိမ်ရာဝယ်ယူခွင့်ရရှိရန် ချေးယူခွင့်ရှိသူ၊ ထုတ်ချေးမည့်ပုံစံ၊ ပြန်လည်ပေးဆပ်ရမည့်နည်းလမ်း၊ ပြန်လည်ပေးဆပ်နိုင်ခြင်းမရှိပါက မည်သို့ အရေးယူဆောင်ရွက်မည်နှင့် အခြားထည့်သွင်း သတ်မှတ်ရန်ကိစ္စများကို စီမံကိန်းဦးဆောင်ကော်မတီနှင့် JICA တို့ ပူးပေါင်းရေးဆွဲနေဆဲအဆင့်သာရှိသေးကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

နေးရှင်းမြန်မာ မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှိသည်ကို ၇ နှစ်ကြာမှ သိလိုက်ရသည့် ဖြစ်ရပ် လူမှုကွန်ရက်တွင် ဟိုးလေးတကျော် ဖြစ်နေ...

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...

နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

TikTok လူမှုကွန်ရက်မှာ နာမည်ကြီးနေတဲ့ ထူးဆန်းသော အိမ်ခြံမြေကြော်ငြာတစ်ခုအကြောင်း

မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယ

အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်

တရုတ်ပြည်တွင် လမ်းဖောက်လုပ်ရာ လမ်းကြောင်းမလွတ်သော နေအိမ်တစ်လုံးကို အစိုးရက ယွမ် ၁ ဒသမ ၆ သန်း (ကန်ဒေါ်လာ ၂၂၄၀၀၀) လျော်ကြေ

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ
တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ
ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ
ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ
တရုတ်ပြည်တွင် ဆောက်လုပ်ရေးပစ္စည်းထုတ်လုပ်သော ကုမ္ပဏီတစ်ခုက နှစ်ကုန်ပါတီပွဲတွင် ဝန်ထမ်းများအား ငွေစက္ကူ ရေတွက်ပွဲအဖြစ် ယွ

ချစ်သူက ပြည့်တန်ဆာဘဝသို့ သွတ်သွင်းခြင်းခံလိုက်ရသော ဘောလိဝုဒ်ကြယ်ပွင့် ရုပ်ရှင်မင်းသမီး၏ ကြေကွဲဖွယ်ဘဝဇာတ်ကြောင်း

ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည်

Royal Theikdi Condo
Shwe Moe Kaung

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service