မီးသင့်မင်္ဂလာဈေးယခုလကုန် ဆောက်မည်

မီးသင့်မင်္ဂလာဈေးယခုလကုန် ဆောက်မည် - Property News in Myanmar from iMyanmarHouse.com
6 Mar 2018 10:38 am တွင် တင်ခဲ့သည်
9103 ကြိမ် ကြည့်ရှု့ပြီး
မီးနှစ်ကြိမ် လောင်ကျွမ်းခဲ့သော မင်္ဂလာဈေးကို မတ်လ နောက်ဆုံးပတ်တွင် စတင်ဆောက်လုပ်ရန် လုပ်ကိုင်ခွင့် တင်ဒါရရှိထားသည့် ကုမ္ပဏီက စီစဉ်နေကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ ဈေးများဌာနမှ အကြီးတန်း အရာရှိတစ်ဦးက ပြောကြားသည်။

“တင်ဒါအောင် ကုမ္ပဏီဘက်က ငွေကြေး စိုက်ထုတ်ရမယ်။ ဒီကမှရမယ့် အကျိုးစီးပွားထဲက စည်ပင်ကို ရာခိုင်နှုန်း ဘယ်လောက် ပေးသွင်းရမယ်ဆိုတဲ့ သဘောတူညီမှု ရှိတယ်။ နောက်ဆုံး ကုမ္ပဏီရဲ့ ငွေကြေးအာမခံနိုင်မှု အချက်အလက်တွေကို တိုင်းအစိုးရအဖွဲ့က စစ်နေတယ်”ဟု ၎င်းကဆိုသည်။

အသစ်တည်ဆောက်မည့် မင်္ဂလာဈေးသစ်စီမံကိန်းအတွက် ရန်ကုန်တိုင်းအစိုးရက ကနဦး ဘတ်ဂျက် ၄၈ ဘီလီယံ သုံးစွဲရန် သတ်မှတ်ထားသော်လည်း ဈေးဒီဇိုင်းရေးဆွဲရာတွင် ကုန်ကျမှု ငွေကျပ် ၂၀ ဘီလီယံခန့် ပိုမိုမြင့်ခဲ့သည့်အတွက် ပုဂ္ဂလိက ကုမ္ပဏီများကို တင်ဒါခေါ်ကာ ပြည်တွင်း ကုမ္ပဏီဖြစ်သည့် Sun Myat Tun ကုမ္ပဏီကို တိုင်းအစိုးရအဖွဲ့က ရွေး ချယ်ခဲ့ခြင်းဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီထံမှ သိရ သည်။

ယခုနှစ်ဆောက်လုပ်မည့်မင်္ဂလာ ဈေးသစ်၏ ဒီဇိုင်းသတ်မှတ်ချက်အရ ၁၅ ထပ် အမြင့်ကို Public Private Partnership (PPP) စနစ်ဖြင့် ၂ နှစ်ခွဲအတွင်း အပြီး တည်ဆောက်ရန် စီစဉ်ထားပြီး ကုန်ကျ စရိတ်ပမာဏ ကျပ် ၄၈ ဘီလီယံ သုံးစွဲမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၏ ဈေးစီမံကိန်းရေးဆွဲမှုအရ သိရသည်။

“၂နှစ်တောင်ကျော်နေတော့ အမြန်ဆုံး ဖြစ်စေချင်တယ်။ ဈေးဆောက်မယ်ဆိုပြီးတော့ တစိုက်မတ်မတ်လည်း လုပ်တာ မဟုတ်ဘူး။ ဈေးပြန်ဖွင့်တောင် ဆိုင်ဖွင့်နိုင်ဖို့ မနည်းကြိုးစားရဦးမယ်”ဟု ယခင် မင်္ဂလာဈေးတွင် အလှကုန်ပစ္စည်းရောင်းခဲ့ဖူးသူ ကိုလှဝေက ဆိုသည်။

ယခုဈေးသစ်တွင်မူ ဆိုင်ခန်းများကို ၂၇ ပေမှ ၃၂ ပေအထိ နေရာတိုးချဲ့ပေးမည်ဖြစ်ပြီး ရေးဆွဲထားသည့် ဈေးဒီဇိုင်းနှင့်မလွတ်သည့် မြို့တော် စည်ပင်ဘဏ်ကိုလည်း ဖျက်သိမ်းခဲ့သည်။

ထို့အပြင် ပစ္စည်းစုံလင်သည့် ဈေးဝယ်စင်တာတစ်ခု ထည့်သွင်း တည်ဆောက်မည်ဖြစ်ပြီး ဈေးထပ်တိုင်းတွင် ကုန်တင်၊ ကုန်ချပြုလုပ်နိုင်သည့် ယာဉ်ပတ်လမ်းကြောင်းများ ထည့်သွင်း တည်ဆောက်မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာကော်မတီထံမှ သိရသည်။

Credit: The Voice

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှိသည်ကို ၇ နှစ်ကြာမှ သိလိုက်ရသည့် ဖြစ်ရပ် လူမှုကွန်ရက်တွင် ဟိုးလေးတကျော် ဖြစ်နေ...

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...

နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ

(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်

ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခ

ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအ

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ

အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် န

တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရ

တရုတ်ပြည်တွင် ဆောက်လုပ်ရေးပစ္စည်းထုတ်လုပ်သော ကုမ္ပဏီတစ်ခုက နှစ်ကုန်ပါတီပွဲတွင် ဝန်ထမ်းများအား ငွေစက္ကူ ရေတွက်ပွဲအဖြစ် ယွ
တရုတ်ပြည်တွင် ဆောက်လုပ်ရေးပစ္စည်းထုတ်လုပ်သော ကုမ္ပဏီတစ်ခုက နှစ်ကုန်ပါတီပွဲတွင် ဝန်ထမ်းများအား ငွေစက္ကူ ရေတွက်ပွဲအဖြစ် ယွ
ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ
ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ
ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျ

Shwe Moe Kaung
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service