ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်း အဆင့်မြှင့်တင်ခြင်းစီမံကိန်း စတင်

ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်း အဆင့်မြှင့်တင်ခြင်းစီမံကိန်း စတင် - Property News in Myanmar from iMyanmarHouse.com
21 Feb 2018 10:37 am တွင် တင်ခဲ့သည်
6254 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်မြို့ပတ်ရထား လမ်းပိုင်းအဆင့်မြှင့်တင်ခြင်းစီမံ ကိန်းကို ဖေဖော်ဝါရီ ၂၁ ရက် (ယနေ့) စတင်မည်ဖြစ်ပြီး စီမံကိန်း ကာလအတွင်း ခရီးသွားလာမှုအဆင်မပြေခြင်းများရှိပါက နားလည်ပေးရန် မြန်မာ့မီးရထား တာဝန်ရှိသူများက ဖေဖော်ဝါရီ ၂၀ ရက် သတင်းစာရှင်းလင်းပွဲ တွင် ပြောကြားသည်။

မြို့ပတ်ရထားလမ်းပိုင်း၏ အနောက်ဘက်ကို စတင်ပြင်ဆင် မည်ဖြစ်ပြီး လမ်းပိုင်းပြင်ဆင်ခြင်း လုပ်ငန်းများကို အေဝမ်းကုမ္ပဏီ က လုပ်ကိုင်ခွင့်ရရှိထားကြောင်း မြန်မာ့မီးရထား(အောက်မြန်မာ ပြည်) မှ အထွေထွေမန်နေဂျာ ဦးထွန်းအောင်သင်းက ပြောကြားသည်။ ‘‘လမ်းပိုင်းပြင်ဆင်နေစဉ် ကာလအတွင်း ခရီးသည်တွေ အခက်အခဲမရှိရအောင် အတတ် နိုင်ဆုံး ဆောင်ရွက်မှာပါ။ လိုအပ် ချက်တွေ ရှိခဲ့ရင်လည်း စောင့် ကြည့်ပြီး လိုအပ်သလို ဆောင် ရွက်ပေးသွားပါမယ်’’ဟု ၎င်းက ဆိုသည်။

မြို့ပတ်ရထားလမ်းပိုင်း ပထမအဆင့် ပြင်ဆင်မှုအဖြစ် အင်းစိန်ဘူတာမှ တညင်းကုန်းဘူတာအထိကို စတင်မည်ဖြစ်ပြီး မေလ ၃၁​ ရက်တွင် ပြီးဆုံးမည်ဖြစ်ကာ မိုးတွင်းကာလ၌ ခေတ္တရပ်နားပြီး အောက်တိုဘာ ၃၁ ရက်က စ၍ စီမံကိန်းလုပ်ငန်း များပြန်လည်စတင်မည်ဟု မြန်မာ့ မီးရထား တိုင်းအမှတ်(၇) မှ တိုင်းမန်နေဂျာ ဦးဇော်လွင်က ပြော သည်။

မြို့ပတ်ရထားလမ်းပိုင်းတစ် ခုလုံးအဆင့်မြှင့်တင်ခြင်းလုပ်ငန်း ကို ၂၀၁၉ နှစ်ကုန် အပြီးဆောင် ရွက်ရန် မြန်မာ့မီးရထားက မျှော် မှန်းထားသည်။

ယခုစတင်မည့် ရထားလမ်း ပိုင်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်း ကြောင့် ရွှေပြည်သာမြို့နယ်ရှိ ကွန်ပျူတာတက္ကသိုလ်သို့ ပြေးဆွဲသည့်ခရီးစဉ်ကို ယာယီရပ်ဆိုင်းမည်ဖြစ်ပြီး ယင်းရထားစီးနင်းရန် လပေးလက်မှတ်ဝယ်ယူထားသူ များကို တစ်လစာပြန်လည်ထုတ် အမ်းပေးမည်ဟု ဦးဇော်လွင်က ပြောသည်။

ထို့အပြင် မြို့ပတ်ရထား များနှင့် ယင်းလမ်းပိုင်းနှင့် ချိတ် ဆက်ထားသော အဝေးပြေးရထား ခရီးစဉ်များကို အချိန်အနည်းငယ် ပြောင်းလဲထားသည်ဟု မြန်မာ့မီး ရထား၊ သွား/လာရေးဌာန အထွေထွေမန်နေဂျာ ဦးကျော်ကျော်မျိုး က ပြောသည်။

‘‘အချိန်အနည်းငယ်ပြောင်း လဲထားပေမယ့် ပြေးဆွဲမယ့် ရထားအခေါက်ရေနဲ့ စီးနင်းမယ့် ခရီး သည်အရေအတွက် လျော့ကျမ သွားရအောင် ကျွန်တော်တို့ကြိုး စားထားပါတယ်’’ဟု ၎င်းက ဆို သည်။

ထို့အပြင် ပြုပြင်ခြင်းလုပ် ငန်းများ ဆောင်ရွက်နေသည့် လမ်းပိုင်းတွင် ရထားသံလမ်းတစ် ဖက်တည်းကိုသာ ရထားအသွား၊ အလာ ပြုလုပ်မည်ဖြစ်သဖြင့် ခရီးသည်များ သတိထားသွားလာရန် လိုအပ်သည်ဟု ဦးကျော်ကျော် မျိုးက ဆိုသည်။

၁၉၅၈ တွင် ဖောက်လုပ်ခဲ့ သည့် ရန်ကုန်မြို့ပတ်ရထားလမ်း ပိုင်းသည် နှစ် ၆၀ ခန့်ရှိလာပြီဖြစ်သော်လည်း လမ်းပိုင်းအကြီး စားပြုပြင်ခြင်းလုပ်ငန်းကို ယခုမှ သာ ပြုလုပ်နိုင်ခဲ့သည်။

အဆိုပါလမ်းပိုင်းကို ဂျပန် အစိုးရချေးငွေကန်ဒေါ်လာ ၂၀၆ သန်းကျော်နှင့် နိုင်ငံတော်ဘတ် ဂျက် ကန်ဒေါ်လာ ၉၄ သန်းကျော်ဖြင့် အဆင့်မြှင့်တင်မည်ဟု မြန်မာ့မီးရထားက ကနဦးသတင်းထုတ် ပြန်ထားသည်။

မြို့ပတ်ရထားလမ်းပိုင်း အ ဆင့်မြှင့်တင်ပြီး၍ ရထားတွဲအ သစ်များ ထည့်သွင်းပြေးနိုင်ပါက ခုတ်မောင်းပြေးဆွဲချိန် တစ်နာရီခန့် လျှော့ချနိုင်မည်ဟု ဦးထွန်း အောင်သင်းက ပြောသည်။

လက်ရှိ မြို့ပတ်ရထားလမ်း ပိုင်းသည် ၂၉ မိုင်ခန့် ရှည်လျားပြီး မြို့တစ်ပတ်ခုတ်မောင်းချိန် ၂ နာရီ မိနစ် ၅၀ ခန့်ကြာမြင့်ရာမှ ယင်းစီမံကိန်းပြီးစီးပါက ၁ နာရီ မိနစ် ၅၀ ခန့်သာ ကြာမည်ဖြစ်သည်။

ထို့အပြင် မြို့ပတ်ရထားစီး သူဦးရေသည် လက်ရှိတွင် တစ်ရက်လျှင် ကိုးသောင်းခန့်ရှိရာမှ စီမံကိန်းပြီးစီးပါက တစ်ရက်လျှင် သုံးသိန်းခန့် ရှိလာရန် မြန်မာ့မီး ရထားက မျှော်မှန်းထားသည်။

Credit: 7Daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှိသည်ကို ၇ နှစ်ကြာမှ သိလိုက်ရသည့် ဖြစ်ရပ် လူမှုကွန်ရက်တွင် ဟိုးလေးတကျော် ဖြစ်နေ...

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...

နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်က

တရုတ်ပြည်တွင် ဆောက်လုပ်ရေးပစ္စည်းထုတ်လုပ်သော ကုမ္ပဏီတစ်ခုက နှစ်ကုန်ပါတီပွဲတွင် ဝန်ထမ်းများအား ငွေစက္ကူ ရေတွက်ပွဲအဖြစ် ယွ

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှ

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ

၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယ
Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယ
ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ
ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ
TikTok လူမှုကွန်ရက်မှာ နာမည်ကြီးနေတဲ့ ထူးဆန်းသော အိမ်ခြံမြေကြော်ငြာတစ်ခုအကြောင်း

ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်

ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ

imyanmarmarket
Shwe Moe Kaung

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service