အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ အကြီးဆုံးသားက မိသားစုဆောက်လုပ်ရေးလုပ်ငန်းများ တိုးတက်ရေးအတွက် အိန္ဒိယသို့ အလည်အပတ်သွားကာ ဝန်ကြီးချုပ် မိုဒီနှင့်တွေ့ဆုံမည်

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ အကြီးဆုံးသားက မိသားစုဆောက်လုပ်ရေးလုပ်ငန်းများ တိုးတက်ရေးအတွက် အိန္ဒိယသို့ အလည်အပတ်သွားကာ ဝန်ကြီးချုပ် မိုဒီနှင့်တွေ့ဆုံမည် - Property News in Myanmar from iMyanmarHouse.com
22 Feb 2018 11:51 am တွင် တင်ခဲ့သည်
5508 ကြိမ် ကြည့်ရှု့ပြီး
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ အကြီးဆုံးသားဖြစ်သူ ဒေါ်နယ်ထရမ့်ဂျူနီယာသည် မိသားစုဆောက်လုပ်ရေးလုပ်ငန်းများ တိုးတက်ရေးအတွက် အိန္ဒိယသို့ အလည်အပတ်သွားကာ ဝန်ကြီးချုပ် မိုဒီနှင့်တွေ့ဆုံမည်ဖြစ်ကြောင်း အမေရိကန်နှင့် အင်္ဂလန်အခြေစိုက် သတင်းဝက်ဘ်ဆိုက်များတွင် ဖော်ပြသည်။

ယခုခရီးစဉ်အတွင်း မိသားစု၏ ဆောက်လုပ်ရေးလုပ်ငန်းကိစ္စရပ်များသာမက အိန္ဒိယဝန်ကြီးချုပ် နာရန်ဒြာ မိုဒီနှင့်တွေ့ဆုံကာ အမေရိကန်နိုင်ငံခြားရေးမူဝါဒနှင့် စပ်လျဉ်း၍ မိန့်ခွန်းတစ်ရပ်လည်း ပြောကြားရန် စီစဉ်ထားသည်ဟု ဆိုသည်။

အိန္ဒိယသတင်းစာများတွင် “ထရမ့်ရောက်နေပြီ…သင်ဖိတ်ကြားခံရပြီးပြီလား” ဟူသော ခေါင်းစဉ်ဖြင့် သတင်းများ ဖော်ပြလျက်ရှိသည်။
ထို့အပြင် မွမ်ဘိုင်းရှိ ထရမ့်တာဝါစီမံကိန်းကိုလည်း အရောင်းကြော်ငြာလာသည်ကိုလည်း တွေ့ရသည်ဟု ဆိုသည်။

ထရမ့်တာဝါစီမံကိန်းတွင် ကန်ဒေါ်လာ ၃၈၀၀၀ ခန့်ပေးသွင်းကာ ဝယ်ယူကြသူများအနေဖြင့် ဒေါ်နယ်ထရမ့်၏ သားဖြစ်သူ ရောက်ရှိလာပါက ညစာစားပွဲသို့ တက်ရောက်ခွင့်ရမည်ဟု အိန္ဒိယသတင်းစာများတွင် ကြော်ငြာလာကြသည်။

အသက် ၄၀ အရွယ်ရှိပြီဖြစ်သည့် ထရမ့်ဂျူနီယာသည် Trump Organization ၏ အိမ်ခြံမြေစီမံကိန်းများရှိရာ အိန္ဒိယမြို့ကြီးများသို့ သွားရောက်ကာ ရင်းနှီးမြှုပ်နှံသူများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံမည် ဖြစ်သည်။

Trump Organization သည် မွမ်ဘိုင်း၊ ကိုလ်ကာတားနှင့် နယူးဒေလီတို့တွင် ဆောက်လုပ်ရေးစီမံကိန်းများ အကောင်အထည်ပေါ်လျက် ရှိသည်။
လာမည့်သောကြာနေ့တွင်ကျင်းပမည့် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးထိပ်သီးဆွေးနွေးပွဲတွင်လည်း ထရမ့်ဂျူနီယာက “အင်ဒို-ပစိဖိတ်ပူးပေါင်းမှု ပြန်လည်ပုံဖော်ခြင်း၊ ပူးပေါင်းဆောင်ရွက်မှု ခေတ်သစ် ” ဟူသောခေါင်းစဉ်ဖြင့် ဟောပြောမည် ဖြစ်သည်။

သမ္မတဒေါ်နယ်ထရမ့်သည် သမ္မတအဖြစ်ရွေးကောက်ခံရပြီးနောက်ပိုင်းမှစတင်ကာ မိသားစုစီးပွားရေးလုပ်ငန်းများကို ကိုင်တွယ်ခြင်းမရှိတော့ဘဲ နေ့စဉ်လုပ်ဆောင်ဖွယ်ကိစ္စရပ်အားလုံးကို သားကြီးများဖြစ်သော ဒေါ်နယ်ထရမ့်ဂျူနီယာနှင့် အဲရစ် ဖရက်ဒရစ် ထရမ့်တို့ထံ လွှဲပြောင်းပေးထားသည်။

“ကုမ္ပဏီနဲ့ အစိုးရဆိုတာကြားမှာ လုံးဝပိုင်းခြားထားပါတယ်။ ဒီနှစ်ခုကြားမှာ မယုံကြည်နိုင်လောက်တဲ့ တံတိုင်းတစ်ခု ကျွန်တော်တို့ တည်ထောင်ထားခဲ့ပြီးဖြစ်ပါတယ်” ဟု သားလတ်ဖြစ်သူ အဲရစ်က ပြောကြားသည်။

ဒေါ်နယ်ထရမ့်၏ သားသမီးများ မိသားစုစီးပွားရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် Secret Service ထောက်လှမ်းရေးအဖွဲ့ဝင်များကို အသုံးပြုလျှက်ရှိခြင်းကြောင့် တိုင်းပြည်ဘဏ္ဍာငွေ များပြားစွာကုန်ကျနေရမှုအပေါ် ဝေဖန်မှုများလည်း ရှိနေသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ အကြီးဆုံးသားက မိသားစုဆောက်လုပ်ရေးလုပ်ငန်းများ တိုးတက်ရေးအတွက် အိန္ဒိယသို့ အလည်အပတ်သွားကာ ဝန်ကြီးချုပ် မိုဒီနှင့်တွေ့ဆုံမည် - Property News in Myanmar from iMyanmarHouse.com
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ အကြီးဆုံးသားက မိသားစုဆောက်လုပ်ရေးလုပ်ငန်းများ တိုးတက်ရေးအတွက် အိန္ဒိယသို့ အလည်အပတ်သွားကာ ဝန်ကြီးချုပ် မိုဒီနှင့်တွေ့ဆုံမည် - Property News in Myanmar from iMyanmarHouse.com
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ အကြီးဆုံးသားက မိသားစုဆောက်လုပ်ရေးလုပ်ငန်းများ တိုးတက်ရေးအတွက် အိန္ဒိယသို့ အလည်အပတ်သွားကာ ဝန်ကြီးချုပ် မိုဒီနှင့်တွေ့ဆုံမည် - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှိသည်ကို ၇ နှစ်ကြာမှ သိလိုက်ရသည့် ဖြစ်ရပ် လူမှုကွန်ရက်တွင် ဟိုးလေးတကျော် ဖြစ်နေ...

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...

နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်

ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်
ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ
ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ

တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှ

တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရ

ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခ

မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး

ဂျပန်နိုင်ငံတွင် စွန့်ပစ်ထားသော နေအိမ်ပေါင်း ၂၀၀ ကို ဝယ်ယူခဲ့ကာ ပြန်လည် အငှားချထားခြင်းဖြင့် နှစ်စဉ်ဝင်ငွေ ဒေါ်လာ ၉၀၀,၀၀

CarsDB
Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service