iGreen Development နှင့် WaMinn Group တို့ ပူးပေါင်းဆောက်လုပ်သည့် Sanchaung Garden Residence အထူးအရောင်းပြပွဲကို ၂ဝ၁၈ ခုနှစ် ၊ ဖေဖော်ဝါရီလ ၁၇ ရက် နှင့် ၁၈ ရက် နေ့များတွင် မြန်မာနိုင်ငံ၏ နံပါတ်တစ် အိမ်ခြံမြေ ရောင်းဝယ်ငှား ဝဘ်ဆိုက်ဖြစ်သော iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ ကြီးမှူး၍ အမှတ် (၁ဝ၄) ၊ စမ်းချောင်းလမ်း ၊ စမ်းချောင်းမြို့နယ်ရှိ Sanchaung Garden Residence အရောင်းပြခန်းတွင် အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါအရောင်းပြပွဲအတွင်း အထူးလျှော့ဈေးနှုန်းများအပြင် ဘဏ်နှင့်ချိတ်စရာမလိုဘဲ (၁၅) နှစ်အထိ အရစ်ကျစနစ်ဖြင့် ရောင်းချခဲ့ရာ တန်ဖိုးငွေ (၂) ဘီလီယံနီးပါး ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။
“ Sanchaung Garden Residence ဟာ ရန်ကုန်မြို့ရဲ့ စီးပွားရေး အချက်အချာကျတဲ့ စမ်းချောင်းမြို့နယ်မှာ တည်ရှိပြီးတော့ စမ်းချောင်းမြို့နယ်မှာ ကွန်ဒိုအခန်းနှင့် နေချင်သူတွေ ၊ နိုင်ငံခြားသား ပြန်ငှားချင်လို့ ဝယ်ယူချင်သူတွေအတွက် အဆင်ပြေမယ့် Residence ဖြစ်ပါတယ်။ စုပေါင်းပိုင်မြေအဖြစ် မှတ်ပုံတင်ပေးမှာ ဖြစ်ပြီး ဈေးနှုန်းသင့်တင့်ပါတယ် ” ဟု အရောင်းပြပွဲကို စီစဉ်ကျင်းပသည့် မြန်မာနိုင်ငံ၏ နံပါတ်တစ်အိမ်ခြံမြေ ရောင်းဝယ်ငှားဝဘ်ဆိုက်ဖြစ်သော iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ မန်နေဂျင်းဒါရိုက်တာဖြစ်သူ ဦးနေမင်းသူမှ ပြပွဲနှင့် ပတ်သက်ပြီး သုံးသပ်ပြောကြားခဲ့သည်။
မြေ (၂) ဧက ပေါ်တွင် တည်ဆောက်ထားပြီး မြေနီကုန်း ၊ ဒဂုံစင်တာ ၊ စီးတီးမတ် ၊ အာရှတော်ဝင်ဆေးရုံတို့နှင့် အနီးဆုံးမှာ တည်ရှိသဖြင့် အချက်အချာကျသည့် စီမံကိန်းတစ်ခုဖြစ်ပါသည်။ မာစတာ (၁)ခန်း ၊ ရိုးရိုးအိပ်ခန်း (၁)ခန်း ဖွဲ့ပေးထားပြီး ကားပါကင် ၊ ဓာတ်လှေကား ၊ ရေကူးကန် တို့လည်း ပါဝင်ပါသည်။ ၂၀၁၈ နှစ်ကုန်တွင် အခန်းများ တည်ဆောက်ပြီးစီးမည် ဖြစ်ကြောင်း သိရသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)