ကမ္ဘာကျော်အက်ရှင်သရုပ်ဆောင် မဲလ်ဂစ်ဘ်ဆင်ပိုင်ဆိုင်ခဲ့ဖူးကာ လူတစ်ရပ်အမြင့်ရှိ စစ်တုရင်ရုပ်များဖြင့် ကစားရသော ကစားကွင်း၊ ဝင်္ကဘာတို့ ပါဝင်သည့် ၇၅ ဧက ကျယ်ဝန်းသည့်နေအိမ်ကြီး အရောင်းဈေးကွက် ပြန်လည်ဝင်ရောက်လာ

ကမ္ဘာကျော်အက်ရှင်သရုပ်ဆောင် မဲလ်ဂစ်ဘ်ဆင်ပိုင်ဆိုင်ခဲ့ဖူးကာ လူတစ်ရပ်အမြင့်ရှိ စစ်တုရင်ရုပ်များဖြင့် ကစားရသော ကစားကွင်း၊ ဝင်္ကဘာတို့ ပါဝင်သည့် ၇၅ ဧက ကျယ်ဝန်းသည့်နေအိမ်ကြီး အရောင်းဈေးကွက် ပြန်လည်ဝင်ရောက်လာ - Property News in Myanmar from iMyanmarHouse.com
20 Feb 2018 11:25 am တွင် တင်ခဲ့သည်
5854 ကြိမ် ကြည့်ရှု့ပြီး
ကမ္ဘာကျော်အက်ရှင်သရုပ်ဆောင် မဲလ်ဂစ်ဘ်ဆင်ပိုင်ဆိုင်ခဲ့ဖူးသော ၇၅ ဧက ကျယ်ဝန်းသည့်နေအိမ်ကြီးသည် ယခုအခါ အရောင်းဈေးကွက် ပြန်လည်ဝင်ရောက်လာကြောင်း နယူးယောက်အခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

နေအိမ်တည်နေရာမှာ အမေရိကန်ပြည်ထောင်စု၊ ကွန်နက်တီကပ်ပြည်နယ်၊ ဖဲရ်ဖီးခရိုင်၊ ဂရင်းဝစ်ခ်ျမြို့တွင် တည်ရှိသည်။

၇၅ ဧကအထိ ကျယ်ဝန်းသည့် အဆိုပါခြံဝန်းကြီးကို Old Mill Farm ဟု ခေါ်ကြပြီး မဲလ်ဂစ်ဘ်ဆင်က ၁၅ နှစ်ကြာ ပိုင်ဆိုင်ထားခဲ့သည်။
မဲလ်ဂစ်ဘ်ဆင် ပိုင်ဆိုင်ထားစဉ်ကာလအတွင်း Wayne Manor စံအိမ်ဟု ခေါ်ကြသည်။

မဲလ်ဂစ်ဘ်ဆင်သည် ယင်းနေအိမ်ကို ၂၀၁၀ ပြည့်နှစ်အတွင်း ကန်ဒေါ်လာ ၂၄ သန်းဖြင့် ရောင်းထုတ်ခဲ့သည်။
ယင်းနောက်ပိုင်းကတည်းက အရောင်းဈေးကွက်သို့ ဝင်ချည်ထွက်ချည် ဖြစ်နေခဲ့သည်။

ခြံဝန်းအတွင်း ပျိုးအိမ်၊ ရေကူးကန်၊ ဝင်္ကဘာတစ်ခု၊ မြင်းဇောင်းများ၊ သစ်လုံးအိမ်တစ်ခု၊ စမ်းချောင်းတစ်ခုစီးဝင်နေသည့် ရေကန်ကြီးတစ်ကန်၊ တင်းနစ်ကွင်း၊ လူအရွယ်အစားပမာဏရှိ ရုပ်တုများဖြင့် ကစားရသည့် စစ်တုရင်ကစားကွင်းကြီးတို့ ပါဝင်သည်။

ယခုအခါ ကန်ဒေါ်လာ ၂၂ ဒသမ ၅ သန်းဖြင့် ဈေးကွက်ပြန်တင်လာခြင်း ဖြစ်သည်။

နေအိမ်အကျယ်အဝန်းမှာ စတုရန်းပေ ၁၅၈၀၀ ရှိပြီး အဲလစ်ဇဘက်ခေတ် တူးဒေါ်ဗိသုကာဟန်ဖြင့် ဆောက်လုပ်ထားပြီး အိပ်ခန်း ၈ ခန်း ပါဝင်သည်။
ဗိသုကာပညာရှင် လူးဝစ် ဘိုးမန်းက ဘဏ်လုပ်ငန်းရှင် ချားလ်စ် အယ်လ်-အိုစထရုန်းမ်အတွက် ၁၉၂၇ ခုနှစ်တွင် ဒီဇိုင်းရေးဆွဲ ဆောက်လုပ်ပေးခဲ့ခြင်း ဖြစ်သည်။

နံရံများကို ဝက်သစ်ချသား နံရံများ တပ်ဆင်ထားပြီး ပြတိုက်များတွင် တပ်ဆင်သည့် အဆင့်အတန်းရှိသည့် ပန်းချီဆေးရေးမှန်ပြတင်းများတွေ့ရသည်။

လက်ရှိပိုင်ရှင်များက နေအိမ်ကို ခေတ်မီအဆင့်မြှင့်တင်ခဲ့ရာ ရေချိုးခန်းများကို စကျင်ကျောက်ပြားများ ခင်းကျင်းခြင်း၊ မီးဖိုးဆောင်များကို နှစ်ဆချဲ့ကာ စားဖိုမှူးအဆင့် အဆင့်မြှင့်တင်ခြင်း၊ နည်းပညာမြင့်အသံစနစ်များ ရုပ်ရှင်ရုံစနစ်တပ်ဆင်ခြင်းများ ပြုလုပ်ခဲ့သည်။

ခြံဝန်းကျယ်ကြီးအတွင်း ပန်းဥယျာဉ်များစွာ ပါဝင်ကာ သစ်ခွခြံများလည်း အပါအဝင်ဖြစ်သည်။
မီးရထားလမ်းလည်း မိုင်နှင့်ချီ၍ ပါဝင်ပြီး လှေဆိပ်ပါသည့် ရေကန်ကြီးလည်း အပါအဝင်ဖြစ်သည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
ကမ္ဘာကျော်အက်ရှင်သရုပ်ဆောင် မဲလ်ဂစ်ဘ်ဆင်ပိုင်ဆိုင်ခဲ့ဖူးကာ လူတစ်ရပ်အမြင့်ရှိ စစ်တုရင်ရုပ်များဖြင့် ကစားရသော ကစားကွင်း၊ ဝင်္ကဘာတို့ ပါဝင်သည့် ၇၅ ဧက ကျယ်ဝန်းသည့်နေအိမ်ကြီး အရောင်းဈေးကွက် ပြန်လည်ဝင်ရောက်လာ - Property News in Myanmar from iMyanmarHouse.com
ကမ္ဘာကျော်အက်ရှင်သရုပ်ဆောင် မဲလ်ဂစ်ဘ်ဆင်ပိုင်ဆိုင်ခဲ့ဖူးကာ လူတစ်ရပ်အမြင့်ရှိ စစ်တုရင်ရုပ်များဖြင့် ကစားရသော ကစားကွင်း၊ ဝင်္ကဘာတို့ ပါဝင်သည့် ၇၅ ဧက ကျယ်ဝန်းသည့်နေအိမ်ကြီး အရောင်းဈေးကွက် ပြန်လည်ဝင်ရောက်လာ - Property News in Myanmar from iMyanmarHouse.com
ကမ္ဘာကျော်အက်ရှင်သရုပ်ဆောင် မဲလ်ဂစ်ဘ်ဆင်ပိုင်ဆိုင်ခဲ့ဖူးကာ လူတစ်ရပ်အမြင့်ရှိ စစ်တုရင်ရုပ်များဖြင့် ကစားရသော ကစားကွင်း၊ ဝင်္ကဘာတို့ ပါဝင်သည့် ၇၅ ဧက ကျယ်ဝန်းသည့်နေအိမ်ကြီး အရောင်းဈေးကွက် ပြန်လည်ဝင်ရောက်လာ - Property News in Myanmar from iMyanmarHouse.com
ကမ္ဘာကျော်အက်ရှင်သရုပ်ဆောင် မဲလ်ဂစ်ဘ်ဆင်ပိုင်ဆိုင်ခဲ့ဖူးကာ လူတစ်ရပ်အမြင့်ရှိ စစ်တုရင်ရုပ်များဖြင့် ကစားရသော ကစားကွင်း၊ ဝင်္ကဘာတို့ ပါဝင်သည့် ၇၅ ဧက ကျယ်ဝန်းသည့်နေအိမ်ကြီး အရောင်းဈေးကွက် ပြန်လည်ဝင်ရောက်လာ - Property News in Myanmar from iMyanmarHouse.com
ကမ္ဘာကျော်အက်ရှင်သရုပ်ဆောင် မဲလ်ဂစ်ဘ်ဆင်ပိုင်ဆိုင်ခဲ့ဖူးကာ လူတစ်ရပ်အမြင့်ရှိ စစ်တုရင်ရုပ်များဖြင့် ကစားရသော ကစားကွင်း၊ ဝင်္ကဘာတို့ ပါဝင်သည့် ၇၅ ဧက ကျယ်ဝန်းသည့်နေအိမ်ကြီး အရောင်းဈေးကွက် ပြန်လည်ဝင်ရောက်လာ - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှိသည်ကို ၇ နှစ်ကြာမှ သိလိုက်ရသည့် ဖြစ်ရပ် လူမှုကွန်ရက်တွင် ဟိုးလေးတကျော် ဖြစ်နေ...

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...

နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

TikTok လူမှုကွန်ရက်မှာ နာမည်ကြီးနေတဲ့ ထူးဆန်းသော အိမ်ခြံမြေကြော်ငြာတစ်ခုအကြောင်း

၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး

ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်

ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်

ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခ

တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှ

တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရ

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ

အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ

CarsDB Showroom Opening
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service