မြေယာဈေးကစားသူတွေရဲ့လက်ထဲရောက်နေတဲ့မြေချပါမစ်တွေ သေချာစိစစ်ပြီးမှ ၀ယ်ကြလေ

မြေယာဈေးကစားသူတွေရဲ့လက်ထဲရောက်နေတဲ့မြေချပါမစ်တွေ သေချာစိစစ်ပြီးမှ ၀ယ်ကြလေ - Property News in Myanmar from iMyanmarHouse.com
26 Feb 2018 12:21 pm တွင် တင်ခဲ့သည်
5030 ကြိမ် ကြည့်ရှု့ပြီး
ယခုဆောင်းပါးမှာ မြေချပါမစ်ကို မည်သည့်ဌာနက ဘယ်အတွက် စတင်ထုတ်ပေးတာလဲ၊မြေချပါမစ်ကို လွှဲပြောင်းရောင်းချခွင့် ရှိမရှိ၊ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနက ထုတ်ပေးခဲ့တဲ့ မြေချပါမစ်တွေကို ၁၉၉၂ မှ၂၀၀၄ခုနှစ်အတွင်းရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီသို့လွဲပြောင်းပေးခဲ့ပုံ၊၉၅%ရာခိုင်နှုန်းအထိ လွဲပြောင်းပေးပြီးပုံ ၂၀၁၂ခုနှစ်ကစပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ညွှန်ကြားလာမှသာ မြို့၊ ရွာနှင့် အိုးအိမ်ဦးစီးဌာန (ယခုမြို့ပြနှင့် အိမ်ရာဖွဲ့ဖြိုးရေး ဦးစီးဌာန) မှ မြေချပါမစ်ထုတ်ပေးပုံတိုကို လေ့လာသိရှိနိုင်ပါတယ်။

မြေချပါမစ်ကို ၀န်ထမ်းလုပ်သက်ဘယ်လောက်ရှိမှ ရနိုင်တာလဲ၊ မြေယာဈေးကစားသူတိုရဲ့ လက်ထဲရောက်သွားရခြင်းအကြောင်းရင်းနဲ့ ယခုအခါ တရားမြေချပါမစ် ထုတ်ပေးတဲ့ အိုးအိမ်ဝန်ထမ်းတွေကို အရေးယူနေတဲ့ အကြောင်းကို ဖတ်ရှုရပါမယ်။

အိမ်ရာဆောက်လုပ်ဖို့ စည်းကမ်းချက်သတ်မှတ်ထားတဲ့ မြေချပါမစ်

ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနရဲ့ ရှင်းလင်းချက်အရ “ မြေချပါမစ်” ဆိုတာ စည်ပင်သာယာရဲ့ အုပ်ချူပ်မှုမရှိသေးတဲ့ မြို့သစ်ဒေသများမှာ အိမ်ရာဆောက်လုပ်ဖို့အတွက် စည်းကမ်းချက်များ သတ်မှတ်ပြီး ချထားပေးခြင်းဖြစ်တယ်။

မြေချပါမစ်ဆိုတာ တစ်ဆင့်လွှဲပြောင်းရောင်းဝယ်ခွင့်မရှိ

မြေချပါမစ်တွေကို သတ်မှတ်စည်းကမ်းချက်ရှိလို့ တဆင့်ရောင်းဝယ်ခြင်း၊ လက်လွှဲခြင်းမပြုနိုင်ဘဲ အိမ်ရာအဆောက်အဦး ဆောက်လုပ် ဆောက်လုပ်ပြီးစီးပါက မြေအဌားစာချူပ် လျှောက်ထားရန်ဖြစ်ပါတယ်။

မြေချပါမစ်တွေကို ၁၉၉၂ မှ ၂၀၀၄အတွင်း မြို့တော်စည်ပင်ကို လွှဲပြောင်းပေးပြီးဖြစ်။

မြေချပါမစ်ရရှိပြီးပါက မြေလက်ရောက်ရယူပြီး အိမ်ရာဆောက်လုပ်ပေးဖို့ တာဝန်ရှိတယ်။ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနအနေနဲ့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီထံမှာ ၁၉၉၂ ခုနှစ်ကစပြီး ၂၀၀၄ ခုနှစ်အထိ လွဲပြောင်းပေးအပ်ခဲ့ပါတယ်။

အိုးအိမ်ဦးစီးဌာနမှ အိမ်ရာစီမံကိန်းတွေကို ၉၅%အထိ မြို့တော်သို့ လွှဲပြောင်းပေးပြီးဖြစ်

၂၀၁၂ ခုနှစ်က ယနေ့အထိ မြေယာစီမံခန့်ခွဲမှုလုပ်ငန်းတွေကို ပြန်လည် လွှဲပြောင်းပေးလျက်ရှိရာ ဆောင်ရွက်ဆဲ အိမ်ရာစီမံကိန်းအချို့သာကျန်ရှိပြီး ၉၅%ရာခိုင်နှုန်းခန့်အထိ လွှဲပြောင်းပေးအပ်ပြီးဖြစ်ပါတယ်။ ကျန်ရှိတဲ့အိမ်ရာစီမံကိန်းတွေကိုလည်း အပြီးသတ် လွှဲပြောင်းပေးဖို့ဆောင်ရွက်လျက်ရှိပါတယ်။

ယခုအခါ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ညွှန်ကြားမှ မြေချပါမစ် ထုတ်ပေး

၂၀၁၂ ခုနှစ်ကစပြီး မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန အစီအစဉ်နဲ့ မြေချပါမစ်ချပေးတဲ့ လုပ်ငန်းကို ဆောင်ရွက်ခြင်းမပြုတော့ပါ။ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကပဲ ချထားပေးလျက်ရှိနေပါတယ်။ အစိုးရအဖွဲ့မှ မြေချပါမစ် ထုတ်ပေးဖို့ ညွှန်ကြားလာပါက မြေချပါမစ်ကို ဆောင်ရွက်ပေးလျက်ရှိပါတယ်။

ဌာနဆိုင်ရာ လုပ်သက်(၁၅)နှစ် အထက်ရသူများ မြေချပါမစ်ရလိုသွား

၁၉၈၈ခုနှစ် နောက်ပိုင်းများမှာဆိုရင် ၀န်ကြီးဌာနတွေ အုပ်ချူပ်ရေးမှူးအဖွဲ့အစည်းတွေက မြို့သစ်များသို့ ရွှေ့ပြောင်းပေးရာမှာ ထုတ်ပေးခဲ့တဲ့ မြေချစလစ်တွေကို သိမ်းပြီး မြေချပါမစ်ထုတ်ပေးခဲ့ပါတယ်။ လုပ်သက်(၁၅)နှစ်အထက် ၀န်ထမ်းမြေကွက်ရရှိသူတွေနဲ့ ကာကွယ်ရေး ၀န်ကြီးဌာနက ထိခိုက်၊ ကျဆုံး၊ ဒဏ်ရာရစစ်သည်တွေနဲ့ သူတို့ရဲ့ အမွေဆက်ခံသူတွေကို ချထားပေးတဲ့မြေကွက်တွေကို မြေချပါမစ်ထုတ်ပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရပါတယ်။

မြေယာဈေးကစားသူတွေရဲ့ လက်ထဲရောက်ရခြင်း အကြောင်းရင်း

အဆိုပါကိစ္စရပ်တွေအတွက် မြေချပါမစ်ပြုလုပ်ပေးပြီးရင် အဲဒီပါမစ်တွေကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီသို့ ဆက်လက် လွှဲပြောင်းပေးလျက်ရှိပါတယ်။ မြေချပါမစ်ရရှိသူအချို့ကတော့ မြို့ပြဖွံ့ဖြိုးမှုအားနည်းတဲ့နေရာတွေမှာ သူတို့ရရှိတဲ့မြေကွက်တွေကို လက်ခံယူထားပေမဲ့ အဆောက်အဦးဆောက်လုပ်ပြီး နေထိုင်ခြင်းမပြုဘဲ လက်လွှဲနဲ့တစ်ဆင့်ပြန်ရောင်းကြပါတယ်။ အဲဒီမြေကွက်တွေဟာ မြေယာဈေး ကစားသူတွေရဲ့ လက်ထဲရောက်ရှိသွားတဲ့အတွက် အဆင့်ဆင့် ထပ်မံရောင်းဝယ်ကြရင်း လက်လွှဲ လက်ပြောင်းလုပ်နေကြတာကို တွေ့ရပါတယ်။

၂၀၁၂ခုနှစ်ကစ မြေချပါမစ်ထုတ်မပေးတာ အိုး/အိမ်ပါ

မြေယာလက်ရောက်ရယူမှုမရှိဘဲနဲ့ မြေချပါမစ်ကိုသာ ရယူပြီး အဆင့်ဆင့် လက်လွှဲရောင်းချနေခြင်းတို့ကြောင့် မြေချပါမစ်အတုတွေ ပြုလုပ်ရောင်းဝယ်မှုတွေ ဖြစ်ပေါ်လျက်ရှိနေပါတယ်။ မြို့ပြနဲ့ အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန အိုးအိမ်အနေနဲ့ ၂၀၁၂ခုနှစ်က စလို မြို့သစ်တွေမှာရှိတဲ့ မြေကွက်တွေကို ဦးစီးဌာနအစီအစဉ်နဲ့ မြေချပါမစ်ထုတ်ပေးခြင်း လုပ်ငန်းကို ဆောင်ရွက်ခြင်းမရှိတော့ဟု သိရပါတယ်။

တရားမ၀င်မြေချပါမစ်ထုတ်ပေးနေတဲ့ အိုးအိမ်ဝန်ထမ်းတွေ အရေးယူနေ

မြို့ပြနဲ့ အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန ၀န်ထမ်းများအနေနဲ့လည်း တရားမ၀င် မြေချပါမစ်ထုတ်ပေးခြင်းတွေ ဆောင်ရွက်လျက်ရှိတာကို တွေ့ရပါက ၀န်ထမ်းစည်းမျဉ်းစည်းကမ်းလုပ်ထုံး လုပ်နည်းများနဲ့ အညီ စိစစ်အရေးယူဆောင်ရွက်တယ်လို သိရပါတယ်။

လွှတ်တော်ကိုယ်စားလှယ်ရဲ့အမေး ၀န်ကြီးရဲ့အဖြေ

အခုလို သိရတာကတော့ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်မှာ ရှိတဲ့ ရပ်ကွက်အချို့မှာ ၂၀၁၇ခုနှစ် အတွင်းက မြေကွက်များစွာကို မြို့၊ ရွာနဲ့ အိုးအိမ် ဖွံ့ဖြိုးရေးဦးစီးဌာနက မြေချပါမစ်တွေ ထုတ်ပေးထားခြင်းဟာ မှန်ကန်မှုမရှိတဲ့အတွက် ပြန်လည်အရေးယူဆောင်ရွက်ပေးဖို့ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ် မဲဆန္ဒနယ် အမှတ်(၂) ကိုယ်စားလှယ် “ ဦးကျော်ကျော်မောင်” က မေးမြန်းခဲ့တဲ့အတွက် လျှပ်စစ်၊ စက်မှုလက်မှုနဲ့ လမ်းပန်းဆက်သွယ်ရေး ၀န်ကြီးဌာန ၀န်ကြီး “ဒေါ်နီလာကျော်” က (၉.၂.၂၀၁၈)နေ့က ရန်ကုန်တိုင်း လွှတ်တော်မှာ ဖြေကြားပေးခဲ့တာဖြစ်ပါတယ်။

၂၀၁၇ခုနှစ်ပါမစ်အသစ်တွေ၊ အတု၊ အစစ် သိဖို့အရေးကြီးနေ

ဒီလိုသာဆိုရင် ၂၀၁၇ခုနှစ်က ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်နဲ့ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်တွေမှာ ပါမစ်အသစ်တွေ ထွက်လာလို့ ၀ယ်ခဲ့မိတဲ့သူတွေအနေနဲ့ မိမိတို့ ၀ယ်ယူထားတဲ့ မြေချပါမစ်အသစ်တွေဟာ အတုလား၊ အစစ်လား သက်ဆိုင်ရာမြို့ပြနဲ့ အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနမှာ သွားရောက်အစစ်ဆေးခံဖို့ လိုအပ်နေပြီ ဖြစ်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ ၂၀၁၂ခုနှစ်ကစပြီး မြို့ပြနဲ့ အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန ( ယခင်မြို့၊ရွာနှင့် အိုးအိမ်ဖွံဖြိုးရေး ဦးစီးဌာန) အနေနဲ့ “ မြေချပါမစ်” ချပေးခြင်း လုပ်ငန်းတွေကို ဆောင်ရွက်ပေး ခြင်းမရှိတော့ဘူးလို့ ပြောတာကိုး။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ညွှန်ကြားလာ မြေချပါမစ်ထုတ်ပေးမှာ

တကယ်တော့ မြေချပါမစ်အသစ်တွေဟာ ၂၀၁၅-၂၀၁၆ ခုနှစ်တွေမှာ လည်း ထွက်ရှိနေတယ်လို့ သိရပါတယ်။ မြေချပါမစ်အသစ်တွေ လက်ဝယ် ကိုင်ထားသူတွေ အသိဆုံးဖြစ်မှာပါ၊ ဒါပေမဲ့ အားငယ်စရာတော့ မလိုပါဘူး။ ၂၀၁၂ခုနှစ်ကစပြီး မြို့၊ ရွာနဲ့ အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနက မြေချပါမစ် ထုတ်ပေးခြင်းတွေကို ဆောင်ရွက်ပေးခြင်း လုံးဝမရှိတာတော့ မဟုတ်ပါဘူး။ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က မြေချပါမစ် ထုတ်ပေးလိုက်ပါလို့ ညွှန်ကြားလာရင်တော့ ထုတ်ပေးနေတယ်ဆိုတော့ တော်သေးတာပေါ့။ စိတ်နဲနဲပေါ့သွားတာပေါ့နော်။

အဲဒီတော့ ၂၀၁၂ခုနှစ်ကပြီး ၂၀၁၇ခုနှစ်အထိ ကာလအတွင်းမှာ မြေချပါမစ်အသစ်များကို ၀ယ်ယူထားခဲ့သူများအဖို့ မိမိကိုလက်ဝယ်မှာ ရှိတဲ့ မြေချပါမစ်တွေဟာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ ညွှန်ကြားချက်အရ ထုတ်ယူရရှိထားတဲ့ ပါမစ်များဖြစ်ဖို့ လိုပါကြောင်း လေ့လာသုံးသပ်တင် ပြလိုက်ရပါတယ်။

“ သုခီ အတ္တာနံ ပံရိဟရန္တု”

လွှတ်တော်ရှေ့နေ မောင်ကောင်းဖေ မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှိသည်ကို ၇ နှစ်ကြာမှ သိလိုက်ရသည့် ဖြစ်ရပ် လူမှုကွန်ရက်တွင် ဟိုးလေးတကျော် ဖြစ်နေ...

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...
မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...
ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...
ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...
နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...
နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...
Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...
Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...
ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...
ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...
နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...
နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...
အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ
ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ
ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ
အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် န
အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် န
ဓားထိုးခံရကာ မကြာသေးမီက ဆေးရုံမှ ဆင်းလာသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဆာအိဖ် အလီခန်း မိသားစုပိုင် ရူပီး ကုဋေ ၁၅၀၀၀ တန်ကြေး
ဓားထိုးခံရကာ မကြာသေးမီက ဆေးရုံမှ ဆင်းလာသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဆာအိဖ် အလီခန်း မိသားစုပိုင် ရူပီး ကုဋေ ၁၅၀၀၀ တန်ကြေး
ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ
ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ
ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်
ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်
ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်က
ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်က
တရုတ်ပြည်တွင် ဆောက်လုပ်ရေးပစ္စည်းထုတ်လုပ်သော ကုမ္ပဏီတစ်ခုက နှစ်ကုန်ပါတီပွဲတွင် ဝန်ထမ်းများအား ငွေစက္ကူ ရေတွက်ပွဲအဖြစ် ယွ
တရုတ်ပြည်တွင် ဆောက်လုပ်ရေးပစ္စည်းထုတ်လုပ်သော ကုမ္ပဏီတစ်ခုက နှစ်ကုန်ပါတီပွဲတွင် ဝန်ထမ်းများအား ငွေစက္ကူ ရေတွက်ပွဲအဖြစ် ယွ
ဘီလ်ဂိတ်က အိမ်တွင် သားသမီးများ မရှိတော့ဘဲ တစ်ယောက်တည်း အထီးကျန်နေသော်လည်း ရေချိုးခန်း ၂၄ ခန်းပါ အလွန်ကြီးမားလှသည့် စံအိမ
ဘီလ်ဂိတ်က အိမ်တွင် သားသမီးများ မရှိတော့ဘဲ တစ်ယောက်တည်း အထီးကျန်နေသော်လည်း ရေချိုးခန်း ၂၄ ခန်းပါ အလွန်ကြီးမားလှသည့် စံအိမ
စင်္ကာပူတွင် လူသွားလမ်း ရေမြောင်းပေါက်အတွင်း တံထွေးထွေးသော ကမ္ဘာလှည့်ခရီးသည်တစ်ဦး ကန်ဒေါ်လာ ၂၂၀ ဒဏ်ရိုက်ခံရ၊ ဒဏ်ငွေ ချက်
စင်္ကာပူတွင် လူသွားလမ်း ရေမြောင်းပေါက်အတွင်း တံထွေးထွေးသော ကမ္ဘာလှည့်ခရီးသည်တစ်ဦး ကန်ဒေါ်လာ ၂၂၀ ဒဏ်ရိုက်ခံရ၊ ဒဏ်ငွေ ချက်
တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်
တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်
CarsDB
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service