ရန်ကုန်မြို့အတွင်း တိုက်ခန်းပေါင်း နှစ်သိန်းခန့်ကို ဝယ်လိုအား ရှိနေတယ်လို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကပြောပါတယ်။
“ကျွန်တော် တို့ဆီမှာ တိုက်ခန်းဝယ်လိုတဲ့ အင်အားကို ကြည့်မယ်ဆိုရင် တိုက်ခန်းပေါင်း နှစ်သိန်းလောက်ကို ဝယ်ယူမယ့် ဝယ်လိုအားရှိပါတယ်။ ဘာကြောင့်လဲဆိုရင် ကျွန်တော်တို့ ဆီမှာက နေထိုင်စရာမရှိလို့ ကျူးကျော်ဖြစ်နေတဲ့ လူက တစ်သိန်း ခွဲလောက် မိသားစုတွေ ရှိပါတယ်။ လူဦးရေ လေးသိန်းလောက် ရှိပါတယ်။ လူ ဦးရေ လေးသိန်းဆိုတာ မြို့တစ်မြို့လောက် ရှိပါတယ်။ တစ်ဖက်နေပြီးတော့ ပင်စင်ယူခဲ့ရင် တိုက်ခန်းနဲ့ နေချင်ပါတယ်ဆိုတဲ့ ခွင့်တောင်းထားတာ ငါးသောင်း လောက်ရှိတယ်။ ဒီနှစ်သိန်းခွဲအတွက် ဆောက်ပေးနိုင်မယ်ဆိုရင် အဒီ တိုက်ခန်း မှာ လူတွေ ချက်ချင်းရောက်လာမယ်။ စည်ကားတဲ့ အိမ်ရာစီမံကိန်း ဖြစ်လာ ပါမယ်။" လို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကပြောပါတယ်။
ရန်ကုန်မြို့ရှိ Myanmar Convention Center မှာ ကျင်းပပြုလုပ်တဲ့ ဆောက် လုပ်ရေးကဏ္ဍမှာ တွေကြုံနေရတဲ့ အခက်အခဲတွေ ဖြေရှင်းရေးနဲ့ လုပ်ငန်းတွေ ရေရှည် တိုးတက်ရေးအတွက် နိုင်ငံတော်က ကူညီဖြေရှင်း ပံ့ပိုး ပေးဖို့ တင်ပြခြင်း အခမ်းအနားမှာ အခုလိုပြောကြားခဲ့တာ ဖြစ်ပါတယ်။
နိုင်ငံတော် ဖွံ့ဖြိုး တိုးတက် ရေး အတွက်အလိုအပ်ဆုံး လုပ်ငန်းဟာ ဆောက်လုပ်ရေးကဏ္ဍ ဖြစ်သလို မြေတန်ဖိုး ထည့်သွင်းတွက်ချက်ပြီး တိုက်ခန်းဈေးနှုန်းတွေ မြှင့်ရောင်းမယ်ဆိုရင် တချို့ နေရာတွေမှာ အရောင်းအဝယ် အခက်အခဲ ရှိနိုင်တာကြောင့် ပြည်ပရင်းနှီး မြှုပ်နှံမှုတွေနဲ့ ပူးပေါင်းဆောင်ရွက် သင့်တယ်လို့ ဦးဖြိုးမင်းသိန်းကပြောပါတယ်။
“နိုင်ငံခြားသားတွေက မြေနဲ့ပတ်သက်ပြီးတော့ သူတို့မှာ နောက်ခံ ဘတ်က ရောင်း ဘဏ်တွေရှိတဲ့အတွက် ကျွန်တော်တို့ နိုင်ငံမှာ မြေယာတန်ဖိုး နည်းနေ မယ်ဆိုရင် နိုင်ငံခြားသား အကြိုက် ဖြစ်သွားလိမ့်ပါမယ်။ ဒါကြောင့် မြို့မြေကို လျှော့လို့မရပါဘူး။ မြို့သစ်တွေ တည်မှာ မြို့မြေကို ကြည့်ပြီးမှ ဈေးနှုန်းသိပြီးမှ မြို့မြေကို တည်ဆောက်မယ်။ ဒါမှ ကျွန်တော်တို့ လိုအပ်ချက်ရှိတဲ့ ပြည်သူတွေ အတွက် ရရှိတဲ့ အကျိုးအမြတ်ကနေ ဆောင်ရွက်ပေးနိုင်မှာ ဖြစ်ပါတယ်။" လို့ မြန်မာနိုင်ငံ ဆောက်လုပ်ရေး လုပ်ငန်းရှင်များ အသင်း ဒုတိယ ဥက္ကဌ ဦးရှိန်ဝင်း က ပြောပါတယ်။
ရန်ကုန်တိုင်း ဒေသကြီးအတွင်း ဒလမြို့သစ် စီမံကိန်း အကောင် အထည်ဖော် ဆောင်ရွက်ဖို့ ကိုရီးယားကုမ္ပဏီ နဲ့ MOU လက်မှတ်ရေး ထိုးထားပြီး အိမ်ရာစီမံကိန်း အကောင်အထည် ဖော်ဆောင်ရွက်ရာမှာ တန်ဖိုး နည်း၊ တန်ဖိုးသင့်၊ တန်ဖိုးမြင့် အစရှိတဲ့ တိုက်ခန်းတွေ ဝယ်ယူချင်သူ အများ အပြား ရှိနေတယ်လို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က သိရပါတယ်။
Credit: Myanmar B2B