ရန်ကုန်ဘူတာကြီး ဘက်စုံစီမံကိန်း တည်ဆောက်ရန် ကနဦးအဆင့် တင်ဒါချပေး

ရန်ကုန်ဘူတာကြီး ဘက်စုံစီမံကိန်း တည်ဆောက်ရန် ကနဦးအဆင့် တင်ဒါချပေး - Property News in Myanmar from iMyanmarHouse.com
16 Feb 2018 12:47 pm တွင် တင်ခဲ့သည်
6828 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန် ဘူတာကြီး ဧရိယာ ဘက်စုံ ဖွံ့ဖြိုးရေး စီမံကိန်း ဆောင်ရွက်ရန် ကနဦးအဆင့် တင်ဒါ အောင်မြင်သူ (preferred bidder) အဖြစ် စင်ကာပူနိုင်ငံတွင် စာရင်းသွင်းထားသော Oxley Holdings ပါဝင်သည့် ကုမ္ပဏီအုပ်စုတခုကို ရွေးချယ်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံမှ မင်းဓမ္မ ကုမ္ပဏီနှင့် တရုတ်နိုင်ငံမှ Sino Great Wall ကုမ္ပဏီတို့ ပါဝင်သော ၎င်းတို့၏ ကုမ္ပဏီ အုပ်စုကို စီမံကိန်းအတွက် ရွေးချယ်ခြင်းခံခဲ့ရကြောင်း စင်ကာပူ စတော့အိတ်ချိန်းတွင် စာရင်းသွင်းထားသော Oxley Holdings ကုမ္ပဏီက ဖေဖော်ဝါရီလ ၁၄ ရက်နေ့ ညပိုင်းတွင် ကြေညာခဲ့သည်။

ကြေညာချက်ထဲတွင် Oxley Holdings ကုမ္ပဏီက ၎င်းတို့ ကုမ္ပဏီ အုပ်စုသို့ တင်ဒါချထားကြောင်း ဇန်နဝါရီလ ၃၀ ရက် နေ့က ပြုလုပ်သော အစိုးရ အဖွဲ့ အစည်းအဝေးတခုတွင် ဆုံးဖြတ်ခဲ့ပြီး မြန်မာ့မီးရထား ဦးဆောင် ညွှန်ကြားရေးမှူး ဦးထွန်းအောင်သင်းက ဖေဖေါ်ဝါရီလ ၁၄ ရက်နေ့တွင် လက်မှတ်ထိုး
အကြောင်းကြားခဲ့သည်ကိုလည်း ပူးတွဲဖော်ပြထားသည်။

တွေ့ဆုံ ညှိနှိုင်းဆွေးနွေး မှုများ ပြုလုပ်မည့်ရက်ကို မြန်မာ့မီးရထားက Oxley Holdings သို့ မကြာမီ အကြောင်းကြားသွားမည် ဟုလည်း အဆိုပါ စာတွင် ဖော်ပြထားသည်ဟု ဆိုသည်။

Oxley Holdings က ထုတ်ပြန်ထားသည့် သရုပ်ဖော်ပုံစံSino Great Wall ကုမ္ပဏီသည် ဘေဂျင်း အခြေစိုက် ဆောက်လုပ်ရေး လုပ်ငန်းတခု ဖြစ်ပြီး Shenzhen စတော့ အိတ်ချိန်း တွင် စာရင်းသွင်းထားသည်။ မင်းဓမ္မကုမ္ပဏီသည် တရုတ်-မြန်မာ စီးပွားရေး လုပ်ငန်းရှင် တဦးဖြစ်သည့် ဦးရန်ဟို(Yang Ho) ပိုင်ဆိုင်သည့် Mottama Holdings ကုမ္ပဏီ၏ လုပ်ငန်းခွဲတခု ဖြစ်ကြောင်း Frontier Myanmar စီးပွားရေး မဂ္ဂဇင်း၏ အဆိုအရ သိရသည်။

ကန်ထရိုက်ချထားပေးခြင်းက ညှိနှိုင်းဆွေးနွေးမှုများနှင့် ဥပဒေရေးရာ အစီအစဉ်များ ပြီးစီးမှုပေါ်တွင် မူတည်ကြောင်း Oxley Holdings က ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် ပြောကြားခဲ့သည်။

စီမံကိန်းသည် ရထားနှင့် လူအမြောက်အများ ခရီးစဉ် ကူးပြောင်းသွားလာနိုင်မှု ပေါင်းစပ်ထားသော သယ်ယူပို့ဆောင်ရေး အချက်အခြာ နေရာသစ်တခုကို အိမ်ယာများ၊ စီးပွားရေး အဆောက်အဦးများဖြင့် ဝိုင်းရံထားသော ဖွံ့ဖြိုးရေး စီမံကိန်း တခု ဖြစ်သည်။

၂၅.၇ ဟက်တာ(၆၃.၅ ဧက) ကျယ်ဝန်းသည့် မြေပေါ်တွင် အကောင်အထည်ဖော်မည်ဖြစ်ပြီး စီမံကိန်း အဆောက်အဦး များ၏ အသားတင် ကြမ်းခင်း ဧရိယာမှာ စတုရန်းမီတာ ၁.၁ သန်းဖြစ်သည်။

Oxley Holdings က ထုတ်ပြန်ထားသည့် သရုပ်ဖော်ပုံစံ၌ တောင်ဘက်တွင် ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ မြောက်ဘက်တွင် ဗိုလ်မင်းရောင်လမ်း၊ အနောက်ဘက်တွင် ဆူးလေဘုရားလမ်းနှင့် အရှေ့ဘက်တွင် သိမ်ဖြူလမ်း တို့ဖြင့် ပိုင်းခြားထားသည့် ဧရိယာအတွင်းတွင် အထပ် ၂၀ ခန့်မြင့်မည့် အထပ်မြင့် အဆောက်အဦးများကို တွေ့ရသည်။

Credit: The irrawaddy

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှိသည်ကို ၇ နှစ်ကြာမှ သိလိုက်ရသည့် ဖြစ်ရပ် လူမှုကွန်ရက်တွင် ဟိုးလေးတကျော် ဖြစ်နေ...

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...

နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ

အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်

ဆွေးနွေးအဖြေရှာ ဥပဒေရေးရာ
ဆွေးနွေးအဖြေရှာ ဥပဒေရေးရာ
တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရ

ဓားထိုးခံရကာ မကြာသေးမီက ဆေးရုံမှ ဆင်းလာသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဆာအိဖ် အလီခန်း မိသားစုပိုင် ရူပီး ကုဋေ ၁၅၀၀၀ တန်ကြေး

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ
ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ
ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ
ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ
ချစ်သူက ပြည့်တန်ဆာဘဝသို့ သွတ်သွင်းခြင်းခံလိုက်ရသော ဘောလိဝုဒ်ကြယ်ပွင့် ရုပ်ရှင်မင်းသမီး၏ ကြေကွဲဖွယ်ဘဝဇာတ်ကြောင်း

တရုတ်ပြည်တွင် ဆောက်လုပ်ရေးပစ္စည်းထုတ်လုပ်သော ကုမ္ပဏီတစ်ခုက နှစ်ကုန်ပါတီပွဲတွင် ဝန်ထမ်းများအား ငွေစက္ကူ ရေတွက်ပွဲအဖြစ် ယွ

ဘီလ်ဂိတ်က အိမ်တွင် သားသမီးများ မရှိတော့ဘဲ တစ်ယောက်တည်း အထီးကျန်နေသော်လည်း ရေချိုးခန်း ၂၄ ခန်းပါ အလွန်ကြီးမားလှသည့် စံအိမ

Shwe Moe Kaung
Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service