မြန်မာနိုင်ငံ၏ နံပါတ်တစ် အိမ်ခြံမြေရောင်းဝယ်ငှါး ဝဘ်ဆိုက်ဖြစ်သော iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) နှင့် SMT Construction တို့ပူးပေါင်း၍ ၂ဝ၁၈ ခုနှစ် ၊ ဖေဖော်ဝါရီလ ၁ဝ ရက် နှင့် ၁၁ ရက် နေ့များတွင် ရန်ကုန်မြို့ ပြည်သူရင်ပြင်ဝန်းအတွင်းရှိ Myanmar Culture Valley တွင် ကျပ်သိန်း (၂ဝဝ) ကျော်မှ သိန်း (၂ဝဝဝ) အတွင်း မြို့နယ်စုံ အိမ်ရာအရောင်းပြပွဲကို အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါပွဲတွင် တောင်ဥက္ကလာ ၊ သင်္ဃန်းကျွန်း ၊ ဒေါပုံ ၊ သာကေတ ၊ လှိုင် ၊ မြောက်ဥက္ကလာ နှင့် မြောက်ဒဂုံ စတဲ့မြို့နယ်များမှ ဆောက်လုပ်ဆဲ တိုက်ခန်းများကို အထူးလျှော့ဈေးနှုန်းများ၊ အရစ်ကျစနစ်များဖြင့် ရောင်းချခဲ့ရာ ပွဲသို့လာရောက်လေ့လာသူ လွန်စွာများပြားပြီး တိုက်ခန်းပေါင်းများစွာကို ပြပွဲ(၂) ရက်အတွင်း စာချုပ်ချုပ်ဆိုနိုင်ခဲ့ကြောင်း သိရသည်။
“ မြို့နယ်စုံမှာရှိတဲ့ ကြိုပွိုင့်တိုက်ခန်းတွေကို အထူးလျှော့ဈေးနှုန်းတွေ ၊ အရစ်ကျစနစ်တွေနဲ့ ရောင်းချပေးထားပါတယ်။ နောက် ၁ နှစ်အတွင်း တည်ဆောက်ပြီးစီးမည့် တိုက်ခန်းတွေ ဖြစ်ပါတယ်။ ဝယ်သူတွေအတွက် ခိုင်မာမှု ရှိအောင် KBZ ဘဏ် ၊ CB ဘဏ်များနှင့် ချိတ်ဆက်ပြီး ရောင်းချပေးတာပါ။ ၅ နှစ်အထိ အရစ်ကျပေးချေနိုင်တာကြောင့် ဝင်ငွေအသင့်တင့်ရှိတဲ့ မိသားစုများ အိမ်ပိုင်ဖို့အခွင့်အရေးပါ။ ဒီလို လူအများအလှမ်းမီတဲ့ တန်ဖိုးသင့်အိမ်ရာအရောင်းပြပွဲတွေကို ကျွန်တော်တို့ iMyanmarHouse.com မှ ဆက်လက်ကျင်းပပေးသွားမှာပါ” ဟု iMyanmarHouse.com ၏ Managing Director ဖြစ်သူ ဦးနေမင်းသူမှ ပြောကြားခဲ့သည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)