လယ်ယာမြေ အများကြီးဝယ်ထားသူများအခြားနည်းအသုံးပြုခွင့် အမြန်မရချင်ဘူးလား

လယ်ယာမြေ အများကြီးဝယ်ထားသူများအခြားနည်းအသုံးပြုခွင့် အမြန်မရချင်ဘူးလား - Property News in Myanmar from iMyanmarHouse.com
28 Feb 2018 12:14 pm တွင် တင်ခဲ့သည်
6004 ကြိမ် ကြည့်ရှု့ပြီး
၂၀၀၂ ခုနှစ် လယ်ယာမြေ ဥပဒေ ပေါ်ထွက်လာပြီး နောက်ပိုင်းမှာ အိမ်ခြံမြေ တိုက်ခန်း အရောင်းအ၀ယ်များနည်းတူ လယ်ယာ မြေအရောင်းအ၀ယ်တွေဟာလည်း မြန်မာ ပြည်အနှံမှာ ဈေးကောင်းရလို့ အပြိုင်အဆိုင်ရောင်းဝယ်လုပ်ကိုင်နေကြတာ ကိုတွေ့ရပါတယ်။

လယ်ယာမြေ အရောင်းအ၀ယ် အကောင်းဆုံးနေရာတွေကို လေ့လာ ကြည့်တဲ့အခါ တိုင်းနဲ့ပြည်နယ်မှာရှိတဲ့ လမ်းမကြီး ၀ဲယာတစ်လျှောက်နဲ့ လမ်းမ ကြီးဘေးမှာရှိတဲ့ ကျေးရွာတွေနဲ့ နိုင်ငံ တော်အစိုးရက စီမံကိန်းရေးဆွဲထားတဲ့ နယ်မြေ ပတ်ဝန်းကျင်တွေမှာ တွေ့ရပါ တယ်။

မြေကွက်ကျယ်ကျယ်၊ ဧကများများ ပိုင်ဆိုင်ပြီး စီးပွားရေးလုပ်ငန်း တွက် ချေကိုက်မယ်လို့ ခန့်မှန်းထားတဲ့ လုပ်ငန်း ရှင်တွေဟာ လယ်ယာမြေတွေ ကိုယ်ပိုင် စီးပွားရေးလုပ်နိုင်ရန် အခြားနည်းလျှောက် ထားကြသူ အများအပြားရှိတယ်လို့ သိ ရပါတယ်။ အဆင့်ဆင့်ဆောင်ရွက်ရတာ တွေကြောင့် နှောင့်နှေးကြန့်ကြာမှုလည်း ရှိနေတယ်လို့ သိရပါတယ်။ ယခုအခါ ဒီလိုမဖြစ်တော့ဘဲ တစ်ပြေးညီဆောင်ရွက် နိုင်အောင် ပြည်ထောင်စုအစိုးရအဖွဲ့က ညွှန်ကြားထားပြီဖြစ်လို့ ဆောင်ရွက်ပုံ အဆင့်ဆင့်ကို လေ့လာတင်ပြလိုက်ပါ တယ်။

တပြေးညီဆောင်ရွက်ရေး ပြည်ထောင်စု အစိုးရအဖွဲ့ရဲ့ ညွှန်ကြားချက်ထွက်

ပြည်ထောင်စုသမ်္မတ မြန်မာ နိုင်ငံတော်အစိုးရ ဗဟိုလယ်ယာမြေစီမံ ခန့်ခွဲမှုအဖွဲ့အနေနဲ့ နေပြည်တော်ကောင်စီ အပါအ၀င် တိုင်းဒေသကြီး ပြည်နယ် အသီးသီးမှာ လယ်ယာမြေကို အခြား နည်းအသုံးပြုရန် လျှောက်ထားခြင်းကိစ္စရပ်နှင့်ပတ်သက်ပြီး နိုင်ငံနှင့်တစ်ဝန်း ပုံစံအမျိုးမျိုးနဲ့ ဆောင်ရွက်နေကြခြင်း အပေါ် တစ်နိုင်ငံလုံး တစ်ပြေးညီဖြစ်စေ ရေးအတွက် ပြည်ထောင်စုအစိုးရအဖွဲ့ ရဲ့ သဘောတူအကြောင်းကြားချက်အရ ၂၀၁၇ ခုနှစ်၊ မတ်လအတွင်းကပင် ညွှန် ကြားချက်အသစ်ထုတ်ပြန်ခဲ့တယ်လို့ သိရ ပါတယ်။

အမှုပွဲစားနဲ့ ၀န်ထမ်းများ မသမာမှုတွေ ကြောင့် လယ်ယာမြေအခြားနည်းလျှောက် ရာမှာ ငွေကြေးအကုန်အကျများ

အချို့သော တိုင်းဒေသကြီး ပြည်နယ်များမှာဆိုရင် လယ်ယာမြေကို အခြားနည်းအသုံးပြုရန် ကိစ်္စရပ်အတွက် မြေစာရင်းပုံစံ (၁၀၅) ရေးကူးခွင့်ပြုလုပ် ဖို့ တစ်ကြိမ်၊ လုပ်ငန်းစာတွဲတည်ဆောက် ခြင်းအတွက် တစ်ကြိမ်၊ စုစုပေါင်းနှစ် ကြိမ်တင်ပြနေရတယ်လို့ သိရပါတယ်။ ဒါကြောင့် လုပ်ငန်းဆောင်ရွက်လိုတဲ့ ကာယကံရှင်များအဖို့ မလိုအပ်သော အချိန်ကြန့်ကြာမှုများဖြစ်ပေါ်ခဲ့ရတာကို တွေ့ရပါတယ်။ အဲဒီလို ကြန့်ကြာမှုတွေ ကြောင့် ပြည်သူလူထုအနေနဲ့ ဌာနအပေါ် အထင်အမြင်လွဲမှားတတ်ကြတယ်။ အဲဒီ လို အဆင့်ဆင့် နှစ်ကြိမ်တိုင်အောင် အထက် အောက် တင်ပြရမှုတွေကြောင့် ဆောင်ရွက်ရသည့် အဆင့်အပေါ်မူတည် ပြီး မသမာသော ၀န်ထမ်းများအနေနဲ့ လုပ်ပိုင်ခွင့်ကို အကြောင်းပြုကာ “အဂတိ လိုက်စားမှု”များ ဖြစ်ပေါ်တတ်ပါတယ်။

ဒါ့အပြင် ရုံးဌာန၊ အဖွဲ့အစည်း များသို့ ကိုယ်တိုင်မသွားရောက်နိုင်သော သူများအနေနဲ့ အမှုပွဲစားများကို အားကိုး ကြရ ပြန်တယ်။ ဒါကြောင့် ငွေကြေးပိုမို ကုန်ကျရခြင်း စတဲ့ ဆိုးကျိုးတွေ ဖြစ်ပေါ် ခဲ့ရပါတယ်။

လယ်ယာမြေအခြားနည်းသုံးစွဲခွင့် တစ် ကြိမ်တည်းနဲ့ ရဖို့အတွက် သက်ဆိုင်ရာ အစိုးရထံမှ ခွင့်ပြုချက်ရ

အထက်ပါဆိုးကျိုးများကို ရှောင် ရှားနိုင်ဖို့အတွက် ယခုအခါ လယ်ယာ မြေကို အခြားနည်းအသုံးပြုခွင့်လျှောက် ထားတဲ့ကိစ်္စရပ်တွေနဲ့ ပတ်သက်ပြီး မြေ စာရင်းပုံစံ (၁၀၅)နဲ့ သက်သေခံမြေပုံ မြေစာရင်းပုံစံ (၁၀၆)တို့ကို မြေရာဇ၀င် ရေးကူးပြီးရင် သက်ဆိုင်ရာလယ်ယာ မြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီး ဌာနရဲ့ လုပ်ထုံးလုပ်နည်းများအတိုင်း ရေးကူးစေပြီးနောက် လယ်ယာမြေကို အခြားနည်းအသုံးပြုခွင့် လုပ်ငန်းစာတမ်း ဖြင့် ပူးတွဲပြီး သက်ဆိုင်ရာအစိုးရအဖွဲ့ တစ်ကြိမ်တည်း စိစစ်ခွင့်ပြုဖို့နဲ့ လုပ်ငန်း ကို တစ်နိုင်ငံလုံး တစ်ပြေးညီ ကျင့်သုံး ဆောင်ရွက်နိုင်စေရေးအတွက် ဗဟိုလယ်ယာ မြေစီမံခန့်ခွဲမှုအဖွဲ့မှ ပြည်ထောင်စု အစိုးရ အဖွဲ့သို့ တင်ပြခဲ့တယ်လို့ သိရပါတယ်။ အဲဒီလို တင်ပြသည့်အတိုင်း ဆောင်ရွက်ရန် သဘောတူခွင့်ပြုခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။

အခြားနည်းအသုံးပြုခွင့်ရဖို့ မြို့နယ်မှ တိုင်းအထိ အဆင့်ဆင့်ခွင့်ပြုချက်ရဖို့ လိုအပ်

ဒါကြောင့် လယ်ယာမြေကို အခြားနည်းအသုံးပြုလိုသူများအနေနဲ့ ယခင်ကလို နှောင့်နှေးကြန့်ကြာခြင်းမရှိ တော့ဘဲ သက်ဆိုင်ရာ လယ်ယာမြေစီမံ ခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှာ မြေစာရင်းပုံစံ (၁၀၅)၊ (၁၀၆) ရေးကူး ပြီး လယ်ယာမြေဥပဒေပုဒ်မ ၂၉/၃၀(က)/ ၃၀(ခ)အရ လုပ်ငန်းစာတွဲ ဖွင့်လှစ်ရန် သာ လိုအပ်ပါတယ်။

ဒါပေမဲ့ မြို့နယ်၊ ခရိုင်၊ တိုင်း ဒေသကြီး၊ ပြည်နယ်တို့က အဆင့်ဆင့် ထောက်ခံချက်ပါရပါမယ်။ လယ်မြေဖြစ်ပါက ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အခြားလယ်ယာမြေဖြစ်နေပါက နေပြည် တော်ကောင်စီ ဒါမှမဟုတ် တိုင်းဒေသကြီး ပြည်နယ်အစိုးရအဖွဲ့ရဲ့ ခွင့်ပြုချက်ကို ရယူရန် လိုအပ်တယ်လို့ သိရပါတယ်။

အခြားနည်းအသုံးပြုခွင့်ရဖို့ အချက်(၁၁) ခု တင်ပြရန်လို

လယ်ယာမြေဥပဒေပုဒ်မ ၂၉/ ၃၀(က)/၃၀(ခ)အရ လုပ်ငန်းစာတွဲ ဖွင့် လှစ်တဲ့အခါမှာ လျှောက်ထားသူများ အနေနဲ့ အောက်ပါစာရွက်စာတမ်း အထောက်အထားများကို ပြည့်စုံစွာ ပူးတွဲ တင်ပြရန် လိုအပ်ပါတယ်။ [က] လယ် ယာမြေကို အခြားနည်းအသုံးပြုရန် လျှောက်လွှာပုံစံ-၁၄၊ [ခ] မြေစာရင်းပုံစံ (၁၀၅)၊ (၁၀၆)၊ [ဂ] ပတ်ဝန်းကျင်ပြမြေပုံ၊ [ဃ] မြေတည်ရှိရာ အခြေပြမြေပုံ (Loca-tion Map)၊ [င] ဆိုက်ပလင် ( Site Plan)၊ [စ] ဓာတ်ပုံမှတ်တမ်းများ၊ [ဆ] လယ်ယာ မြေလုပ်ပိုင်ခွင့်ပြုလက်မှတ် [ပုံစံ-၇] မိတ္တူ [ဇ] ရပ်ကွက်၊ ကျေးရွာအုပ်စု လယ်ယာ မြေစီမံခန့်ခွဲမှုအဖွဲ့၏ထောက်ခံချက်၊ [ဈ] ဘေးပတ်ဝန်းကျင် လယ်သမားနှစ်ဦး၏ ထွက်ဆိုချက်၊ [ည] လျှောက်ထားသူ၏ မှတ်ပုံတင် (မိတ္တူ)တို့ကို ပူးတွဲတင်ပြရ ပါမယ်။

လယ်မြေမဟုတ်တဲ့ လယ်ယာမြေကို အခြားနည်းသုံးစွဲခွင့်ရဖို့ နေပြည်တော်/ တိုင်းနှင့် ပြည်နယ်ကသာ ခွင့်ပြုမိန့်ပေး

လယ်ယာမြေကို အခြားနည်း အသုံးပြုရန် လျှောက်ထားသည့် ကိစ္စရပ် များအနက် “လယ်မြေကို အခြားနည်း အသုံးပြု၍ ခွင့်ပြုမိန့်ပုံစံ (၁၅)”ကို ရရှိ ဖို့အတွက် ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့အထိ လုပ်ငန်းစာတွဲပေးပို့တင်ပြ ကြရမည်ဖြစ်ပါတယ်။ လယ်မြေ မဟုတ် သော အခြားလယ်ယာမြေကို အခြားနည်း အသုံးပြု၍ ခွင့်ပြုမိန့်ပုံစံ (၁၅-က)ကို တော့ နေပြည်တော်ကောင်စီ ဒါမှမဟုတ် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့ များကသာ ထုတ်ပေးပိုင်ခွင့်ရှိတယ်လို့ သိရပါတယ်။

ယခုအခါ အချို့သော တိုင်း ဒေသကြီးအစိုးရအဖွဲ့ (ဥပမာ ရန်ကုန် တိုင်းဒေသကြီး)များက လယ်မြေကို အခြားနည်းအသုံးပြုခွင့်လျှောက်ထားမှု ကို တားမြစ်ပိတ်ပင်လိုက်ပြီဟု ကြားသိ ရပါတယ်။

အချုပ်ဆိုသော် လယ်ယာမြေ ကို အခြားနည်းအသုံးပြုခွင့်လျှောက်ထား လိုသော လူပုဂ်္ဂိုလ်တစ်ဦးချင်း ဒါမှမဟုတ် အဖွဲ့အစည်းများအနေနဲ့ လယ်မြေဖြစ် စေ၊ လယ်မြေမဟုတ်သော အခြားလယ် ယာမြေကိုဖြစ်စေ၊ သက်ဆိုင်ရာမြို့နယ် လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်း အင်းဦးစီးဌာနရုံးများတွင် မြေစာရင်း ပုံစံ (၁၀၅)၊ (၁၀၆) လုပ်ငန်းစာတွဲနှင့် အတူ ပူးတွဲ လျှောက်ထားနိုင်ပြီဖြစ်ပါ တယ်။ ဒါကြောင့် ယခင်ကထက် ပိုမို အဆင်ပြေချောမွေ့လွယ်ကူလာနိုင်တော့ မည်ဖြစ်ပါကြောင်း သတင်းကောင်းပါး လိုက်ရပါတယ်။

ရှာဖွေလေ တွေ့ရှိလေမို့
ရှာဖွေဖို့ မမေ့ကြစို့

လွှတ်တော်ရှေ့နေ မောင်ကောင်းဖေ မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှိသည်ကို ၇ နှစ်ကြာမှ သိလိုက်ရသည့် ဖြစ်ရပ် လူမှုကွန်ရက်တွင် ဟိုးလေးတကျော် ဖြစ်နေ...

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...
မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...
ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...
ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...
နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...
နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...
Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...
Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...
ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...
ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...
နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...
နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...
အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ
ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
လေယာဉ်မယ်ဟောင်း ယန်ယန်ရှီ၏ ဘဝဖြတ်သန်းမှုမှာ တရုတ်ပြည်မကြီး လူမှုကွန်ရက်တွင် အလွန်နာမည်ကြီးနေသည်။
လေယာဉ်မယ်ဟောင်း ယန်ယန်ရှီ၏ ဘဝဖြတ်သန်းမှုမှာ တရုတ်ပြည်မကြီး လူမှုကွန်ရက်တွင် အလွန်နာမည်ကြီးနေသည်။
ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ
ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်
ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျ
ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျ
ချစ်သူက ပြည့်တန်ဆာဘဝသို့ သွတ်သွင်းခြင်းခံလိုက်ရသော ဘောလိဝုဒ်ကြယ်ပွင့် ရုပ်ရှင်မင်းသမီး၏ ကြေကွဲဖွယ်ဘဝဇာတ်ကြောင်း
ချစ်သူက ပြည့်တန်ဆာဘဝသို့ သွတ်သွင်းခြင်းခံလိုက်ရသော ဘောလိဝုဒ်ကြယ်ပွင့် ရုပ်ရှင်မင်းသမီး၏ ကြေကွဲဖွယ်ဘဝဇာတ်ကြောင်း
TikTok လူမှုကွန်ရက်မှာ နာမည်ကြီးနေတဲ့ ထူးဆန်းသော အိမ်ခြံမြေကြော်ငြာတစ်ခုအကြောင်း
TikTok လူမှုကွန်ရက်မှာ နာမည်ကြီးနေတဲ့ ထူးဆန်းသော အိမ်ခြံမြေကြော်ငြာတစ်ခုအကြောင်း
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ
ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအ
ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအ
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်
CarsDB
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service