အမေရိကန် အိမ်ရာမဲ့စစ်မှုထမ်းဟောင်းတို့၏ ဆည်းဆာချိန်ဘဝများ

အမေရိကန် အိမ်ရာမဲ့စစ်မှုထမ်းဟောင်းတို့၏ ဆည်းဆာချိန်ဘဝများ - Property News in Myanmar from iMyanmarHouse.com
21 Feb 2018 11:30 am တွင် တင်ခဲ့သည်
5287 ကြိမ် ကြည့်ရှု့ပြီး
မာဗင် ဂရီဂိုရီသည် အလွန်ထွားကျိုင်းသန်မာလှသူတစ်ဦးဖြစ်ပြီး သူနေထိုင်ရာ နေအိမ်ကား အလွန်တရာ ကျဉ်းမြောင်းလှသည်။သို့အတွက် ဂရီဂိုရီ
မပျော်နိုင်ချေ။

အရပ် ၆ ပေ ၅ လက်မရှိပြီး အမေရိကန်စစ်ဘက်နှင့် ကမ်းရိုးတန်းစောင့်တပ်ဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် စစ်ပြန်ကြီး ဂရီဂိုရီသည် စတုရန်းပေ ၂၄၀ သာရှိသော ယခုနေအိမ်ကလေးသို့ လွန်ခဲ့သော သီတင်းပတ်အတွင်းကမှ ပြောင်းရွှေ့လာခဲ့ခြင်း ဖြစ်သည်။

ယခုနေအိမ်မတိုင်မီက လမ်းများပေါ်တွင် အိမ်ရာမဲ့အဖြစ် ၆ နှစ်ကျော် နေထိုင်ခဲ့ရ၏။ ညစဉ်ညတိုင်း ကျောချနိုင်မည့် တစ်နေရာစာကို ခက်ခဲပင်ပန်းစွာ ရှာဖွေခဲ့ရသည်။

“နည်းနည်း အသက်ကြီးလာပြီဆိုတာနဲ့ ခင်ဗျားအတွက် အခွင့်အလမ်းတွေအကုန် တံခါးပိတ်သွားပြီဖြစ်ပါတယ်။ လူတွေက ခင်ဗျားအလုပ်လုပ်နိုင်မယ်လို့ မထင်ကြတော့ဘူး” ဟု ဂရီဂိုရီက ဆိုသည်။သူသည် ကလေး ၇ ယောက်၏ ဖခင်ဖြစ်ပြီး အသက် ၅၀ အရွယ်ရှိပြီ ဖြစ်သည်။

“တော်တော်လေးကြမ်းတမ်းပါတယ်။ အိမ်ရာမဲ့စခန်း တချို့ရှိပေမယ့် အားလုံးက နေရာပြည့်နေတာများပါတယ်။ ကန်ဆတ်စီးတီးမှာ အိမ်ရာမဲ့တွေ နေနိုင်မယ့်နေရာ ရှာတွေ့ဖို့ တော်တော်ခက်ပါတယ်” ဟုလည်း ဆက်လက်ပြောကြားသည်။

ဂရီဂိုရီ၏ ယခုနေအိမ်ကလေးသည် Veterans Community Project က ဆောက်လုပ်ပေးခဲ့သည့် နေအိမ်ငယ် ၁၃ လုံးအနက်တစ်ခုလည်း ဖြစ်သည်။
Veterans Community Project သည် အကျိုးအမြတ်အတွက်ရည်ရွယ်ခြင်းမဟုတ်သည့် အဖွဲ့အစည်းတစ်ခုဖြစ်ပြီး အိမ်ရာမဲ့ဖြစ်နေသော စစ်မှုထမ်းဟောင်းများကို နေအိမ်ရရှိရေးအတွက် ကြိုးပမ်းလျက်ရှိသည့် အဖွဲ့တစ်ခုဖြစ်၏။

“ကျွန်တော်တို့က ဒီလူတွေကို သူတို့ရုန်းကန်နေရတဲ့ တိုက်ပွဲနွံထဲက ဆွဲထုတ်ခဲ့တယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ ပြည်သူတွေအတွက် သူတို့ပေးဆပ်ခဲ့ကြလို့ပါပဲ” ဟု ဘရန်ဒန် မစ်ဇွန်က ပြောကြားသည်။

ဘရန်ဒန်မစ်ဇွန်သည် Veterans Community Project ကို တည်ထောင်ရာတွင် ပါဝင်ခဲ့သူတစ်ဦးဖြစ်ပြီး စစ်ဘက်မှ အငြိမ်းစားယူထားသူတစ်ဦးလည်း ဖြစ်သည်။

လွန်ခဲ့သော ၂ နှစ်က မစ်ဇွန်နှင့် အခြားစစ်မှုထမ်းဟောင်းများဖြစ်သော ခရစ် စတောက်၊ ဘရိုင်ယန် မေယာတို့သည် ကန်ဆတ်စီးတီးရှိ ပရဟိတအဖွဲ့များစွာတွင် ပါဝင်လုပ်ကိုင်ရင်း စစ်မှုထမ်းဟောင်းတို့၏ နိမ့်ပါးလှသော ဘဝများကို တွေ့မြင်လာခဲ့ရာ များစွာတုန်လှုပ်သွားခဲ့ကြသည်။

စစ်မှုထမ်းဟောင်းတို့ကို မည်သည့်နေရာတွင် မည်မျှတာဝန်ထမ်းဆောင်ခဲ့သည်၊ မည်သို့စစ်တပ်မှ ထွက်ခွာခဲ့သည်ဟူသည့် အချက်များပေါ် မူတည်ကာ ခွဲခြားဆက်ဆံနေကြကြောင်း ခရစ် စတောက်က ပြောကြားသည်။

သို့နှင့် ၎င်းတို့ ၃ ဦးက စစ်ဘက်တွင် အချိန်မည်မျှ တာဝန်ထမ်းဆောင်ခဲ့သည်ဖြစ်စေ စစ်မှုထမ်းဟောင်းတိုင်းကို အကူအညီပေးနိုင်မည့် အဖွဲ့အစည်းတစ်ခု ဖွဲ့ရန် ဆုံးဖြတ်ခဲ့ကြသည်။

“သူတို့ဟာ စစ်ဘက်မှာ တစ်ရက်ပဲ တာဝန်ထမ်းဆောင်ခဲ့တာ ၊ နှစ်ပေါင်း ၃၀ တာဝန်ထမ်းဆောင်ခဲ့တာ..ဂုဏ်သရေရှိရှိ နှုတ်ထွက်ခဲ့တာ၊ တခြားနည်းနဲ့ နှုတ်ထွက်ခဲ့တာတွေ ကျွန်တော်ထည့်တွက်နေမှာ မဟုတ်ပါဘူး။ နောက်ဆုံးမှာ ဘာပဲဖြစ်ဖြစ် သူတို့ဟာ ကျွန်တော့်ရဲ့ ညီအစ်ကို မောင်နှမတွေပဲဖြစ်ပါတယ်။ သူတို့ဟာ ကျွန်တော်တို့အတွက် အသက်ကိုစွန့်လွှတ်ပါမယ်လို့ သစ္စာဆိုခဲ့ကြသူတွေပါ။ သူတို့အတွက် ကိုယ်ပိုင်နေရာလေးတွေ လိုအပ်ပါတယ် ”ဟု မစ်ဇွန်က ပြောကြားသည်။

Veterans Community Project သည် ယခုစီမံကိန်းမတိုင်မီက စစ်မှုထမ်းဟောင်းတို့ကို အခမဲ့ ဘတ်စ်ကားစီးခွင့် ရရန်ကြိုးပမ်းပေးခဲ့သည်။
သို့ရာတွင် ဘတ်စ်ကားတို့၏ တစ်နေ့တာခရီးများ ပြီးဆုံးချိန်တွင် ကားပေါ်မှဆင်းလာသည့် စစ်ပြန်ကြီးများမှာ ပြန်စရာအိမ်မရှိကြကြောင်း စတောက်က ပြောကြား၏။

သို့နှင့် စစ်မှုထမ်းဟောင်းများအတွက် မည်သို့အကူအညီပေးနိုင်မည်ဟူသည့်အဖြေကို ရှာခဲ့ကြသည်။
ပထမဆုံးစိတ်ကူးမှာ လူသူမရှိတော့သည့် စာသင်ကျောင်းဟောင်းတစ်ခုကို ပြန်လည်မွမ်းမံပေးကာ အိမ်ရာမဲ့စခန်းဖွင့်လှစ်ပေးရန်ဖြစ်သည်။

“အိမ်ရာမဲ့စစ်မှုထမ်းဟောင်းတစ်ချို့ကို ဆွေးနွေးကြည့်တော့ သူတို့ဟာ စုပေါင်းပြီး မနေချင်ကြဘူး၊ နေခွင့်ရမယ်ဆိုရင် ကိုယ့်အိမ်လေးနဲ့ပဲ နေချင်ကြတယ်လို့ ပြောကြတယ်” ထို့ကြောင့် လေ့လာမှုများ အတန်ကြာပြုလုပ်ပြီးနောက် အိမ်ငယ်ကလေးများ ဆောက်လုပ်ပေးလျှင် မိမိတို့၏ ရည်မှန်းချက် အမြန်ဆုံး အကောင်အထည်ပေါ်နိုင်ကြောင်း သုံးသပ်မိလာကြသည်ဟု စတောက်က ပြောကြားသည်။

“ဒါက စစ်တန်းလျားမှာနေသလို ခံစားချက်မျိုး ပြန်ရစေမယ့်အပြင် သူတို့အနေနဲ့လည်း တစ်ဦးကိုတစ်ဦး အကူအညီပေးနိုင်ကြမှာ ဖြစ်ပါတယ်”
စတောက်နှင့် မိတ်ဆွေများသည် အိမ်ငယ်ကလေးပေါင်း ၅၀ ခန့်ဆောက်လုပ်ရန် ကန်ဆန်စီးတီး၏ တောင်ဘက်တွင် မြေဧကအနည်းငယ် ဝယ်ယူခဲ့ကြသည်။

အဆိုပါလုပ်ငန်းကိစ္စများကို ၆ လအတွင်း လုပ်ဆောင်ခဲ့ကြခြင်းလည်း ဖြစ်သည်။ပြီးခဲ့သောလတွင် ရေခဲလုနီးပါးရာသီဥတုအတွင်း နားရက်မရှိဘဲ ပထမဆုံးနေအိမ် ၁၃ လုံးကို စတင်ဆောက်လုပ်ခဲ့ရာ စစ်မှုထမ်းဟောင်း အမျိုးသား ၁၁ ဦးနှင့် အမျိုးသမီး ၂ ဦးအတွက် ဖြစ်ပြီး ပထမဆုံးရွေးချယ်ခံရသူများဖြစ်ကာ ထိုအထဲတွင် မာဗင် ဂရီဂိုရီလည်း အပါအဝင်ဖြစ်လေသည်။

စတောက်နှင့် မိတ်ဆွေများကမူ အိမ်ရာမဲ့ စစ်မှုထမ်းဟောင်းများအတွက် နေအိမ်သာမကဘဲ ကျန်းမာရေးစောင့်ရှောက်မှု၊ တိရ စ္ဆာန် ဆေးကုရန်မှ အစပြုကာ အလုပ်အကိုင်ရရှိရေးအထိ အကူအညီပေးသွားနိုင်ရန် ရည်မှန်းထားပြီး ၎င်းတို့၏ ညီအစ်ကို မောင်နှမများသဖွယ်ဖြစ်သည့် အိမ်ရာမဲ့ စစ်မှုထမ်းဟောင်းများအတွက် အကောင်းဆုံးလုပ်ဆောင်နိုင်မည်ဟု ယုံကြည်လျက်ရှိလေသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
အမေရိကန် အိမ်ရာမဲ့စစ်မှုထမ်းဟောင်းတို့၏ ဆည်းဆာချိန်ဘဝများ - Property News in Myanmar from iMyanmarHouse.com
အမေရိကန် အိမ်ရာမဲ့စစ်မှုထမ်းဟောင်းတို့၏ ဆည်းဆာချိန်ဘဝများ - Property News in Myanmar from iMyanmarHouse.com
အမေရိကန် အိမ်ရာမဲ့စစ်မှုထမ်းဟောင်းတို့၏ ဆည်းဆာချိန်ဘဝများ - Property News in Myanmar from iMyanmarHouse.com
အမေရိကန် အိမ်ရာမဲ့စစ်မှုထမ်းဟောင်းတို့၏ ဆည်းဆာချိန်ဘဝများ - Property News in Myanmar from iMyanmarHouse.com
အမေရိကန် အိမ်ရာမဲ့စစ်မှုထမ်းဟောင်းတို့၏ ဆည်းဆာချိန်ဘဝများ - Property News in Myanmar from iMyanmarHouse.com
အမေရိကန် အိမ်ရာမဲ့စစ်မှုထမ်းဟောင်းတို့၏ ဆည်းဆာချိန်ဘဝများ - Property News in Myanmar from iMyanmarHouse.com
အမေရိကန် အိမ်ရာမဲ့စစ်မှုထမ်းဟောင်းတို့၏ ဆည်းဆာချိန်ဘဝများ - Property News in Myanmar from iMyanmarHouse.com
အမေရိကန် အိမ်ရာမဲ့စစ်မှုထမ်းဟောင်းတို့၏ ဆည်းဆာချိန်ဘဝများ - Property News in Myanmar from iMyanmarHouse.com
အမေရိကန် အိမ်ရာမဲ့စစ်မှုထမ်းဟောင်းတို့၏ ဆည်းဆာချိန်ဘဝများ - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှိသည်ကို ၇ နှစ်ကြာမှ သိလိုက်ရသည့် ဖြစ်ရပ် လူမှုကွန်ရက်တွင် ဟိုးလေးတကျော် ဖြစ်နေ...

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...

နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ

တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ

တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရ

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ

တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်

Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့

လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်

တရုတ်ပြည်တွင် ဆောက်လုပ်ရေးပစ္စည်းထုတ်လုပ်သော ကုမ္ပဏီတစ်ခုက နှစ်ကုန်ပါတီပွဲတွင် ဝန်ထမ်းများအား ငွေစက္ကူ ရေတွက်ပွဲအဖြစ် ယွ

(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်

ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်

CarsDB
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service