အမေရိကန်ပြည်ထောင်စု၊ မင်နီဆိုးတားပြည်နယ်တွင် ပုဂ္ဂလိကပိုင် ကျွန်းငယ်များ များပြားလှသည်။
အဆိုပါကျွန်းငယ်ပေါင်း များစွာအနက်မှ အရောင်းဈေးကွက်ရောက်ရှိနေသည့် သိမ်းငှက်ကျွန်းအကြောင်း တင်ပြပါမည်။
ကျွန်းပေါ်တွင် မူရင်းနေထိုင်ခဲ့သူတို့မှာ ထက်မြက်ကာ ခန့်ညားကြသောကြောင့် ၎င်းတို့ကို အစွဲပြုကာ သိမ်းငှက်ကျွန်းဟု အမည်ပေးခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
ကျွန်းအကျယ်အဝန်းမှာ ၅ ဧကခွဲခန့်ရှိပြီး နာမည်ကျော် ဗာမီလီယန်ရေကန်ကြီးအတွင်းတွင် ကိုယ်ပိုင်ကျွန်းတစ်ခု ပိုင်ဆိုင်နိုင်မည့် အခွင့်အရေးလည်း ဖြစ်သည်။
ဖရေဇာပင်လယ်ကွေ့နှင့် ဘလက်ဒပ်ခ်ပင်လယ်ကွေ့အကြားတွင် တည်ရှိပြီး ရေကန်ကြီး၏ မြောက်ဘက်ကမ်းခြေမှ မိုင်ဝက်ခန့်ဝေးကွာသော ရေကန်အတွင်းတွင် တည်ရှိသည်။
ကမ်းခြေမှ လှေဖြင့်သွားမည်ဆိုပါက ၅ မိနစ်ခန့်သာ စီးနင်းရမည် ဖြစ်ပြီး ၅ မိနစ်အတွင်း သဘာဝတရားအစစ်ကို မျက်ဝါးထင်ထင်တွေ့မြင်ရမည် ဖြစ်လေသည်။
နေအိမ်အကျယ်အဝန်းမှာ ၄၅၇၀ စတုရန်းပေရှိပြီး ၄ ထပ်အဆောက်အအုံဖြစ်သည်။
နာမည်ကျော် ဗိသုကာပညာရှင်များ၊ ဆောက်လုပ်ရေးသမားများ၊ Sharatt Design & Company၊ Johnston Masonry နှင့် Firelight Galleries တို့ အပါအဝင် လက်မှုပညာရှင်များစွာ ပူးပေါင်းဆောက်လုပ်ခဲ့ကြသည့်နေအိမ်လည်း ဖြစ်သည်။
ပင်မနေအိမ်ခန်းနေရာကို မွန်တားနားထွက်သစ်ဖြင့်ဆောက်လုပ်ထားပြီး တောင်ပံသဖွယ်တွဲလျက်အခန်းနေရာကို ခေတ်ပြိုင်စတီးဖရိန် ဖြင့် ဆောက်လုပ်ထားသည်။
နေအိမ်တွင် လျှပ်စစ်မီးရှိပြီး ဓာတ်လှေကားတစ်ခုလည်း ပါဝင်သည်။
အိပ်ခန်း ၃ ခန်း၊ ရေချိုးခန်း ၅ ခန်း၊ နံရံမြှုပ် ရေခဲသေတ္တာ၊ Thermador အမျိုးအစား ဓာတ်ငွေမီးဖိုစက်တို့ ပါဝင်သည်။
အထူးအိပ်ခန်းမှာ အလွန်ကျယ်ပြောလှပြီး စာအုပ်ကောင်းတစ်အုပ်နှင့် လဲလျောင်းစာဖတ်ရင်း မျက်လုံးညောင်းလာပါက ဝန်းကျင်ရှိ သဘာဝမြင်ကွင်းများကို ကြမ်းပြင်မှ မျက်နှာကြက်အထိ မြင့်မားသည့် ပြတင်းများမှတစ်ဆင့် ရှုမျှော်ခံစားနိုင်လေသည်။
သိမ်းငှက်ကျွန်းပေါ်တွင် နေထိုင်ရသည့်ဘဝသည် သက်တောင့်သက်သာရှိလှသည့်နည်းတူ တမူထူးခြားသည့် အေးချမ်းဆိတ်ငြိမ်မှု ကိုလည်း ရရှိနိုင်မည် ဖြစ်သည်။
အဆိုပါကျွန်းသို့ သွားမည်ဆိုပါက Range Regional လေဆိပ်မှတစ်ဆင့်သွားရမည်ဖြစ်ပြီး လေဆိပ်နှင့် ၅၅ မိုင်ခန့်သာ ဝေးကွာသည်။
၁၆ မိုင်ခန့် ဝေးကွာသောအရပ်တွင်မူ လေယာဉ်ငယ်များဆင်းသက်နိုင်သည့် Tower Municipal Airport ရှိသည်။
ပရိဘောဂအစုံအလင်ပါဝင်ပြီးဖြစ်သည့် အဆိုပါကျွန်းနှင့် နေအိမ်ကို ဝယ်ယူလိုပါက James R. Ertz, Broker | DF & Company, Inc. | 5481 St. Croix Trail, North Branch, MN 55056 သို့ စာရေးသား ဆက်သွယ်နိုင်သည်ဟု ဆိုသည်။
ထို့အပြင် တယ်လီဖုန်းဖြင့် ဆက်သွယ်လိုပါက 651.242.5814 (ရုံး)၊ 651.253.5568 (မိုဘိုင်း) ဖုန်းနံပါတ်များသို့ ဆက်သွယ်နိုင်ကာ အီးမေးလ်ဖြင့် ဆက်သွယ်လိုလျှင်မူ jertz@dfandcompany.com သို့ ဆက်သွယ်နိုင်သည်ဟု သိရသည်။
(သိမ်းငှက်ကျွန်း၏ အချက်အလက်များ)
အမည်- သိမ်းငှက်ကျွန်း
တည်နေရာ- မင်နီဆိုးတားပြည်နယ်၊ အမေရိကန်ပြည်ထောင်စု
ပိုင်ဆိုင်မှု- ဘိုးဘွားပိုင်
အမျိုးအစား- ကိုယ်ပိုင်ကျွန်း
ဈေးနှုန်း- ကန်ဒေါ်လာ ၁ ဒသမ ၉၉၅ သန်း
အကျယ်အဝန်း- ၅ ဒသမ ၅ ဧက
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)