စင်္ကာပူစီးပွားရေး ၂၀၁၇ တွင် စံချိန်တင် ဖွံ့ဖြိုးခဲ့

စင်္ကာပူစီးပွားရေး ၂၀၁၇ တွင် စံချိန်တင် ဖွံ့ဖြိုးခဲ့ - Property News in Myanmar from iMyanmarHouse.com
22 Feb 2018 10:51 am တွင် တင်ခဲ့သည်
5150 ကြိမ် ကြည့်ရှု့ပြီး
စင်္ကာပူသည် ကုန်ထုတ်လုပ်မှုကဏ္ဍကြောင့် ၂၀၁၇ တွင် ဂျီဒီပီဖွံ့ဖြိုးမှုနှုန်း ၃ ဒသမ ၆ ရာခိုင်နှုန်း ရှိခဲ့သည်။

စင်္ကာပူပြည်တွင်းအသားတင်ထုတ်ကုန် (GDP) သည် ၂၀၁၇ တစ်နှစ်လုံးအတွက် ၂၀၁၆ ခုနှစ်ကထက် ၃ ဒသမ ၆ ရာခိုင်နှုန်း ဖွံ့ဖြိုးတိုးတက်ခဲ့ကြောင်း စင်္ကာပူကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာန (MTI) က ဖေဖော်ဝါရီ ၁၄ တွင် ထုတ်ပြန်ခဲ့သည်။

ယင်းသည် ၂၀၁၄ ခုနှစ်ကတည်းက စင်္ကာပူ၏ စီးပွားရေးအမြင့်မားဆုံးဖွံ့ဖြိုးမှု ဖြစ်ရုံသာမက MTI က ကြိုတင်ခန့်မှန်းခဲ့သည့် ၃ ဒသမ ၅ ရာခိုင်နှုန်းထက်လည်း ကျော်လွန်ခဲ့သည်။

၂၀၁၆ က ၃ ဒသမ ၇ ရာခိုင်နှုန်း ရှိခဲ့ရာမှ ၂၀၁၇ တွင် ၁၀ ဒသမ ၁ ရာခိုင်နှုန်းသို့ တိုးတက်လာခဲ့သည့် ကုန်ထုတ်လုပ်မှုကဏ္ဍကြောင့် ထိုကဲ့သို့ စွမ်းဆောင်ရည် ကောင်းခဲ့ခြင်းဖြစ်သည်။

"အဓိကအားဖြင့် အီလက်ထရောနစ်ပစ္စည်းများနှင့် စက်မှုနည်းပညာထိန်းချုပ်ပစ္စည်းများ၊ ဇီဝဆေးဘက်ဆိုင်ရာကုန်ထုတ်လုပ်မှု၊ ပို့ဆောင်ရေးစက်မှု
နည်းပညာထုတ်ကုန်နှင့် အထွေထွေကုန်ထုတ်လုပ်မှုပစ္စည်းများကြောင့် ဖွံ့ဖြိုးခဲ့ခြင်းဖြစ်သည်" ဟု MTI က ထုတ်ပြန်ခဲ့သည်။

၂၀၁၇ ဆောက်လုပ်မှုကဏ္ဍကမူ ၈ ဒသမ ၄ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။ ၁ ဒသမ ၉ ရာခိုင်နှုန်း ဖွံ့ဖြိုးခဲ့သည့် ၂၀၁၆ ခုနှစ်နှင့် ပြောင်းပြန်ဖြစ်သည်။

"ဆောက်လုပ်မှုကဏ္ဍတွင် ထုတ်ကုန်ကျဆင်းခဲ့ခြင်းသည် အဓိကအားဖြင့် ပုဂ္ဂလိကဆောက်လုပ်မှုလုပ်ငန်းများ၏ အားနည်းချက်ကြောင့် ဖြစ်သည်။" ဟုလည်း MTI က ထုတ်ပြန်ခဲ့သည်။

MTI က နိုင်ငံစီးပွားရေးသည် ယခု ၂၀၁၈ ခုနှစ်တွင် အသင့်အတင့်နှုန်းဖြင့် ဖွံ့ဖြိုးမည်ဖြစ်ကြောင်း၊ သို့သော် ခန့်မှန်းနှုန်း (၁ ဒသမ ၅ ရာခိုင်နှုန်းမှ ၃ ဒသမ ၅ ရာခိုင်နှုန်းအကြား) ၏ အလယ်အလတ်ထက် အနည်းငယ်မြင့်နိုင်ဆဲဖြစ်ကြောင်း ခန့်မှန်းခဲ့သည်။

သို့ရာတွင် ဆောက်လုပ်မှုဝယ်လိုအား၌ အစောပိုင်းအားနည်းချက် (အထူးသဖြင့် ပုဂ္ဂလိကကဏ္ဌမှ) က ပုဂ္ဂလိကဆောက်လုပ်မှုလှုပ်ရှားမှုများအား ဆက်လက်ဖိစီးနေသောကြောင့် ဆောက်လုပ်မှုကဏ္ဍ၏ စွမ်းဆောင်ရည်သည် ၂၀၁၈ ခုနှစ်တွင် ဆက်လက်ထိုင်းမှိုင်းနေဖွယ်ရှိကြောင်းလည်း ခန့်မှန်းခဲ့သည်။

ခင်အေးချမ်း မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးဘာသာပြန် ရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှိသည်ကို ၇ နှစ်ကြာမှ သိလိုက်ရသည့် ဖြစ်ရပ် လူမှုကွန်ရက်တွင် ဟိုးလေးတကျော် ဖြစ်နေ...

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...

နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘီလ်ဂိတ်က အိမ်တွင် သားသမီးများ မရှိတော့ဘဲ တစ်ယောက်တည်း အထီးကျန်နေသော်လည်း ရေချိုးခန်း ၂၄ ခန်းပါ အလွန်ကြီးမားလှသည့် စံအိမ
ဘီလ်ဂိတ်က အိမ်တွင် သားသမီးများ မရှိတော့ဘဲ တစ်ယောက်တည်း အထီးကျန်နေသော်လည်း ရေချိုးခန်း ၂၄ ခန်းပါ အလွန်ကြီးမားလှသည့် စံအိမ
ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ
ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော

ဆွေးနွေးအဖြေရှာ ဥပဒေရေးရာ
ဆွေးနွေးအဖြေရှာ ဥပဒေရေးရာ
ဓားထိုးခံရကာ မကြာသေးမီက ဆေးရုံမှ ဆင်းလာသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဆာအိဖ် အလီခန်း မိသားစုပိုင် ရူပီး ကုဋေ ၁၅၀၀၀ တန်ကြေး

အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် န

လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်

လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်

ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှ

imyanmarmarket
CarsDB Showroom Opening

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service