ကမ္ဘာကျော် တေးသံရှင် အဒဲလ်က သူ၏သရဲခြောက်သော နေအိမ်ကြီးကို အရှုံးခံကာ အရောင်းဈေးကွက်တင်

ကမ္ဘာကျော် တေးသံရှင် အဒဲလ်က သူ၏သရဲခြောက်သော နေအိမ်ကြီးကို အရှုံးခံကာ အရောင်းဈေးကွက်တင် - Property News in Myanmar from iMyanmarHouse.com
21 Feb 2018 11:19 am တွင် တင်ခဲ့သည်
5024 ကြိမ် ကြည့်ရှု့ပြီး
ကမ္ဘာကျော် တေးသံရှင် အဒဲလ်သည် သူ၏သရဲခြောက်သော နေအိမ်ကြီးကို အရောင်းဈေးကွက်တင်လာကြောင်း အင်္ဂလန်အခြေစိုက် သတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

နေအိမ်တည်နေရာမှာ အင်္ဂလန်နိုင်ငံ၊ ဆပ်ဆက်စ်ပြည်နယ်တွင် ဖြစ်သည်။အဒဲလ်သည် အဆိုပါနေအိမ်ကို ကန်ဒေါ်လာ ၁၁ သန်းခန့်ပေးကာ ဝယ်ယူခဲ့ခြင်းဖြစ်သည်။

ဝယ်ယူပြီးနောက်ပိုင်း သွားရောက်နေထိုင်ရာတွင် ညဘက်များ၌ အလွန်သရဲခြောက်သောကြောင့် သက်တော်စောင့်တစ်ဦးပင် ငှားရမ်းခဲ့ရသည်။
အဒဲလ်သည် အချစ်ရေးတွင် ကံခေခဲ့သည့်နည်းတူ အိမ်ခြံမြေကဏ္ဍတွင်လည်း ကံမကောင်းဟု ဆိုနိုင်သည်။

အဆိုပါနေအိမ်တွင် တစ်ဦးတည်း မအိပ်စက်ရဲသောကြောင့် အမျိုးသမီးသက်တော်စောင့်တစ်ဦးကို လစာပေါင် ၁၀၀၀၀၀ ပေးကာ ငှားရမ်းထားခဲ့ရသည်။
ထို့အပြင် ၂၅ ဧကခန့်အထိ ကျယ်ဝန်းသည့် ခြံဝန်းကြီးကို စောင့်ကြပ်ရန်အတွက်လည်း လုံခြုံရေးဝန်ထမ်း ၂ ဦး ထပ်မံငှားရမ်းခဲ့ရ၏။
နေအိမ်မှာ ယခင်က သီလရှင်ကျောင်းတစ်ခုဖြစ်ပြီး ကိုယ်ပိုင်ဘုရားရှိခိုးကျောင်းလည်း ပါဝင်သည်။

နေအိမ်ကြီးမှာ သရဲခြောက်ကြောင်း အဒဲလ်ကိုယ်တိုင်က ထုတ်ပြောကြောင်း သူမ၏သူငယ်ချင်းတစ်ဦးက ပြောကြားသည်။အန်ဒန်ဆန်ကူးပါးကို ယင်းနေအိမ်တွင် တစ်နာရီကြာ ဧည့်ခံခဲ့ရာ၌ မှောင်မိုက်သော လျှောက်လမ်းတစ်နေရာတွင် အဒဲလ်က “ဒီနေရာက တော်တော်ခြောက်ခြားဖို့ကောင်းတယ်” ဟု ပြောကြားခဲ့သည်။

အန်ဒါဆန်ကူးပါးသည် အမေရိကန်သတင်းစာသမားတစ်ဦးဖြစ်ပြီး CNN သတင်းဌာနတွင် Anderson Cooper 360° အစီအစဉ်ကို တင်ဆက်သူတစ်ဦး ဖြစ်သည်။

နေအိမ်အကျယ်အဝန်းမှာ စတုရန်းပေ ၂၀၀၀၀ ရှိပြီး အိမ်တွင်းအိမ်ပြင်ရေကူးကန်များ၊ တင်းနစ်ကွင်းများ၊ နွေရာသီစံအိမ်တစ်ခု၊ ရဟတ်ယာဉ်ကွင်း၊ ဝန်ထမ်းနေအိမ်တို့ ပါဝင်ကာ ပင်မနေအိမ်ကြီးတွင် အိပ်ခန်း ၁၀ ခန်းနှင့် ရေချိုးခန်း ၁၀ ခန်း ပါဝင်သည်။

၁၉၃၀ ပြည့်လွန်ကာလများအတွင်း ပြန်လည်မွမ်းမံမှုများ ပြုလုပ်ခဲ့ဖူးကာ မီးဖိုဆောင်မှာ ၅၆ ပေခန့် အကျယ်အဝန်းရှိသည်။
နေအိမ်နှင့် ခြံဝန်းမှာ ကျယ်ပြောသာယာမှုရှိသော်လည်း သရဲအလွန်ခြောက်သဖြင့် အဒဲလ်က ပေါင် ၇ ဒသမ ၂၅ သန်း (ကန်ဒေါ်လာ ၁၀ သန်း) ဖြင့် အရှုံးခံကာ ဈေးကွက်တင်လာခြင်းလည်း ဖြစ်သည်။

အဒဲလ်၏ အမည်ရင်းမှာ အဒဲလ် လော်ရီ ဘလူး အက်ဒ်ကင်းစ်ဖြစ်ပြီး ၁၉၈၈ ခုနှစ်၊ မေလ ၅ ရက်တွင် မွေးဖွားကာ ဗြိတိသျှ တေးသံရှင်၊ တေးရေးတစ်ဦးဖြစ်သည်။

၂၀၁၁ ခုနှစ်တွင် ထွက်ရှိခဲ့သည့် 21 အမည်ရှိ တေးအယ်လ်ဘမ်မှာ အောင်မြင်မှုကြီးမားစွာရရှိခဲ့သည့်အပြင် ဆုပေါင်းများစွာလည်း ရရှိခဲ့ရာ ဂရမ်မီဆု၊ Brit Awards ၂ ဆု၊ British Album of the Year ဆု၊ American Music Awards ၃ ဆုရရှိခဲ့ပြီး ဗြိတိန်တွင် ပလက်တီနမ် ၁၆ ကြိမ်ရရှိခဲ့သည်။

အမေရိကန်ပြည်ထောင်စုတွင်လည်း အဆိုပါအယ်လ်ဘမ်သည် ကမ္ဘာပေါ်ရှိအခြားမည်သည့်တေးအယ်လ်ဘမ်ထက်မဆို အကြာရှည်ဆုံး ထိပ်ဆုံးနေရာတွင် ရပ်တည်နိုင်ခဲ့ကာ ကမ္ဘာတစ်ဝန်းတွင် ချပ်ရေ ၃၁ သန်းကျော် ရောင်းချခဲ့ရသည်။

အဆိုပါတေးအယ်လ်ဘမ်၏ အောင်မြင်မှုများမှာ ဂင်းနက်စ်ကမ္ဘာ့စံချိန်မှတ်တမ်းစာအုပ်တွင်ပင် စံချိန်များစွာ မှတ်တမ်းတင်ခံခဲ့ရသည်။
၂၀၁၂ ခုနှစ်တွင်လည်း ဂျိမ်းစ်ဘွန်းရုပ်ရှင် "Skyfall"အတွက် ဇာတ်ဝင်တေးရေးသားပေးခဲ့ရာတွင်လည်း အဆိုပါသီချင်းအတွက် အော်စကာဆု၊ ဂရမ်မီဆု၊ ရွှေကမ္ဘာလုံးဆုတို့ ရရှိခဲ့သည်။

တိုင်းမ်မဂ္ဂဇင်းကြီးက အဒဲလ်ကို ကမ္ဘာ့သြဇာအလွှမ်းဆုံးပုဂ္ဂိုလ်တစ်ဦးအဖြစ် ၂၀၁၂ နှင့် ၂၀၁၆ ခုနှစ်တို့တွင် ဖော်ပြခဲ့သည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
ကမ္ဘာကျော် တေးသံရှင် အဒဲလ်က သူ၏သရဲခြောက်သော နေအိမ်ကြီးကို အရှုံးခံကာ အရောင်းဈေးကွက်တင် - Property News in Myanmar from iMyanmarHouse.com
ကမ္ဘာကျော် တေးသံရှင် အဒဲလ်က သူ၏သရဲခြောက်သော နေအိမ်ကြီးကို အရှုံးခံကာ အရောင်းဈေးကွက်တင် - Property News in Myanmar from iMyanmarHouse.com
ကမ္ဘာကျော် တေးသံရှင် အဒဲလ်က သူ၏သရဲခြောက်သော နေအိမ်ကြီးကို အရှုံးခံကာ အရောင်းဈေးကွက်တင် - Property News in Myanmar from iMyanmarHouse.com
ကမ္ဘာကျော် တေးသံရှင် အဒဲလ်က သူ၏သရဲခြောက်သော နေအိမ်ကြီးကို အရှုံးခံကာ အရောင်းဈေးကွက်တင် - Property News in Myanmar from iMyanmarHouse.com
ကမ္ဘာကျော် တေးသံရှင် အဒဲလ်က သူ၏သရဲခြောက်သော နေအိမ်ကြီးကို အရှုံးခံကာ အရောင်းဈေးကွက်တင် - Property News in Myanmar from iMyanmarHouse.com
ကမ္ဘာကျော် တေးသံရှင် အဒဲလ်က သူ၏သရဲခြောက်သော နေအိမ်ကြီးကို အရှုံးခံကာ အရောင်းဈေးကွက်တင် - Property News in Myanmar from iMyanmarHouse.com
ကမ္ဘာကျော် တေးသံရှင် အဒဲလ်က သူ၏သရဲခြောက်သော နေအိမ်ကြီးကို အရှုံးခံကာ အရောင်းဈေးကွက်တင် - Property News in Myanmar from iMyanmarHouse.com
ကမ္ဘာကျော် တေးသံရှင် အဒဲလ်က သူ၏သရဲခြောက်သော နေအိမ်ကြီးကို အရှုံးခံကာ အရောင်းဈေးကွက်တင် - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှိသည်ကို ၇ နှစ်ကြာမှ သိလိုက်ရသည့် ဖြစ်ရပ် လူမှုကွန်ရက်တွင် ဟိုးလေးတကျော် ဖြစ်နေ...

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...

နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယ

တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရ

ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်

လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်

အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် န

မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး

စင်္ကာပူတွင် လူသွားလမ်း ရေမြောင်းပေါက်အတွင်း တံထွေးထွေးသော ကမ္ဘာလှည့်ခရီးသည်တစ်ဦး ကန်ဒေါ်လာ ၂၂၀ ဒဏ်ရိုက်ခံရ၊ ဒဏ်ငွေ ချက်

ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျ

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ

Shwe Moe Kaung
CarsDB Showroom Opening

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service