တောင်ဒဂုံမြို့နယ်ရှိမြေကွက်ဈေးနှုန်းကျဆင်းနေသော်လည်း အဝယ်လိုက်နေသည်ဟု အိမ်ခြံမြေ ဈေးကွက်မှ သိရသည်။
ယခုရက်ပိုင်းတွင် လုပ်ငန်းရှင်တစ်ဦးမှ စက်မှုဇုန် လေးဧကဝယ်ယူပြီးချိန်မှ စပြီး မြေကွက်များ အဝယ်လိုက်လာသည်ဟု သိရသည်။
မြေကွက်ဈေးမှာ သိသိသာသာ ကျဆင်းနေသော်လည်း မြေကွက်ပိုင်ရှင်အများစုမှာ အရှုံးခံရောင်းနေသည် ဟု သိရသည်။
အိမ်ခြံမြေဈေးကောင်းခဲ့ချိန်တွင် ဈေးအမြင့်နှင့် ဝယ်ယူထားသူများသည်လည်း အကျဈေးများနှင့်ရောင်းချနေသည် ဟု သိရသည်။
လမ်းမတန်းပေါ် ပေ ၄ဝ×ပေ ၆ဝ မြေတစ်ကွက်လျှင်ကျပ်သိန်း ၂၈ဝ ပေါက်ဈေးနှင့် အရောင်းအဝယ်ဖြစ်နေသည်။
မြေဈေး ထပ်မတက်နိုင်တော့ဘူးထင်သည့်အတွက်ကြောင့် ဈေးကစားရန် ဆက်လက်ရင်းနှီးမြှုပ်နှံမနေတော့ဘဲ လျှော့ဈေးနှင့် ရောင်းကြသည်ဟု သိရသည်။
အရှေ့ဒဂုံမြို့နယ် နှင့် မြောက်ဒဂုံမြို့နယ်များတွင် မြေကွက်များ ဈေးနှုန်းကျဆင်းနေပြီး နေထိုင်ရန်ဝယ်ယူသူများ ရှိနေကြသည်ဟုသိရသည်။
အရှေ့ဒဂုံမြို့နယ်တွင် ပေ၄ဝ×ပေ ၆ဝမြေတစ်ကွက်အား ယခင်သိန်း ၅ဝဝ ခန့်ပေါက်ဈေးရှိသော်လည်း ယခုတွင် သိန်း ၃၅ဝ ခန့်သာ ရှိတော့သည်။မြောက်ဒဂုံ မြို့နယ်တွင်
ယခင် သိန်း ၈ဝဝ ရှိသော ပေ ၄ဝ×ပေ ၆ဝ မြေတစ်ကွက်ကို ယခု သိန်း ၄၅ဝ ခန့်နှင့် အရောင်းအဝယ်ဖြစ်နေသည်ဟု သိရသည်။
Credit: The Kumudra