မြန်မာနိုင်ငံ၏ နံပါတ်တစ် အိမ်ခြံမြေ ရောင်းဝယ်ငှါးဝဘ်ဆိုက်ဖြစ်သော iMyanmmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ ကြီးမှူး၍ ၂ဝ၁၈ ခုနှစ် ၊ ဖေဖော်ဝါရီလ ၂၄ ရက် နှင့် ၂၅ ရက် (စနေ ၊ တနင်္ဂနွေ) နေ့များတွင် စင်္ကာပူနိုင်ငံ ၊ Peninsula Excelsior Hotel တွင် မြန်မာ့အကြီးဆုံး အိမ်ခြံမြေ အရောင်းပြပွဲကြီးကို ပဉ္စမအကြိမ်မြောက် အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါပြပွဲတွင် ကျပ်သိန်း (၂၀၀)ကျော်မှ ကျပ်သိန်း (၅၀၀၀) ကျော် တန်ဖိုးရှိ တိုက်ခန်းနှင့် ကွန်ဒို ပရောဂျက်ပေါင်း (၄၀) ကျော်ကို YOMA ၊ Starcity ၊ SMT Construction ၊ Toener Investment Group ၊ Kanbae Towers ၊ River Front Garden Condominium ၊ Golden Thitsar ၊ SMI Real Estate ၊ Golden City ၊ SPC Real Estate ၊ The Leaf Residence ၊ TSC Real Estate ၊ Kabaraye Executive Residence ၊ YPF Real Estate ၊ iGREEN Development ၊ Waminn Group စသည့် ကုမ္ပဏီများမှ ပါဝင်ပြသခဲ့ရာ ကျပ်ငွေ (၁၁) ဘီလီယံကျော် (အမေရိကန်ဒေါ်လာ ၈.၂ သန်းကျော်) ဖိုး ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။
ပါဝင်ပြသသည့် ကုမ္ပဏီတိုင်း မျှော်မှန်းသည်ထက် ပို၍ရောင်းအားကောင်းကြောင်း iMyanmarHouse.com အား တခဲနက် ထောက်ခံအားပေးခဲ့ကြောင်း သတင်းရရှိသည်။
“iMyanmarHouse.com က မြန်မာ့အကြီးဆုံး အိမ်ခြံမြေ အရောင်းပြပွဲကြီးတွေကို ၂၀၁၅ မှ စပြီး စင်္ကာပူမှာ အနည်းဆုံး တစ်နှစ်ကို နှစ်ကြိမ် ကျင်းပပေးနေပါတယ်။ ဆောက်လုပ်သူတစ်ဦးချင်းစီအတွက် သီးသန့်အရောင်းပြပွဲတွေကတော့ စင်္ကာပူမှာလတိုင်းနီးပါးရှိပါတယ်။ အရောင်းပြပွဲလုပ်တိုင်း အောင်မြင်ရတာကတော့ ကိုယ့်အကျိုးတစ်ခုပဲ မကြည့်ဘဲ ရောင်းသူ ၊ ဝယ်သူ နှစ်ဦးနှစ်ဖက် အဆင်ပြေအောင် စေတနာထား လုပ်ဆောင်နေလို့ စေတနာအကျိုးပေးတာပဲ ဖြစ်မှာပါ” ဟု iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ Managing Director ဖြစ်သူ ဦးနေမင်းသူမှ ပြောကြားသွားသည်။
မြန်မာပြည်မှ အိမ်ခြံမြေများကို စင်္ကာပူတွင် သွားရောက်ရောင်းချခြင်းနှင့် ပတ်သက်၍ “စင်္ကာပူနိုင်ငံရောက်နေတဲ့ မြန်မာနိုင်ငံသားတွေ အလုပ်လုပ်ငွေစုပြီး ကိုယ်တိုင်နေထိုင်ဖို့ဖြစ်စေ ၊ ရင်းနှီးမြှုပ်နှံဖို့ဖြစ်စေ ၊ မြန်မာပြည်က အိမ်ခြံမြေကို ဝယ်ချင်ကြတယ်ဆိုရင် ပြန်လာစရာမလိုဘဲ စင်္ကာပူမှာတင် အလွယ်တကူ ဝယ်ယူလို့ရအောင် ဒီလိုပွဲမျိုးကို စီစဉ်ရခြင်းဖြစ်ပါတယ်။ အခုနောက်ပိုင်းက ဘဏ်တွေနဲ့ ချိတ်ဆက်ပြီး နှစ်ရှည်အရစ်ကျစနစ်တွေနဲ့ စီစဉ်ပေးထားလို့ ပိုပြီးဝယ်နိုင်လာကြပါတယ်။ ပြည်ပကို ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေ အလွယ်တကူနဲ့ အိမ်ခြံမြေကို ဝယ်ယူလို့ ရရှိအောင် ကျွန်တော်တို့ iMyanmarHouse.com မှ ဒီထက်ပိုပြီး ကြိုးစားသွားမှာပါ ” ဟု ဦးနေမင်းသူမှ ရှင်းပြခဲ့သည်။
iMyanmarHouse.com သည် မြန်မာနိုင်ငံသားတိုင်းအိမ်ပိုင်ဆိုင်နိုင်စေရမည်ဆိုသော ဦးတည်ချက်အတိုင်း လုပ်ငန်းဆောင်တာများကို တဟုန်ထိုးလုပ်ဆောင်နေပြီး မြန်မာနိုင်ငံ၏ နံပါတ်တစ် အိမ်ခြံမြေဝဘ်ဆိုက်အဖြစ် ရပ်တည်လျှက် အိမ်ခြံမြေဈေးကွက်အား ဦးဆောင်နေခြင်း ဖြစ်သည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)