ဒူဘိုင်းတွင် ကမ္ဘာ့အမြင့်ဆုံး ဟိုတယ်ကြီး ဖွင့်လှစ်လိုက်ပြီ

ဒူဘိုင်းတွင် ကမ္ဘာ့အမြင့်ဆုံး ဟိုတယ်ကြီး ဖွင့်လှစ်လိုက်ပြီ - Property News in Myanmar from iMyanmarHouse.com
19 Feb 2018 10:51 am တွင် တင်ခဲ့သည်
5115 ကြိမ် ကြည့်ရှု့ပြီး
အာရပ်စော်ဘွားများပြည်ထောင်စု၊ ဒူဘိုင်းတွင် ကမ္ဘာ့အမြင့်ဆုံး ဟိုတယ်ကြီး ဖွင့်လှစ်လိုက်ပြီဖြစ်ရာ တိမ်များဆီသို့ ထိုးတက်နေပြီး အောက်ခြေရှိ မြို့ ကြီးကို အပေါ်စီးမှ ငုံ့မိုးကြည့်ရှုနေသည့်အလား မှတ်ထင်ရလေသည်။

ဟိုတယ်အမည်ကို ဂျီဗိုရာဟိုတယ်ဟု အမည်ပေးထားပြီး အာရပ်စော်ဘွားများပြည်ထောင်စု၏ ဘဏ္ဍာရေးဗဟိုချက်ဟု ဆိုအပ်သော ဒူဘိုင်း၏ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းအတွက် ရှေ့ ဆုံးမှ အထောက်အကူဖြစ်စေတော့မည် ဖြစ်သည်။

ဟိုတယ်၏ အမြင့်မှာ ၃၅၆ မီတာ ( ၁၁၆၈ ပေ) အထိ မြင့်မားသည်။
ယခင်က ကမ္ဘာ့အမြင့်မားဆုံးဟိုတယ်ကြီးအဖြစ် စံချိန်တင်ထားခဲ့သော ဂျေဒဗလျူ မားရိယော့ မားကွစ်ဟိုတယ်မှာလည်း ဒူဘိုင်းတွင်ပင် တည်ရှိပြီး ယခုဟိုတယ်သစ်ကြီးနှင့် မီတာအနည်းငယ်သာ ဝေးကွာသည်။

ဂျီဗိုရာဟိုတယ်တွင် ချွေးထုတ်ခန်း၊ ရေကူးကန်နှင့် ထည်ဝါခမ်းနားသည့် စားသောက်ဆိုင် ၅ ခု ပါဝင်သည်။အာ့ထ် ဒက်ကို ဗိသုကာဟန်ဖြင့် ဆောက်လုပ်ထားပြီး အခန်းပေါင်း ၅၂၈ ခန်း ပါဝင်သည်။

အခန်းအမျိုးအစား ၃ မျိုးခွဲခြားထားရာ ၄၆ စတုရန်းမီတာရှိ Deluxe Room ၊ ၆၂ စတုရန်းမီတာရှိ အိပ်ခန်းတစ်ခန်းပါ Deluxe နှင့် ၈၅ စတုရန်းမီတာရှိ အိပ်ခန်း ၂ ခန်းပါ Suite တို့ ဖြစ်ကြသည်။

ကြယ်လေးပွင့်အဆင့်ရှိ ဟိုတယ်ဖြစ်ပြီး ကော်ဖီနှင့် ကိတ်မုန့်ဆိုင်၊ business center တစ်ခုနှင့် ဒါရိုက်တာဘုတ်အဖွဲ့ အစည်းအဝေး ခန်းမတစ်ခုတို့လည်း ပါဝင်သည်။

ဟိုတယ်၏ အပေါ်ဆုံး ခေါင်မိုးထပ်တွင် Highest View အမည်ရှိ စားသောက်ဆိုင်တည်ရှိပြီး ဒူဘိုင်းမြို့ ကြီး၏ မြင်ကွင်းကျယ်ကို ညစာစားရင်းကြည့်ရှုခံစားနိုင်မည် ဖြစ်သည်။

အဆောက်အအုံအရဆိုလျှင်မူ ဂျီဗိုရာသည် ကမ္ဘာ့အမြင့်မားဆုံးဟိုတယ်ဟု မဆိုနိုင်သေးချေ။ဟောင်ကောင်ရှိ ၄၈၈ မီတာမြင့်မားသည့် နိုင်ငံတကာ ကူးသန်းရောင်းဝယ်ရေးစင်တာ၏ ၁၀၂ ထပ်မှ ၁၁၈ ထပ်အထိ နေရာယူကာ ဖွင့်လှစ်ထားသော The Ritz-Carlton ဟိုတယ်မှာ အမြင့်မားဆုံးဟု အချို့ က ဆိုကြသည်။

သို့ရာတွင် ဂျီဗိုရာဟိုတယ်ကိုသာ ကမ္ဘာ့အမြင့်မားဆုံးအဖြစ် ကမ္ဘာ့ဂင်းနက်စ်စံချိန်မှတ်တမ်းအဖွဲ့က အသိအမှတ်ပြုထားသည်။

“ဂျီဗိုရာဟိုတယ်ရဲ့  တံခါးတွေကို စတင်ဖွင့်လှစ်ဖို့ ကျွန်တော်တို့ အရမ်းစိတ်လှုပ်ရှားနေပါတယ်။ ဒါက စိတ်ဓာတ်ပြင်းပြစွာနဲ့ အကောင်အထည်ဖော်ခဲ့တဲ့စီမံကိန်းတစ်ခုဖြစ်ပြီး အခုအချိန်မှာ ကျွန်တော်တို့ရဲ့ အမြင်တွေကို ကမ္ဘာကြီးဆီဝေမျှဖို့ အသင့်ဖြစ်နေပါပြီ” ဟု ဂျီဗိုရာဟိုတယ်၏ အထွေထွေမန်နေဂျာ ဂျိုင်ရတ်ဂ်ျ ဂေါ်ရှားက ပြောကြားသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
ဒူဘိုင်းတွင် ကမ္ဘာ့အမြင့်ဆုံး ဟိုတယ်ကြီး ဖွင့်လှစ်လိုက်ပြီ - Property News in Myanmar from iMyanmarHouse.com
ဒူဘိုင်းတွင် ကမ္ဘာ့အမြင့်ဆုံး ဟိုတယ်ကြီး ဖွင့်လှစ်လိုက်ပြီ - Property News in Myanmar from iMyanmarHouse.com
ဒူဘိုင်းတွင် ကမ္ဘာ့အမြင့်ဆုံး ဟိုတယ်ကြီး ဖွင့်လှစ်လိုက်ပြီ - Property News in Myanmar from iMyanmarHouse.com
ဒူဘိုင်းတွင် ကမ္ဘာ့အမြင့်ဆုံး ဟိုတယ်ကြီး ဖွင့်လှစ်လိုက်ပြီ - Property News in Myanmar from iMyanmarHouse.com
ဒူဘိုင်းတွင် ကမ္ဘာ့အမြင့်ဆုံး ဟိုတယ်ကြီး ဖွင့်လှစ်လိုက်ပြီ - Property News in Myanmar from iMyanmarHouse.com
ဒူဘိုင်းတွင် ကမ္ဘာ့အမြင့်ဆုံး ဟိုတယ်ကြီး ဖွင့်လှစ်လိုက်ပြီ - Property News in Myanmar from iMyanmarHouse.com
ဒူဘိုင်းတွင် ကမ္ဘာ့အမြင့်ဆုံး ဟိုတယ်ကြီး ဖွင့်လှစ်လိုက်ပြီ - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှိသည်ကို ၇ နှစ်ကြာမှ သိလိုက်ရသည့် ဖြစ်ရပ် လူမှုကွန်ရက်တွင် ဟိုးလေးတကျော် ဖြစ်နေ...

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...

နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်

လေယာဉ်မယ်ဟောင်း ယန်ယန်ရှီ၏ ဘဝဖြတ်သန်းမှုမှာ တရုတ်ပြည်မကြီး လူမှုကွန်ရက်တွင် အလွန်နာမည်ကြီးနေသည်။

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ

၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ

မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး

TikTok လူမှုကွန်ရက်မှာ နာမည်ကြီးနေတဲ့ ထူးဆန်းသော အိမ်ခြံမြေကြော်ငြာတစ်ခုအကြောင်း

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယ

တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရ

ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်

Royal Theikdi Condo
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service