ရတနာပုံဆိုက်ဘာစီးတီးတွင် ရင်းနှီးမြှုပ်နှံရန် ပြည်တွင်းပြည်ပကုမ္ပဏီ ၁၄ ခု လျှောက်ထား

ရတနာပုံဆိုက်ဘာစီးတီးတွင် ရင်းနှီးမြှုပ်နှံရန် ပြည်တွင်းပြည်ပကုမ္ပဏီ ၁၄ ခု လျှောက်ထား - Property News in Myanmar from iMyanmarHouse.com
8 Mar 2018 11:15 am တွင် တင်ခဲ့သည်
4868 ကြိမ် ကြည့်ရှု့ပြီး
ပြင်ဦးလွင်မြို့နယ်အတွင်း အကောင်အထည်ဖော်ဆောင်နေသော ရတနာပုံဆိုက်ဘာစီးတီးတွင် ရင်းနှီးမြှုပ်နှံလိုသည့် ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ ၁၄ ခု လာရောက်လျှောက်ထားပြီးဖြစ်ကြောင်း မန္တလေးတိုင်း မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနမှ အကြီးတန်းအရာရှိက ပြောကြားသည်။

ရတနာပုံဆိုက်ဘာစီးတီးတွင် ရင်းနှီးမြှုပ်နှံလိုသည့် ကုမ္ပဏီများကို စိတ်ဝင်စားမှုအဆိုပြုလွှာ (EOI) များ တင်သွင်းရန် ဖေဖော်ဝါရီလဆန်းပိုင်းက ဖိတ်ခေါ်ခဲ့ကြောင်း၊ လျှောက်ထားသည့်ကုမ္ပဏီ ၁၄ ခုအနက် ပြည်တွင်းကုမ္ပဏီအမည်ခံ၍ လျှောက်ထားသည့် တောင်ကိုရီးယားနှင့် တရုတ်ကုမ္ပဏီများပါဝင်ကြောင်း ၎င်းက ပြောဆိုသည်။

ဧကတစ်သောင်းခန့် ကျယ်ဝန်းသည့် အဆိုပါစီမံကိန်းကို အပိုင်းသုံးပိုင်းခွဲ၍ ဆောင်ရွက်မည်ဖြစ်ရာ အပိုင်း ၁ နှင့် အပိုင်း ၃ ကို ပြည်ထောင်စုအစိုးရအဖွဲ့က အကောင်အထည်ဖော်ဆောင်၍ အပိုင်း ၂ ကို မန္တလေးတိုင်းအစိုးရအဖွဲ့က ဆောင်ရွက်မည်ဖြစ်သည်။

ယခုဖိတ်ခေါ်ထားသည့် အဆိုပြုလွှာများသည် ပြည်ထောင်စုအစိုးရအဖွဲ့က ဆောင်ရွက်မည့်အပိုင်းများတွင် ရင်းနှီးမြှုပ်နှံရန်ဖိတ်ခေါ်နေခြင်း ဖြစ်သည်။

စီမံကိန်း၏ အပိုင်း ၁ နှင့် အပိုင်း ၃ နေရာသည် ဧက ၇၀၀၀ ခန့်ကျယ်ဝန်းပြီး အိုင်တီနည်းပညာ၊ စိုက်ပျိုးရေးစီမံကိန်း၊ စီးပွားရေးလုပ်ငန်းများ၊ ကျန်းမာရေး၊ ပညာရေးဝန်ဆောင်မှုလုပ်ငန်းများနှင့် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းအခြေပြုမြို့အဖြစ် အကောင်အထည်ဖော်ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ရင်းနှီးမြှုပ်နှံလိုသူများအနေနှင့် စိတ်ဝင်စားမှုအဆိုပြုလွာ (EOI) ကို မတ်လ ၃၁ ရက် နောက်ဆုံးထားတင်သွင်းနိုင်ကြောင်း မန္တလေးတိုင်းမြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၏ ထုတ်ပြန်ချက်များအရသိရသည်။

ရတနာပုံဆိုက်ဘာစီးတီးသည် ပြင်ဦးလွင်မြို့ မန္တလေး - လားရှိုးလမ်းမကြီး ဘေး ၂၁ မိုင်အနီးတွင် တည်ရှိကာ လူမှုစီးပွားဖွံ့ဖြိုးရေး၊ မြို့ပြဖွံ့ဖြိုးရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအခြေခံသည့် Green, Clean and Smart City အဖြစ်အပိုင်းလိုက် အကောင်အထည်ဖော်ဆောင်ရန် မန္တလေးတိုင်းအစိုးရအဖွဲ့က စီစဉ်ထားသည်။

Credit: The Voice

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှိသည်ကို ၇ နှစ်ကြာမှ သိလိုက်ရသည့် ဖြစ်ရပ် လူမှုကွန်ရက်တွင် ဟိုးလေးတကျော် ဖြစ်နေ...

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...

နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော

လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်

ဂျပန်နိုင်ငံတွင် စွန့်ပစ်ထားသော နေအိမ်ပေါင်း ၂၀၀ ကို ဝယ်ယူခဲ့ကာ ပြန်လည် အငှားချထားခြင်းဖြင့် နှစ်စဉ်ဝင်ငွေ ဒေါ်လာ ၉၀၀,၀၀

၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး

တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်

ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား

Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့

ချစ်သူက ပြည့်တန်ဆာဘဝသို့ သွတ်သွင်းခြင်းခံလိုက်ရသော ဘောလိဝုဒ်ကြယ်ပွင့် ရုပ်ရှင်မင်းသမီး၏ ကြေကွဲဖွယ်ဘဝဇာတ်ကြောင်း

ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ

ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျ

imyanmarmarket
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service