၂၀၁၈ ဖေဖော်ဝါရီ ရဲ့ အိမ်ခြံမြေ ဈေးကွက်ဟာ အခွန်နှုန်းထားပြင်ဆင်သတ်မှတ်မှု ၊ ဆောက်လုပ်ရေးကဏ္ဍပြန်လည် အစပျိုး မှုတွေနဲ့အတူ သက်ဝင်နိုးထလာပါတယ်။အိမ် ခြံ မြေ ဈေးကွက်တစ်ကျော့ပြန်နိုးထလာဖို့အတွက် အဆင်သင့်ရှိနေတဲ့အနေအထားပုံစံနဲ့တွေ့မြင်လာရကြောင်းလည်း ရန်ကုန်အခြေစိုက် ၀ါရင့် အိမ် ခြံ မြေ လုပ်ငန်းရှင်များက တညီတညွတ်တည်း သုံးသပ်လာကြတာကိုလည်းတွေ့မြင်ရပါတယ်။
၂၀၁၈ ဖေဖော်ဝါရီလမှာတော့ အငှားတွေအားကောင်းတာ နဲ့အမျှ အရောင်းအဝယ်ဟာလည်း ပြန်လည်သွက်လက်လာတယ်လို့ မြန်မာနိုင်ငံအိမ် ခြံ မြေ ၀န်ဆောင်မှုအသင်းက ဒုတိယဥက္ကဌက ဆိုပါတယ်။
ဒီလထဲမှာတော့ တိုက်ခန်း ၊ လုံးချင်း ၊ ကွန်ဒိုတွေ အကုန်လုံးအငှားကပိုဖြစ်တယ်။အရောင်းအဝယ်ပိုင်းမှာတော့ ပါမစ်မြေတွေ ပြန်လည်လှုပ်ရှားသက်ဝင်လျက်ရှိတယ်လို့ ဆိုပါတယ်။၏
Down Town Area
ရန်ကုန့်မြို့ရဲ့ မြို့တွင်း ခြောက်မြို့နယ် ရဲ့ အနေအထားကတော့ အငှားပိုင်းမှာထိပ်ဆုံးကဦးဆောင်နေပါတယ်။စီးပွားရေးဆိုင်ရာ အငှားတွေ ၊ လူနေထိုင်ဖို့အငှားတွေနဲ့ အတူ မြိုင်မြိုင်ဆိုင်ဆိုင်အားကောင်းခဲ့တယ်လို့သိရပါတယ်။အရောင်းဖြစ်ထွန်းမှုအပိုင်းမှာတော့ အရှိန်ရစပြုနေပြီး တိုက်ခန်းအရောင်း အဝယ်သာ အနည်းငယ်ရှိလာတယ်လို့ အထက်ပါ ပုဂ္ဂိုလ်ကပြောဆိုပါတယ်။
ဗဟန်း
အငှား အားကောင်းသလို အရောင်းအဝယ်ပိုင်းမှာနော့ အခွန်နငန်းထားပြန်လည်ဖြေလျှော့မှုတွေနဲ့အတူ လူစိတ်ဝင်စားလာကြတာကိုတွေ့မြင်ရပါတယ်။ဈေးနငန်းအခြေအနေအရ အတက်အကျ ကြမ်းတမ်းတာမျိုးမရှိသေးတာကြောင့်အခြေအနေကောင်းတွေရှိနေတယ်လို့ သိရပါတယ်။ဝယ်ယူလိုသူအများစုကတော့ မြေနေရာကျယ်ဝန်းတဲ့ လုံးချင်းပုံစံတွေကို အဓိကထားဝယ်ယူလိုကြတယ်လို့သိရပါတယ်။ဈေးကွက်အခြေအနေအရ ကြိုက်ရောင်း ကြိုက်ဝယ်ဖြစ်နေကြပြီး ဈေးနငန်းအနေအထားမှာတော့ အရင်ဈေးနှုန်းကို မမှီသေးကြောင်းသိပါတယ်။
ဒဂုံလေးမြို့နယ်
ဒဂုံမြို့သစ် အရှေ့ ၊ တောင် ၊ မြောက် ၊ ဆိပ်ကမ်း အားလုံးမှာ အရောင်းအဝယ်အားကောင်း သလို အငှားလည်းအားကောင်းေ နပါတယ်။အဓိက အရောင်းအ၀ယ်ဖြစ်တဲ့ မြေကတော့ ပါမစ်မြေတွေ အရောင်းအ၀ယ်သွက်လက်နေတယ်လို့ အကျိုးဆောင်တွေက ဆိုပါတယ်။အရောင်းအဝယ်ပိုင်းမှာ သိန်း ငါးရာမှ တစ်ထောင် ဝန်းကျင်တွေအလုပ်ဖြစ်နေပြီး သိတန်း နှစ်ရာတစ်ပတ်လည်ကတော့ ခပ်စိတ်စိတ်အရောင်းအ၀ယ်ဖြစ်နေပါတယ်။အငှားပိုင်းမှာတော့ တစ်သိန်း မှ ၃ သိန်း ဝန်းကျင်တွေ အားကောင်းနေသလို အသင့်နေအိမ်တွေဖြစ်တဲ့ လုံးချင်းတွေဟာလည်း ဆယ်နှစ်သိန်းတစ်ပတ်လည်နဲ့ အငှားလိုက်နေပါတယ်လို့ သိရပါတယ်။
စက်မှုဇုန် နှင့် စီမံကိနးမြေ
လက်ရှိအချိန်ကာလမှာတော့ အရောင်း အဝယ် အငှား အေးစက်နေဆဲပဲဖြစ်ပါတယ်။ဒါ့အပြင် ရန်ကုန်တိုင်းအတွင်းမှာ ဆက်လက်ဖော်ဆောင်ဖို့ရှိနေတဲ့ စက်မှုဇုန် စီမံကိန်းသစ်တွေကြောင့် ယင်အပိုင်းမှာလည်း အားကောင်းလာနိုင်ခြေရှိတယ်လို့သုံးသပ်ရပါတယ်။စီမံကိန်းမြေ ဧရိယာတွေမှာတော့ ဖော်ဆောင်ဖို့ကြိုးပမ်းနေတဲ့ ရန်ကုန်မြို့သစ် ဧရိယာ နဲ့ ဒလ တံတားစီမံကိန်းအနီးမျာတော့ စိတ်ဝင်စားသူတွေများလာသော်လည်း မြေပြင်အခြေအနေမှာတော့ စောင့်ကြည့်တဲ့အနေအထားသာရှိနေသေးတယ်လို့သိရပါတယ်။
မင်းချို မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com