သင်သည် လှေတစ်စီးပေါ်တွင် နေအိမ်အဖြစ် အခြေချနေထိုင်လို၏။ သို့ရာတွင် ရေထဲတွင်မူ မနေလို၊ သို့ဆိုလျှင် ဖြစ်နိုင်ပါမည်လော။
ဖြစ်နိုင်ပါသည်။
ယခုအခါ လှေတို့ကို ရူးသွပ်ခုံမင်သူများအတွက် လှေပုံသဏ္ဍာန်ဆောက်လုပ်ထားသည့် နေအိမ်တစ်လုံး အရောင်းဈေးကွက်ဝင်လာပြီ ဖြစ်သည်။
တည်နေရာမှာ အမေရိကန်ပြည်ထောင်စု၊ ဝစ္စကွန်ဆင်ပြည်နယ်၊ မယ်လ်ဝါကီမြို့တွင် တည်ရှိပြီး နာမည်ကျော် မီချီဂန်ရေကန်ကြီး၏ အနောက်ဘက်ကမ်းရိုးတန်းတွင် တည်ရှိသည်။
နေအိမ်ကို ရှာဖွေရန် အခက်တွေ့နေသည်ဆိုပါက ထိုဒေသသို့ရောက်လျှင် မီးပြတိုက်ငယ်ပုံ အဆောက်အအုံတစ်ခုကို ရှာဖွေလိုက်လျှင် တွေ့ရှိမည် ဖြစ်၏။
နေအိမ်ရှေ့တွင် မီးပြတိုက်ငယ်တစ်ခု ဆောက်လုပ်ထားခြင်းဖြစ်သည်။
၁၉၂၂ ခုနှစ်က ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ယခုအခါ ကန်ဒေါ်လာ ၃၈၉၀၀၀ ဖြင့် အရောင်းဈေးကွက်တင်လာသည်။
အိပ်ခန်း ၂ ခန်း၊ ရေချိုးခန်း ၂ ခန်းပါဝင်ပြီး Milwaukee Executive Realty အိမ်ခြံမြေကုမ္ပဏီမှတစ်ဆင့် အရောင်းဈေးကွက်တင်လာခြင်း ဖြစ်သည်။
မယ်လ်ဝါကီမြို့ အရှေ့ဘက် နာမည်ကျော် စက်ဘီးစီးလမ်း Oak Leaf Trail အနီးတွင် တည်ရှိပြီး ဒေသခံများ စက်ဘီးစီးထွက်ကြရာ နေရာလည်း ဖြစ်သည်။
နေအိမ်အကျယ်အဝန်းမှာ စတုရန်းပေ ၅၅၀ သာရှိပြီး အချို့က “အိမ်သေးလေး” ဟု အမည်ပေးကြသည်။
ဒေသတွင်းတွင် အခြားနေအိမ်များထက် ပိုမိုဈေးကြီးသည့်နေအိမ်တစ်လုံးဖြစ်သည်ဟုလည်း ဆိုနိုင်သည်။
အဆိုပါ ၂ ထပ်နေအိမ်ကို အမေရိကန် အမျိုးသားသမိုင်းဝင်နေရာများ မှတ်ပုံတင်အဖွဲ့၏ မှတ်တမ်းဝင်နေအိမ်လည်း ဖြစ်သည်။
ဧည့်ခန်းတွင် ဧည့်ခံကျွေးမွေးပွဲများ ပြုလုပ်ရန် နေရာကျယ်ဝန်းပြီး ဝစ္စကွန်ဆင်၏ ဆောင်းဥတုတွင် မီးလင်းဖို၏ အနွေးဓာတ်ဖြင့် စာဖတ်ရန် ကောင်းမွန်လှသည်။
အိပ်ခန်းနံရံများကို ဆင်စွယ်ရောင် ဆေးသုတ်ထားပြီး အဝတ်အစားနှင့် အခြားပစ္စည်းပစ္စယများထားသိုရန် နံရံမြှုပ် အခန်းငယ်များ ထည့်သွင်းဆောက်လုပ်ထားသည်။
လက်ရှိပိုင်ရှင်များသည် ၁၉၈၀ ပြည့်လွန်ကာလများအတွင်း ဝယ်ယူခဲ့ခြင်းဖြစ်ပြီး ဝယ်ယူခဲ့စဉ်က စွန့်ပစ်ထားသည့်နေရာတစ်ခုဖြစ်ကာ ပြန်လည်ပြုပြင်မွမ်းမံရန် များစွာငွေကုန်ကြေးကျခံခဲ့ရသည်။
ယင်းနောက်ပိုင်း နှစ်ရှည်ငှားရမ်းမှုအချို့ ပြုလုပ်ခဲ့ကာ ယနေ့အခါတွင် အရောင်းဈေးကွက်သို့ တင်သွင်းလာခြင်းလည်း ဖြစ်လေသည်။
(အချက်အလက်များ)
အိပ်ခန်း ၁ ခန်း
ရေချိုးခန်း ၂ ခန်း
စတုရန်းပေ ၅၅၀
မြေကွက်အကျယ်- ၈၆၄၀ စတုရန်းပေ
တည်နေရာ-3138 N Cambridge Ave, Milwaukee, WI 53211
ခန့်မှန်းကာလပေါက်ဈေး- ၂၇၃၇၀၀
တစ်စတုရန်းပေပေါက်ဈေး- ကန်ဒေါ်လာ ၄၉၈
ဆောက်လုပ်မှု- ၁၉၂၆ ခုနှစ်
မီးလင်းဖို- ပါဝင်
ယခုနေအိမ်သည် လာမည့်နှစ်တွင် ၃ ရာခိုင်နှုန်းခန့် ဈေးတက်ဖွယ်အလားအလာရှိသည်ဟု ခန့်မှန်းချက်များရှိသည်။
အဆိုပါခန့်မှန်းချက်မှာ နောက်ဆုံးရအိမ်ခြံမြေညွှန်းကိန်းများအပေါ် အခြေခံကာ ခန့်မှန်းခြင်းဖြစ်သည်။
ယင်းနေအိမ်သည် လွန်ခဲ့သော ၄ နှစ်တာကာလအတွင်း နေအိမ်တန်ဖိုး ၈၉ ရာခိုင်နှုန်းရောက်အောင် တဖြည်းဖြည်းမြင့်တက်လာခဲ့ခြင်း ဖြစ်သည်။
(နေအိမ်အရောင်းအဝယ်သမိုင်းကြောင်း)
၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ ၈ ရက်တွင် ကန်ဒေါ်လာ ၂၉၀၀၀၀ ပေါက်ဈေးရှိခဲ့သည်။
၂၀၁၇ ခုနှစ်၊ ဇွန်လ ၂ ရက်တွင် ကန်ဒေါ်လာ ၃၈၉၀၀၀ ဖြင့် အရောင်းဈေးကွက်တင်ခဲ့ဖူးသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)