ကေတီပရိုက်စ်၏ သရဲခြောက်သော နေအိမ်ကြီး (ကမ္ဘာကျော်တို့၏ သရဲခြောက်သော နေအိမ်များ)

ကေတီပရိုက်စ်၏ သရဲခြောက်သော နေအိမ်ကြီး (ကမ္ဘာကျော်တို့၏ သရဲခြောက်သော နေအိမ်များ) - Property News in Myanmar from iMyanmarHouse.com
19 Feb 2018 11:37 am တွင် တင်ခဲ့သည်
5483 ကြိမ် ကြည့်ရှု့ပြီး
ကေတီပရိုက်စ်သည် သရဲအခြောက်ခံနေရသည်မှာ နှစ်ပေါင်း ၂၀ ကျော်ရှိခဲ့ပြီဟု ဆိုသည်။

အင်္ဂလန်နိုင်ငံ၊ ဆပ်ဆက်စ်ရှိ သူ၏နေအိမ်ကြီးမှာ နှစ်ပေါင်းကြာရှည် သရဲခြောက်နေသည့်ဒဏ်ကို ကေတီပရိုက်စ် ခံနိုင်ရည်မရှိတော့ သောကြောင့် ယခုအခါတွင် တစ္ဆေနှိမ်နင်းမည့်သူတစ်ဦး ငှားရမ်းလိုက်ပြီဟု ဆိုသည်။

ကေတီပရိုက်စ်၏ နေအိမ်တွင်းရှိ မကောင်းဆိုးဝါးများကို နှိမ်နင်းပေးမည့် ပညာရှင်မှာ လီရောဘတ်စ်ဟု အမည်ရပြီး သူမ၏နေအိမ်ကို ဘေးအန္တရာယ်များ ကင်းရှင်းစေရန် စီမံဆောင်ရွက်ပေးမည် ဖြစ်သည်။

ကေတီပရိုက်စ်သည် အဆိုပါနေအိမ်ကြီးတွင် သူ၏ကလေး ၅ ဦးနှင့်အတူ နေထိုင်လျက်ရှိသည်ဟု ဆိုသည်။ယခုအခါတွင် အသက် ၃၉ နှစ်အရွယ်ရှိပြီဖြစ်သော ကေတီပရိုက်စ်က မကောင်းဆိုးရွားတို့အကြောင်း ထဲထဲဝင်ဝင် ပိုမိုသိရှိနိုင်ရေး အတွက် အင်္ဂလန်တစ်ဝန်းရှိ အခြားသရဲခြောက်သော နေအိမ်ကြီးများကို သွားရောက်လေ့လာမည်ဟုလည်း ဆိုသည်။

“သူက မကောင်းဆိုးရွား တစ္ဆေသရဲတွေ တော်တော်ကြုံခဲ့ရတယ်။ အိမ်ထဲမှာ ရွေ့ လျားနေတာတွေ ၊ အရိပ်မည်းကြီးတွေ မကြာခဏ တွေ့ခဲ့ရတယ်လို့ဆိုပါတယ်” ဟု ပရလောကပညာရှင် လီရောဘတ်စ်က ပြောကြားသည်။

သို့ရာတွင် လီရောဘတ်စ်သည် ကေတီပရိုက်စ်၏နေအိမ်သို့ ကိုယ်တိုင်သွားရောက်နှိမ်နင်းရန် စေလွှတ်ခံရဖွယ်မရှိဘဲ ကေတီပရိုက်စ် အတွက် မကောင်းဆိုးရွားရန် ကာကွယ်နှိမ်နင်းနိုင်မည့်ပစ္စည်းများ ပေးအပ်ကာ လမ်းညွှန်သွားရဖွယ်ရှိသည်။

ကေတီပရိုက်စ်နှင့် မကောင်းဆိုးရွားခြောက်လှန့်မှုသတင်းမှာ ယခုအခါမှာ ပထမဆုံးအကြိမ်မဟုတ်ချေ။

ပြီးခဲ့သည့်နှစ်ကလည်း အကြားအမြင်ပညာရှင်တစ်ဦးက ကေတီပရိုက်စ်အားပြောကြားခဲ့ဖူးသည်မှာ သူမ၏ခန္ဓာကိုယ်တွင်ရှိသော ရောင်ဝါစက်ဝန်းသည် မကောင်းဆိုးရွားများကို ဆွဲဆောင်ထားခြင်းကြောင့် မကောင်းဆိုးရွားတို့သည် ကေတီပရိုက်စ်၏ဝန်းကျင်တွင် လိုက်လံနေခဲ့သည်မှာ နှစ်ပေါင်း ၂၀ ရှိခဲ့ပြီဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု ဆို၏။

ကေတီပရိုက်စ်က ပြောကြားခဲ့ဖူးသည်မှာ သူနေထိုင်ခဲ့ဖူးသည့် နေအိမ်အားလုံးနီးပါး သရဲခြောက်ကြောင်း ပြောကြားခဲ့ဖူးသည်။

ကေတီပရိုက်စ်က သရဲခြောက်ခံရခြင်းများကို နှစ်ပေါင်းများစွာအတွင်း ကျင့်သားရနေပြီဖြစ်သော်လည်း ကလေးငယ်များမှာမူ များစွာ ကြောက်ရွံ့ ကြလျက်ရှိပြီး ညအချိန်များတွင် စူးစူးဝါးဝါးထအော်ကြခြင်းများ ဖြစ်လေ့ရှိသည်ဟု ဆိုသည်။
“တခါမှာ ညကြီးသန်းခေါင်ပေါ့၊ ကယ်ကြပါဦး..ကယ်ကြပါဦးလို့ ငယ်သံပါအောင် အော်သံကြားတော့ လန့်နိုးလာတယ်။

ကျွန်မသွားကြည့်တော့ သားလေးကိုတွေ့တယ်။ သူပြောတာက အိမ်ရဲ့ မှန်ပြတင်းမှာ လူတစ်ယောက်ရပ်နေတယ်လို့ ပြောတယ်” ဟု ကေတီပရိုက်စ်က ပြန်ပြောင်းပြောပြသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
ကေတီပရိုက်စ်၏ သရဲခြောက်သော နေအိမ်ကြီး (ကမ္ဘာကျော်တို့၏ သရဲခြောက်သော နေအိမ်များ) - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှိသည်ကို ၇ နှစ်ကြာမှ သိလိုက်ရသည့် ဖြစ်ရပ် လူမှုကွန်ရက်တွင် ဟိုးလေးတကျော် ဖြစ်နေ...

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...

နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား

ဘီလ်ဂိတ်က အိမ်တွင် သားသမီးများ မရှိတော့ဘဲ တစ်ယောက်တည်း အထီးကျန်နေသော်လည်း ရေချိုးခန်း ၂၄ ခန်းပါ အလွန်ကြီးမားလှသည့် စံအိမ

TikTok လူမှုကွန်ရက်မှာ နာမည်ကြီးနေတဲ့ ထူးဆန်းသော အိမ်ခြံမြေကြော်ငြာတစ်ခုအကြောင်း

လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်

စင်္ကာပူတွင် လူသွားလမ်း ရေမြောင်းပေါက်အတွင်း တံထွေးထွေးသော ကမ္ဘာလှည့်ခရီးသည်တစ်ဦး ကန်ဒေါ်လာ ၂၂၀ ဒဏ်ရိုက်ခံရ၊ ဒဏ်ငွေ ချက်

ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်

ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော

တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရ

ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်

မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး

CarsDB
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service