Fosun International Limited ကို ၁၉၉၂ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး တရုတ်ပြည်၊ ရှန်ဟိုင်းမြို့ တွင် ရုံးချုပ်အခြေစိုက်သည်။
တရုတ်ပြည် ရှိယန်းမြို့ ၏ သမိုင်းဝင်နေရာတွင် တည်ရှိကာ နှစ်ပေါင်း ၈၂ နှစ်သက်တမ်းရှိပြီဖြစ်သည့် အထည်ချုပ်စက်ရုံဟောင်းကြီးသည့် ကမ္ဘာလှည့်ခရီးသည်တို့ သွားရောက်ကြသည့်နေရာတစ်ခုလည်း ဖြစ်နေသည်။
အထည်စက်ရုံဟောင်းတည်ရှိရာ ဒါဟွားအရပ်သည် ယနေ့အခါတွင် ကဇာတ်ရုံကြီးများ၊ ရုပ်ရှင်ရုံများ၊ အနုပညာစင်တာများနှင့် ဟိုတယ်များ အခြေစိုက်ရာနေရာတစ်ခုလည်း ဖြစ်လာသည်။
အထည်စက်ရုံမှာ ဒါမင်နန်းတော်ကြီးနှင့် ကပ်လျက်တည်ရှိသည်။
ဒါမင်နန်းတော်သည် တန်မင်းဆက်ထီးနန်းစိုက်ရာ အရပ်ဖြစ်၏။
ဖိုဆန်အုပ်စုသည် တရုတ်ပြည်တွင် ပုဂ္ဂလိကပိုင် အကြီးမားဆုံး လုပ်ငန်းစုံကုမ္ပဏီကြီးတစ်ခုဖြစ်သည်။
ဖိုဆန်က ယခုအခါအဆိုပါ အထည်စက်ရုံဟောင်းကြီးကို ဖျော်ဖြေရေးနှင့် လက်လီအရောင်းအဆောက်အအုံကြီးအဖြစ် ပြောင်းလဲတော့မည် ဖြစ်သည်။
“စီမံကိန်းပြီးစီးပြီဆိုရင် အမြဲအသက်ဝင်လှုပ်ရှားနေသည့် ရှိယန်းမြို့ အတွက် ကမ္ဘာ့အဆင့်မီ လက်လီနှင့် ဖျော်ဖြေရေးအချက်အခြာသစ်တစ်ခု ဆောင်ကြဉ်းပေးနိုင်မှာ ဖြစ်ပါတယ်” ဟု Woods Bagot အကြီးအကဲ အီယန် ပင်က ပြောကြားသည်။
စုစုပေါင်းအကျယ်အဝန်း စတုရန်းမီတာ ၆၅၀၀၀ အထိရှိပြီး ၂၀၁၉ ခုနှစ်တွင် အပြီးသတ်ဆောက်လုပ်ရန် ရည်မှန်းထားကာ ပြည်တွင်းဖြစ် ဖက်ရှင်အမှတ်တံဆိပ်များ၊ အစားအသောက်နှင့် အဖျော်ယမကာဆိုင်များ၊ အနုပညာစင်တာများ၊ ကဇာတ်ရုံများ၊ ပြတိုက်နှင့် ဟိုတယ်တို့ ပါဝင်မည် ဖြစ်သည်။
အနီးတွင်လည်း မြေအောက်ဘူတာရုံသစ်ကြီးကို ယခု ၂၀၁၈ ခုနှစ်အတွင်း ဖွင့်လှစ်တော့မည်ဖြစ်ရာ လာရောက်လည်ပတ်သူတို့အတွက် အဓိကသယ်ယူပို့ဆောင်ရေး လမ်းကြောင်းတစ်ခု ဖြစ်လာမည် ဖြစ်သည်။
“ဒီသမိုင်းဝင်အဆောက်အအုံကြီးတွေဟာ သူတို့ကိုယ်တိုင်ဆီမှာ ပြောပြစရာ ကိုယ်ပိုင်သမိုင်းဇာတ်လမ်းတွေ ရှိခဲ့ပါတယ်။ ဒါတွေကို သူတို့ကိုယ်တိုင် ပြောပြစေဖို့ ကျွန်တော်တို့က လိုလားတာပါ။ ပြီးရင်သမိုင်းအပေါ်မှာ အခြေခံပြီး အခန်းကဏ္ဍသစ်၊ သမိုင်းသစ်ကို ရေးသားကြရမှာ ဖြစ်ပါတယ်” ဟု အီယန်ပင်က ပြောကြားသည်။
ဖိုဆန်ကုမ္ပဏီကို တရုတ်ပြည်၏ ဝါရင်ဘူဖေး၏ ခေါ်ဆိုကြသော ကောက်ကွမ်ချန်းက တည်ထောင်ခဲ့ခြင်းဖြစ်သည်။
ကောက်ကွမ်ချန်းသည် ဖျော်ဖြေရေး၊ ရေနံနှင့် ဖက်ရှင်လုပ်ငန်းကဏ္ဍများတွင်လည်း ရင်းနှီးမြှုပ်နှံမှု အလုံးအရင်းပြုလုပ်ထားသူ ဖြစ်သည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)