ကမ္ဘာကျော်ရုပ်ရှင်ဒါရိုက်တာကြီး စတီဗင် စပီးလ်ဘတ်၏ သရဲခြောက်သောနေအိမ် (ကမ္ဘာကျော်တို့၏ သရဲခြောက်သော နေအိမ်များ)

ကမ္ဘာကျော်ရုပ်ရှင်ဒါရိုက်တာကြီး စတီဗင် စပီးလ်ဘတ်၏ သရဲခြောက်သောနေအိမ် (ကမ္ဘာကျော်တို့၏ သရဲခြောက်သော နေအိမ်များ) - Property News in Myanmar from iMyanmarHouse.com
20 Feb 2018 10:44 am တွင် တင်ခဲ့သည်
6006 ကြိမ် ကြည့်ရှု့ပြီး
အော်စကာဆုရှင် ဟောလိဝုဒ် ဂန္ထဝင် ရုပ်ရှင်မင်းသမီးကြီး မဲရဲလ် စထရိက ဒါရိုက်တာကြီး စတီဗင် စပီးလ်ဘတ်၏ နေအိမ်သရဲခြောက်သောကြောင့် မကောင်းဆိုးဝါးနှိမ်နင်းနိုင်မည့်သူ ရှာဖွေပေးခဲ့ရသည်ဟု indiatimes သတင်းတစ်ရပ်တွင် ဖော်ပြသည်။

အကယ်၍ သင့်အနေဖြင့် တစ္ဆေသရဲ မကောင်းဆိုးဝါးများ နှင်ထုတ်လိုပါက မဲရဲစထရိထံတွင် အကြံတောင်းပါက သင့်အတွက် တန်ဖိုးရှိမည့် လမ်းညွှန်ချက်များ ပေးနိုင်မည် အမှန်ပင် ဖြစ်လေသည်။

အသက် ၆၈ နှစ်ရှိပြီဖြစ်သော မဲရဲစထရိသည် ၂၀၀၁ ခုနှစ်အတွင်း A.I. Artificial Intelligence ဇာတ်ကားတွင် စတီဗင် စပီးဘတ်နှင့် လက်တွဲရိုက်ကူးခဲ့ဖူးသည်။

“A.I., ဇာတ်ကားရိုက်နေတုန်းက သူ့နေအိမ်ဘယ်လို သရဲခြောက်တယ်ဆိုတဲ့အကြောင်း ပြောဖြစ်ကြတယ်။ ကျွန်မကို သူကမေးတယ်။ မကောင်းဆိုးဝါးတွေ နှင်နိုင်တဲ့သူမျိုး မရှိဘူးလားပေါ့။ ကျွန်မလည်း ရှိပါတယ်လို့ပြောလိုက်တယ်။ ဒီလိုနဲ့ သူ့ဆီကို ဘုန်းတော်ကြီးတစ်ပါး လွှတ်ပေးလိုက်တာဖြစ်ပါတယ်။ အခုတော့ မကောင်းဆိုးဝါးတွေ ရှင်းလင်းသွားပါပြီ” ဟု မဲရဲ စထရိက ပြန်လည်ပြောပြသည်။

အတည်ပြုနိုင်သည့်သတင်းမဟုတ်သော်လည်း သတင်းထွက်လာသည်ကား စပီးဘတ်၏နေအိမ်မှ တစ္ဆေကိုနှင်ထုတ်ပေးခဲ့သူ၏ အမည်မှာ ဘီလ် မာရေးဖြစ်သည်ဟု ဆိုကြသည်။

စပီးဘတ်မတိုင်မီ အဆိုပါနေအိမ်တွင် နေထိုင်ခဲ့သူများ ခြောက်လှန့်ခံရခြင်းရှိ၊ မရှိဟူသည်မှာ စိတ်ဝင်စားဖွယ် မေးခွန်းတစ်ခု ဖြစ်၏။
စပီးဘတ်၏ ယခုနေအိမ်ကို မြေထဲပင်လယ်ဗိသုကာဟန်ဖြင့် ဆောက်လုပ်ထားပြီး ကယ်လီဖိုးနီးယားပြည်နယ်၊ လော့စ်အိန်ဂျလိမြို့၊ ပစိဖိတ် ပါလစ်ဆိတ်အရပ်တွင် တည်ရှိသည်။

မူလက စပိန်ဗိသုကာဟန်ဖြစ်ပြီး ၁၉၈၀ ပြည့်လွန်ကာလများအတွင်း စပီးဘတ်က ဝယ်ယူခဲ့ခြင်းဖြစ်ကာ မိသားစု၏ ပင်မနေအိမ်အဖြစ် အသုံးပြုရန် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။

ယင်းနေအိမ်ကို ယခင်က ပိုင်ဆိုင်ခဲ့ဖူးသူများမှာ ဒေါက်ဂလပ် ဖဲရ်ဘန့်ခ် (ဂျူနီယာ)၊ ဒေးဗစ် အို-ဆဲလ်ဇနစ်၊ ကာရီ ဂရန့်နှင့် ဘာဘရာ ဟတ်တန်၊ ဘော်ဘီ ဗင်တန်တို့ ဖြစ်ကြသည်။

“Gone With the Wind ရုပ်ရှင်ဇာတ်ကားကြီး ရိုက်ကူးနေစဉ်ကာလအတွင်း ဒေးဗစ် ဆဲလ်ဇနစ် ဒီမှာနေထိုင်သွားခဲ့ဖူးတယ် ဆိုတဲ့အချက်က ကျွန်တော့်အတွက် အရေးကြီးပါတယ်။ ဒီအိမ်ကြီးမှာ အခြေခံကောင်းတွေရှိနေပါတယ်” ဟု စပီးလ်ဘတ်က ပြောကြားသည်။

စပီးဘတ်၏ အဆိုပါနေအိမ်တွင် ခိုအောင်းနေသည့် ဝိဥာဉ်မှာ တစ်ခုထက်ပိုနိုင်ပြီး ဆဲလ်ဇနစ် (သို့မဟုတ်) ကာရီ ဂရန့်တို့၏ ဝိဥာဉ်များ ဟုတ်၊ မဟုတ် မေးခွန်းထုတ်ဖွယ်ရာလည်း ဖြစ်လေသည်။

မဲရဲစထရိသည် အော်စကာဆုရှင် မင်းသမီးကြီးဖြစ်ပြီး ၁၉၄၉ ခုနှစ်၊ ဇွန်လ ၂၂ ရက်တွင် အမေရိကန်ပြည်ထောင်စု၊ နယူးဂျာစီပြည်နယ်၊ ဆမ်းမစ်မြို့တွင် မွေးဖွားသည်။

မီဒီယာတို့က မဲရဲစထရိကို သူဖြတ်သန်းရာခေတ်၏ အကောင်းဆုံးမင်းသမီးအဖြစ် ဖော်ပြခဲ့ကြသည်။
အော်စကာဆုရှင်အဖြစ် ၂၁ ကြိမ် ဇကာတင်စာရင်းပါဝင်ခဲ့ပြီး အော်စကာဆု ၃ ဆု ရရှိခဲ့သည်။

ပြင်သစ်အစိုးရက ၂၀၀၃ ခုနှစ်တွင် Commander of the Order of Arts and Letters ဆုချီးမြှင့်ခဲ့၏။
သမ္မတအိုဘားမားက မဲရဲစထရိကို ၂၀၁၀ ပြည့်နှစ်တွင် National Medal of Arts ဆုနှင့် ၂၀၁၄ ခုနှစ်တွင် Presidential Medal of Freedom ဆုများ ပေးအပ်ချီးမြှင့်ခဲ့သည်။

မဲရဲစထရိသည် ၁၉၇၉ ခုနှစ်တွင် ရိုက်ကူးထုတ်လုပ်ခဲ့သည့် Kramer vs. Kramer ရုပ်ရှင်ဇာတ်ကားတွင် အကောင်းဆုံးဇာတ်ပို့၊ ၁၉၈၂ ခုနှစ်တွင် ထွက်ရှိသည့် Sophie's Choice ဇာတ်ကားတွင် အကောင်းဆုံးဇာတ်ဆောင်၊ ၂၀၁၁ ခုနှစ်တွင် ထွက်ရှိသည့် The Iron Lady ဇာတ်ကားတွင် အကောင်းဆုံးဇာတ်ဆောင် အော်စကာဆုများ ရရှိခဲ့သည်။

ကမ္ဘာကျော် ရုပ်ရှင်ဒါရိုက်တာကြီး စတီဗင်စပီးလ်ဘတ်ကို ၁၉၄၆ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက်တွင် အမေရိကန်ပြည်ထောင်စု၊ အိုဟိုင်းအိုးပြည်နယ်၊ စင်စင်နတီမြို့တွင် မွေးဖွားသည်။

မိခင်ဖြစ်သူ လီယာ (၁၉၂၀၊ ဇန်နဝါရီ ၁၂ ဖွား- ၂၀၁၇၊ ဖေဖော်ဝါရီ ၂၁ ကွယ်လွန်) မှာ စားသောက်ဆိုင်ပိုင်ရှင်၊ ပီယာနိုဂီတသမား တစ်ဦးဖြစ်ပြီး ဖခင် အာနိုးစပီးလ်ဘတ်မှာ အင်ဂျင်နီယာတစ်ဦးဖြစ်ပြီး ကွန်ပြူတာများ စတင်တီထွင်ထုတ်လုပ်ရာတွင် ပါဝင်ခဲ့သူ ဖြစ်သည်။

ဟောလိဝုဒ်ခေတ်ကြီးကို စတင်တည်ထောင်ရာတွင် စတီဗင် စပီးလ်ဘတ်ပါဝင်ခဲ့သည်ဟု သတ်မှတ်ထားကြသည်။ကမ္ဘာ့ရုပ်ရှင်နှင့်ထုတ်လုပ်သူသမိုင်းတစ်လျှောက် အကျော်ကြားဆုံးဒါရိုက်တာများတွင် တစ်ဦးအပါအဝင်လည်း ဖြစ်လေသည်။

ရုပ်ရှင်ဒါရိုက်တာအဖြစ် နှစ်ပေါင်း ၄၀ ကျော်ဖြတ်သန်းမှုကာလအတွင်း ရုပ်ရှင်နယ်ပယ်အမျိုးအစားမျိုးစုံဖြင့် ဇာတ်ကားများ ရိုက်ကူးခဲ့သည်။သူ၏ ဇာတ်ကားများအနက် အထင်ရှားဆုံးမှာ Jurassic Park (series), Indiana Jones (series), Schindler's List, Men in Black (series), Saving Private Ryan ,Star Wars နှင့်Transformers(series) တို့ ဖြစ်ကြသည်။

၁၉၈၅ ခုနှစ်တွင် စပီးဘတ်သည် The Color Purple ဇာတ်ကားရိုက်ကူးပြီးနောက်ပိုင်း နေအိမ်တစ်လုံးရှာဖွေခဲ့၏။
ထိုအချိန်က စပီးဘတ်သည် လော့စ်အိန်ဂျလိတွင် နေအိမ် ၂ လုံးပိုင်ဆိုင်ထားပြီးဖြစ်ရာ Coldwater Canyon တွင် တစ်လုံးနှင့် နာမည်ကျော် မာလီဘူးကမ်းခြေအရပ်တွင် တစ်လုံးဖြစ်သည်။

သို့ရာတွင် အဆိုပါနေအိမ်များမှာ အချိန်ပိုင်းနေထိုင်ရန်အတွက်သာ အသုံးပြုသော နေအိမ်များဖြစ်ကာ စပီးဘတ်က အမြဲအခြေချနေထိုင်ရန် စိတ်ကူးယဉ်ဆန်သည့် နေအိမ်ကြီးမျိုးရှာဖွေခြင်းလည်း ဖြစ်သည်။

သို့နှင့် ပစိဖိတ် ပါလစ်ဆိတ်အရပ်တွင် ၃ ဧက ကျယ်ဝန်းသော ခြံကြီးအတွင်း အုတ်ကြွပ်မိုးနေအိမ်ကြီးတစ်လုံးကို အကျိုးဆောင် တစ်ဦးက လိုက်လံပြသရာ စပီးဘတ်ချက်ချင်းသဘောကျသွားခဲ့သည်။

“နေအိမ်ရဲ့ပုံစံနဲ့ တည်နေရာက ကျွန်တော့်ကို ဆွဲဆောင်နိုင်သွားတယ်။ လော့စ်အိန်ဂျလိနိုင်ငံတကာလေဆိပ်နဲ့ မာလီဘူးရဲ့ လှပတဲ့ရှုခင်းတွေ တွေ့မြင်ခံစားရတယ်။ ဝဲဘက်မှာက သစ်ပင်အုပ်တွေနဲ့ စိမ်းစိုလန်းဆန်းနေပြီး ယာဘက်မှာ Will Rogers State Park ပန်းခြံရှိပါတယ်။ ဒီပန်းခြံကြီးဘေးမှာရှိနေတာက နေအိမ်ရဲ့ အကောင်းဆုံးဆွဲဆောင်မှုပါ ” ဟု စပီးဘတ်က ပြန်ပြောင်းပြောပြသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
ကမ္ဘာကျော်ရုပ်ရှင်ဒါရိုက်တာကြီး စတီဗင် စပီးလ်ဘတ်၏ သရဲခြောက်သောနေအိမ် (ကမ္ဘာကျော်တို့၏ သရဲခြောက်သော နေအိမ်များ) - Property News in Myanmar from iMyanmarHouse.com
ကမ္ဘာကျော်ရုပ်ရှင်ဒါရိုက်တာကြီး စတီဗင် စပီးလ်ဘတ်၏ သရဲခြောက်သောနေအိမ် (ကမ္ဘာကျော်တို့၏ သရဲခြောက်သော နေအိမ်များ) - Property News in Myanmar from iMyanmarHouse.com
ကမ္ဘာကျော်ရုပ်ရှင်ဒါရိုက်တာကြီး စတီဗင် စပီးလ်ဘတ်၏ သရဲခြောက်သောနေအိမ် (ကမ္ဘာကျော်တို့၏ သရဲခြောက်သော နေအိမ်များ) - Property News in Myanmar from iMyanmarHouse.com
ကမ္ဘာကျော်ရုပ်ရှင်ဒါရိုက်တာကြီး စတီဗင် စပီးလ်ဘတ်၏ သရဲခြောက်သောနေအိမ် (ကမ္ဘာကျော်တို့၏ သရဲခြောက်သော နေအိမ်များ) - Property News in Myanmar from iMyanmarHouse.com
ကမ္ဘာကျော်ရုပ်ရှင်ဒါရိုက်တာကြီး စတီဗင် စပီးလ်ဘတ်၏ သရဲခြောက်သောနေအိမ် (ကမ္ဘာကျော်တို့၏ သရဲခြောက်သော နေအိမ်များ) - Property News in Myanmar from iMyanmarHouse.com
ကမ္ဘာကျော်ရုပ်ရှင်ဒါရိုက်တာကြီး စတီဗင် စပီးလ်ဘတ်၏ သရဲခြောက်သောနေအိမ် (ကမ္ဘာကျော်တို့၏ သရဲခြောက်သော နေအိမ်များ) - Property News in Myanmar from iMyanmarHouse.com
ကမ္ဘာကျော်ရုပ်ရှင်ဒါရိုက်တာကြီး စတီဗင် စပီးလ်ဘတ်၏ သရဲခြောက်သောနေအိမ် (ကမ္ဘာကျော်တို့၏ သရဲခြောက်သော နေအိမ်များ) - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှိသည်ကို ၇ နှစ်ကြာမှ သိလိုက်ရသည့် ဖြစ်ရပ် လူမှုကွန်ရက်တွင် ဟိုးလေးတကျော် ဖြစ်နေ...

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...

နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်

ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်

Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့

ဆွေးနွေးအဖြေရှာ ဥပဒေရေးရာ
ဆွေးနွေးအဖြေရှာ ဥပဒေရေးရာ
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်

တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ

အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ

ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျ
ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျ
ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ
ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ
ဘီလ်ဂိတ်က အိမ်တွင် သားသမီးများ မရှိတော့ဘဲ တစ်ယောက်တည်း အထီးကျန်နေသော်လည်း ရေချိုးခန်း ၂၄ ခန်းပါ အလွန်ကြီးမားလှသည့် စံအိမ

Royal Theikdi Condo
CarsDB Showroom Opening

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service