ရန်ကုန်မြို့ရှိ အငြိမ်းစားဝန်ထမ်းများအတွက် ၂၀၂၁ခုနှစ် မတိုင်မီ တန်ဖိုးသင့် အိမ်ခန်းပေါင်း တစ်သောင်း ခန့်ရောင်းချပေးရန် ဝန်ကြီးဌာန စီစဉ်နေ

ရန်ကုန်မြို့ရှိ အငြိမ်းစားဝန်ထမ်းများအတွက် ၂၀၂၁ခုနှစ် မတိုင်မီ တန်ဖိုးသင့် အိမ်ခန်းပေါင်း တစ်သောင်း ခန့်ရောင်းချပေးရန် ဝန်ကြီးဌာန စီစဉ်နေ - Property News in Myanmar from iMyanmarHouse.com
8 Mar 2018 10:45 am တွင် တင်ခဲ့သည်
5823 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်မြို့ရှိ အိုးပိုင်၊ အိမ်ပိုင်မရှိသည့် ပြည်သူ့ဝန်ထမ်း၊ နိုင်ငံ့ဝန်ထမ်းနှင့် နိုင်ငံတော်တာဝန်များကို ထမ်းဆောင်နေသော ပုဂ္ဂိုလ်များအတွက် အငြိမ်းစားယူပြီးပါက နေထိုင်နိုင်ရန် ၂၀၂၁ ခုနှစ်မတိုင်မီ တန်ဖိုး သင့် အိမ်ခန်းပေါင်း တစ်သောင်းခန့်ကို ရောင်းချပေးသွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးကျော်လင်းက ပြောကြားလိုက်သည်။

မတ်လ ၆ရက်နေ့က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေး၌ အိမ်ရာဖွံ့ဖြိုးရေးစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက် ဂျပန်နိုင်ငံ၊ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ( JICA )မှ ချေးယူမည့် ဂျပန်ယန်း ၁၅ဘီလီယံနှင့် ပတ်သက်ပြီး ရှင်းလင်းရာတွင် ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

အထက်ပါ ချေးယူမည့်ငွေဖြင့် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်အပြင် ပုဇွန်တောင်မြို့နယ်၊ စက်ဆန်းရပ်ကွက် ရှိမြေ ရဒသမ ၆၉၈နှင့် ၆ဒသမ ၈၈ ဧက၊ မရမ်းကုန်းမြို့နယ်၊ စွယ်တော်မြတ်စေတီအနီးရှိ စီးပွား/ ကူးသန်းဝန်ကြီးဌာနမြေ ၂ဝဧက၊ သုဝဏ္ဏ၊ ကြည့်မြင်တိုင်၊ အလုံနှင့် အုတ်ကျင်း မြစ်ကမ်းဘေးရှိ သစ်စက် ဧရိယာမြေနေရာများနှင့် အင်းစိန်လမ်းမဘေးရှိ သတ္တုတွင်းမြေ ၂ဝဧကခန့်တို့တွင် အိမ်ရာစီမံကိန်း အကောင်အထည်ဖော်ရန် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ညှိနှိုင်းဆောင်ရွက်နေကြောင်း ဒုတိယဝန်ကြီး က ဆိုသည်။

အဆိုပါမြေနေရာများတွင် အထပ်မြင့်အိမ်ရာများအဖြစ်ပြောင်းလဲ တည်ဆောက်သွားမည်ဖြစ်ပြီး အောက်ထပ် ၄လွှာကို Commercial အခန်းများအဖြစ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

အိမ်ခန်းဝယ်ယူလိုသူများက ငွေကြေးမလုံလောက်သည့်အတွက် ဝယ်ယူသည့် အိမ်ခန်းကို အပေါင်ထားပြီး နှစ်ရှည်ချေးငွေဖြင့် ဝယ်ယူနိုင်စေရန် ဆောက်လုပ်ရေးဝန်ကြီးဌာနက စီစဉ်ဆောင်ရွက်ပေးခြင်းဖြစ်သည်။

“ အိမ်ခန်းတွေကို ၂၀၂၁ခုနှစ်မတိုင်မီ အငြိမ်းစားယူမယ့် ပြည်သူ့ဝန်ထမ်း၊ နိုင်ငံ့ဝန်ထမ်းနဲ့ နိုင်ငံတော်တာ ဝန်များကို ထမ်းဆောင်နေတဲ့ ပုဂ္ဂိုလ်တွေကို ဝယ်ယူတဲ့ အိမ်ရာကို အပေါင်ထားပြီး နှစ်ရှည်ချေးငွေစနစ်နဲ့ ရောင်းချပေးနိုင်ဖို့ ဝန်ကြီးဌာနအနေနဲ့ ကြိုးစားစီမံ ဆောင်ရွက်နေခြင်းဖြစ်ပါတယ် ” ဟု ဦးကျော်လင်းက ပြောသည်။

ရောင်းချသွားမည့် အိမ်ခန်းများ၏ ဈေးနှုန်းမှာ တစ်ခန်းလျှင် သိန်းတစ်ရာရှိပြီး တစ်လလျှင် တစ်သိန်းခန့် နှုန်းဖြင့် ၁၅နှစ် အရစ်ကျပေးသွင်းရမည်ဖြစ်သည်။ ထို့ကြောင့် မိသားစုတစ်စု၏ ဝင်ငွေသည် တစ်လလျှင် သုံးသိန်းခန့်ရှိရမည်ဟု တွက်ချက်နိုင်မည်ဖြစ်သည်။

ယခု ပြည်ထောင်စုလွှတ်တော်သို့ တင်ပြသည့် အိမ်ရာဖွံ့ဖြိုးရေးအကောင်အထည်ဖော်ဆောင်ရွက်ရန် ဂျိုင်ကာမှ ချေးယူမည့် ဂျပန်ယန်းငွေ ၁၅ဘီလီယံကိုလည်း လွှတ်တော်က အတည်ပြုခဲ့သည်။

“ အိမ်ရာလုံးဝ မဝယ်ယူနိုင်တဲ့ ပြည်သူများ၊ ဝန်ထမ်းများအတွက် အငှားအိမ်ရာစနစ်နဲ့ အများဆုံး ငါးနှစ် အထိ ငှားပေးမယ့် အစီအစဉ်ရှိပြီး ငှားရမ်းခကိုလည်း သင့်တင့်တဲ့ နှုန်းထားနဲ့ သတ်မှတ်ကောက်ခံသွားမှာ ဖြစ်ပါတယ် ” ဟု ဒုတိယဝန်ကြီးက ပြောသည်။

ငါးနှစ်ပြည့်ပါက အငှားအိမ်ရာမှ အရောင်းအိမ်ရာသို့ ပြောင်းရွှေ့ဝယ်ယူနိုင်ရန်အတွက်လည်း ဝန်ကြီးဌာန က စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

Credit: Myanmar Times

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှိသည်ကို ၇ နှစ်ကြာမှ သိလိုက်ရသည့် ဖြစ်ရပ် လူမှုကွန်ရက်တွင် ဟိုးလေးတကျော် ဖြစ်နေ...

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...

နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်က

ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခ

လေယာဉ်မယ်ဟောင်း ယန်ယန်ရှီ၏ ဘဝဖြတ်သန်းမှုမှာ တရုတ်ပြည်မကြီး လူမှုကွန်ရက်တွင် အလွန်နာမည်ကြီးနေသည်။

(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်

ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ

စင်္ကာပူတွင် လူသွားလမ်း ရေမြောင်းပေါက်အတွင်း တံထွေးထွေးသော ကမ္ဘာလှည့်ခရီးသည်တစ်ဦး ကန်ဒေါ်လာ ၂၂၀ ဒဏ်ရိုက်ခံရ၊ ဒဏ်ငွေ ချက်

ဘီလ်ဂိတ်က အိမ်တွင် သားသမီးများ မရှိတော့ဘဲ တစ်ယောက်တည်း အထီးကျန်နေသော်လည်း ရေချိုးခန်း ၂၄ ခန်းပါ အလွန်ကြီးမားလှသည့် စံအိမ

ဆွေးနွေးအဖြေရှာ ဥပဒေရေးရာ
ဆွေးနွေးအဖြေရှာ ဥပဒေရေးရာ
တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်

တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ

CarsDB
Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service