နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနည်းပါးနေသေးသည့် ရခိုင်ပြည်နယ်တွင် အိန္ဒိယနိုင်ငံက စစ်တွေစက်မှုဇုန် တည်ထောင်ရန် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံး က မြန်မာနိုင်ငံသား (သို့မဟုတ်) မြန်မာနိုင်ငံတွင် မှတ်ပုံတင်ထားသော ကုမ္ပဏီများအား စိတ်ဝင်စားမှု အဆိုပြုလွှာ ဖိတ်ခေါ်ထား သည်။
အဆိုပါစီမံကိန်းသည် မြန်မာအစိုးရကို ပေးအပ်သည့် ကတိကဝတ်များအရ အကောင် အထည်ဖော်ရန်ဖြစ်ပြီး စိတ်ဝင်စားသူများသည် မတ်လ ၇ ရက် နောက်ဆုံး တင်ပြရမည်ဖြစ်သည်။
စိတ်ဝင်စားသည့် ကုမ္ပဏီများသည် မြန်မာနိုင်ငံတွင် စက်မှုဇုန် (သို့မဟုတ်) အထူးစီးပွားဇုန် တည်ထောင်ဖူးသည့် အတွေ့ အကြုံရှိရမည်ဟု အိန္ဒိယသံရုံးက ဆိုသည်။
အဆိုပါစီမံကိန်းသည် မြန် မာနိုင်ငံတွင် စက်မှုကုန်ထုတ်လုပ် မှုနှင့် ဝန်ဆောင်မှုကဏ္ဍ ဖွံ့ဖြိုးရေး နိုင်ငံခြား တိုင်းပြည်များနှင့်ချိတ်ဆက် ဆောင်ရွက်နိုင်ရမည်ဟု ဆိုသည်။ စက်မှုလုပ်ငန်းအသစ် များ၊ ဈေးကွက် လိုအပ်ချက်ကို ဖြည့်တင်းနိုင်မည့် ကဏ္ဍများနှင့် စီးပွားရေးအခွင့်အလမ်းများ ဖော် ထုတ်နိုင်ရမည်ဟု ဆိုသည်။
မြေပုံနှင့် ပုဏ္ဏားကျွန်းဒေသ ကို ချိတ်ဆက်မည့် တံတားတည်ဆောက်ရန်ပါဝင်ပြီး ယင်း တံတားသည် အဆိုပါဇုန်ဖွံ့ဖြိုး ရေး အထောက်အကူပြုရန်ဖြစ် ကြောင်း သံရုံးကဆိုသည်။
‘‘လက်ရှိ ပြည်နယ်အစိုးရနဲ့ ပြောထားတာ မရှိသေးဘူး။ အိန္ဒိယက ရခိုင်ပြည်နယ်မှာ လုပ် နေတာ ကုလားတန်ဘက်စုံ စီမံကိန်းနဲ့ မြစ်ကြောင်းဖွံ့ဖြိုးရေးလုပ် ပြီး ဆိပ်ကမ်းဆောက်ဖို့ ရှိသေး တယ်။ ဒီစီမံကိန်းက ပြည်ထောင်စုနဲ့ လုပ်တာဖြစ်မယ်’’ဟု ရခိုင် ပြည်နယ်ဘဏ္ဍာရေး၊ အခွန်၊ စီမံ ကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးကျော်အေးသိန်းက ပြောသည်။
Credit: 7Daydaily