အောင်ဆန်းကွင်းရှိ ဆိုင်ခန်း ၃၀၀ ငှားရမ်းခ တိုးကောက်ရန် စီစဉ်

အောင်ဆန်းကွင်းရှိ ဆိုင်ခန်း ၃၀၀ ငှားရမ်းခ တိုးကောက်ရန် စီစဉ် - Property News in Myanmar from iMyanmarHouse.com
7 Mar 2018 10:10 am တွင် တင်ခဲ့သည်
4827 ကြိမ် ကြည့်ရှု့ပြီး
တစ်နှစ်လျှင် သိန်း ၄၈၀ ကျော်သာ ရရှိနေသော ရန်ကုန်မြို့ အောင်ဆန်းအားကစားကွင်းရှိ ဆိုင်ခန်း ၃၀၀ ထံမှ ငှားရမ်းခ တိုးကောက်ရန် စီစဉ်နေကြောင်း လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက ပြောကြားသည်။

အဆိုပါကွင်းကို ဘောလုံးနှင့် ပြေးခုန်ပစ်ပြိုင်ပွဲများ အဆင့်မြှင့်တင် ကျင်းပနိုင်သည့်အထိ ဆောင်ရွက်ရန် စီမံချက် ရေးဆွဲထားပြီး ဆိုင်ခန်း ၃၂၁ ခန်းမှ တစ်နှစ်လျှင် ငှားရမ်းခအနေနှင့် ကျပ်သိန်း ၄၈၀ ကျော်သာ ရရှိနေခြင်းကြောင့် ခေတ်ကာလနှင့် လျော်ညီသည့် အခွန်နှုန်းထား တစ်ရပ်တိုးနိုင်ရန် စီစဉ်ခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

အဆိုပါ ဆိုင်ခန်းတစ်ခန်း ငှားရမ်းခနှင့်ပတ်သက်၍ ပျမ်းမျှတွက်ချက်မှုအရ တစ်ဆိုင်လျှင် ကျပ် ၁၂,၄၉၅ ကျော်သာ ရရှိနေခြင်း ဖြစ်သည်။

“နိုင်ငံတော်ဘဏ္ဍာငွေ ပိုရအောင် ဆိုင်ခန်းငှားရမ်း အခွန်နှုန်း တိုးကောက်မယ်။ ကစားကွင်းပြင်ဆင်ပြီးရင်တော့ အဆင့်မြင့်တန်း ဘောလုံးပွဲနဲ့ ပြေးခုန်ပစ်ပွဲတွေ ကျင်းပသွားမယ်”ဟု ၎င်းကဆိုသည်။

မတ်လ ၆ ရက် ရန်ကုန်တိုင်း လွှတ်တော်အစည်းအဝေးတွင် မင်္ဂလာတောင်ညွှန်မြို့နယ်၊ လွှတ်တော်ကိုယ်စားလှယ် ဦးလှဌေး၏ အောင်ဆန်း အားကစားကွင်းကို မည်ကဲ့သို့ ပြုပြင်ဆောင်ရွက်သွားမည်နှင့် ပြုပြင်ပြီးပါက ဘောလုံးအားကစားနှင့် ပြေးခုန်ပစ် အားကစားပြိုင်ပွဲများ အဆင့်မြှင့် ကျင်းပပေးရန် အစီအစဉ် ရှိ/မရှိ အပါအဝင် အားကစားကွင်းပတ်လည်ရှိ ဆိုင်ခန်းများကို မည်သည့်နှုန်းထားနှင့် မည်ကဲ့သို့ ငှားရမ်းထားရှိပြီး မည်သည့်ဌာနက ရရှိကြောင်း သိရှိလိုသည်ဆိုသော မေးခွန်းအပေါ် လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက ပြန်လည် ဖြေကြားခြင်းဖြစ်သည်။

လက်ရှိတွင် အောင်ဆန်း အားကစားကွင်း ပြုပြင်ဆောင်ရွက်ရန် ပြည်ထောင်စု အစိုးရအဖွဲ့၏ ဥပဒေ လုပ်ထုံးလုပ်နည်းအရ အားကစားနှင့် ကာယပညာ ဦးစီးဌာနရုံးချုပ်သို့ အဆင့်မြှင့်တင်ရေး စီမံချက်နှင့်ပတ်သက်သည့် အစီအစဉ်ကို တင်ပြထားကြောင်း လူမှုရေးဝန်ကြီးက ဆက်လက် ပြောကြားသည်။

“သမိုင်းအစဉ်အလာရှိတဲ့ အောင်ဆန်း အားကစားကွင်းကြီးနဲ့ ပတ်သက်တဲ့ စီမံဆောင်ရွက်မှု အခြေအနေကို အသေးစိတ် သိအောင် မေးလိုက်တာပါ”ဟု လွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးက ဆိုသည်။

Credit: The Voice

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှိသည်ကို ၇ နှစ်ကြာမှ သိလိုက်ရသည့် ဖြစ်ရပ် လူမှုကွန်ရက်တွင် ဟိုးလေးတကျော် ဖြစ်နေ...

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...

နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဆွေးနွေးအဖြေရှာ ဥပဒေရေးရာ
ဆွေးနွေးအဖြေရှာ ဥပဒေရေးရာ
တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ

ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား

ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခ

ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်

Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ

လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်

ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်

TikTok လူမှုကွန်ရက်မှာ နာမည်ကြီးနေတဲ့ ထူးဆန်းသော အိမ်ခြံမြေကြော်ငြာတစ်ခုအကြောင်း

Shwe Moe Kaung
Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service