အခပေး အထပ်မြင့် ကားပါကင်တွေ တည်ဆောက်ဖို့ စီစဉ်

အခပေး အထပ်မြင့် ကားပါကင်တွေ တည်ဆောက်ဖို့ စီစဉ် - Property News in Myanmar from iMyanmarHouse.com
20 Feb 2018 10:52 am တွင် တင်ခဲ့သည်
5034 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်မြို့မှာ အခကြေးငွေပေးရပ်နားရတဲ့ အထပ်မြင့်ကားပါကင်တွေတည်ဆောက်ဖို့ စီစဉ်နေတယ်လို့ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောပါတယ်။ ဖေဖော်ဝါရီလ ၁၅ ရက်မှာကျင်းပတဲ့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်မှာ စမ်းချောင်းမြို့နယ် မဲဆန္ဒနယ်က ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မျိုးက လမ်းမ ကြီးများပေါ်မှာ ယာဉ်ရပ်နားရန်နေရာဆောင်ရွက်ပေးဖို့ အစီအစဉ်ရှိမရှိ မေးမြန်းချက်ကို ပြန်လည်ဖြေကြားစဉ် ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။

‘ ကားအတင်အချတွေကို လျှပ်စစ်မီးပျက်ချိန်မှာပါ manual စနစ်နဲ့ အသုံးပြုနိုင်ရန် စီစဉ်နေတယ်၊ တချို့စက်တွေက manual နဲ့သုံးနိုင်တဲ့အတွက်သုံးဖို့စီစဉ်နေတယ်လို့ ရန်ကုန်မြို့ တော်ဝန် ဦးမောင်မောင်စိုးက ပြောပါတယ်။

ရန်ကုန်မြို့မှာ ကားရပ်နားရန်နေရာနဲ့ ကားအစီးရေမမျှတတဲ့အတွက် ကားပါကင်တွေကို အထပ်မြင့်ပုံစံတည်ဆောက်မှာဖြစ်တယ်လို့သိရပါတယ်။ အထပ်မြင့်ကားပါကင်တွေကို horizontal တာလ(အလျားလိုက်) မသွားဘဲနဲ့ vertical (ဒေါင်လိုက်)ပုံတည်ဆောက်မှာဖြစ်ပြီး။ မြေအကျယ် ပေ ၂၀ ဝန်းကျင်မှာ ကားအစီးရေ ရှစ်စီးလောက်ထားနိုင်မှာဖြစ်ပါတယ်။

အထပ်မြင့်ကားပါကင်တွေတည်ဆောက်ဖို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရနဲ့ရန်ကုန်တိုင်းဒေသကြီးလွှတ် တော်ကိုတင်ပြီး ပုဂ္ဂလိကကုမ္မဏီတွေကို တင်ဒါခေါ်ယူတည်ဆောက်ဖို့ စီစဉ်ထား တယ်လို့ ဦးမောင်မောင်စိုးက ရှင်းပြပါတယ်။

စမ်းချောင်းမြို့နယ်မှာ လမ်းမြေပေါ်မှာ ခြံစည်းရိုးအခိုင်အမာခတ်ပြီး ကားနေရာဦးတာ၊ ကားတာယာတွေချပြီး နေရာဦးတာတွေအပြင် လမ်းထိပ်နှစ်ဖက်မှာ သည်လမ်းမှကားများမှလွဲပြီး မည်သည့်ကားမျှမဝင်ရဆိုတဲ့ ဆိုင်းဘုတ်တွေကပ်ထားသည်အထိ ဆောင်ရွက်ကြတယ်လို့ စမ်းချောင်းမြို့နယ် မဲဆန္ဒနယ်က တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးအောင်မျိုးက ပြောပါတယ်။

Credit: The kumudra

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှိသည်ကို ၇ နှစ်ကြာမှ သိလိုက်ရသည့် ဖြစ်ရပ် လူမှုကွန်ရက်တွင် ဟိုးလေးတကျော် ဖြစ်နေ...

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...

နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရ

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ

လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်

မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး

ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်

တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ

TikTok လူမှုကွန်ရက်မှာ နာမည်ကြီးနေတဲ့ ထူးဆန်းသော အိမ်ခြံမြေကြော်ငြာတစ်ခုအကြောင်း

ဆွေးနွေးအဖြေရှာ ဥပဒေရေးရာ
ဆွေးနွေးအဖြေရှာ ဥပဒေရေးရာ
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ

လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်

Royal Theikdi Condo
Shwe Moe Kaung

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service