တရုတ်ပြည်မကြီးအခြေစိုက် လုပ်ငန်းစုံကုမ္ပဏီကြီးဖြစ်သည့် HNA Group က ကြွေးမြီများ ပေးဆပ်ရန်အတွက် ဟောင်ကောင်ရှိ အဆောက်အအုံကြီး ၂ ခုကို Henderson Land ထံ ကန်ဒေါ်လာ ၂ ဘီလီယံဖြင့် ရောင်းချ

တရုတ်ပြည်မကြီးအခြေစိုက် လုပ်ငန်းစုံကုမ္ပဏီကြီးဖြစ်သည့် HNA Group က ကြွေးမြီများ ပေးဆပ်ရန်အတွက် ဟောင်ကောင်ရှိ အဆောက်အအုံကြီး ၂ ခုကို Henderson Land ထံ ကန်ဒေါ်လာ ၂ ဘီလီယံဖြင့် ရောင်းချ - Property News in Myanmar from iMyanmarHouse.com
16 Feb 2018 12:34 pm တွင် တင်ခဲ့သည်
5440 ကြိမ် ကြည့်ရှု့ပြီး
တရုတ်ပြည်မကြီးအခြေစိုက် လုပ်ငန်းစုံကုမ္ပဏီကြီးဖြစ်သည့် HNA Group သည် ကြွေးမြီများ ပေးဆပ်ရန်အတွက် ဟောင်ကောင်ရှိ အဆောက်အအုံကြီး ၂ ခုကို ဟောင်ကောင်အခြေစိုက် အိမ်ခြံမြေကုမ္ပဏီကြီးတစ်ခုဖြစ်သော Henderson Land ထံ ကန်ဒေါ်လာ ၂ ဘီလီယံဖြင့် ရောင်းချရန် ဆွေးနွေးလျက်ရှိကြောင်း စင်္ကာပူအခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

HNA Group နယူးယောက်၊ ချီကာဂို၊ ဆန်ဖရန်စစ္စကိုနှင့် မင်နာပိုလစ်တို့တွင် တည်ရှိသော ကန်ဒေါ်လာ ၄ ဘီလီယံ တန်ကြေးရှိ အိမ်ခြံမြေများကို ကြွေးမြီများပေးဆပ်ရန်အတွက် ပြန်လည်ရောင်းထုတ်လျက်ရှိခြင်း ဖြစ်သည်။

HNA Group သည် လေကြောင်းလုပ်ငန်းမှစကာ ဘဏ်လုပ်ငန်းအထိ လုပ်ငန်းစုံလုပ်ကိုင်သည့် ကုမ္ပဏီတစ်ခုဖြစ်သည်။
ဟောင်ကောင်ရှိ အဆောက်အအုံ ၂ ခုကို Henderson Land Development Co Ltd ထံ ဟောင်ကောင်ဒေါ်လာ ၁၆ ဘီလီယံ (ကန်ဒေါ်လာ ၂ ဘီလီယံ)ဖြင့် ရောင်းချနေခြင်း ဖြစ်သည်။

ယခင်လေဆိပ်ဟောင်းတစ်ခု တည်ရှိခဲ့ရာ ကိုင်တက်ခ်အရပ်ရှိ မြေနေရာကို ဖေဖော်ဝါရီလ ၁၄ ရက်တွင် အပြီးသတ်အရောင်းအဝယ် လုပ်ရန် မျှော်လင့်ခဲ့ကြပြီး အဆိုပါနေ့က အပြီးသတ်အရောင်းအဝယ်ဖြစ်၊ မဖြစ်ကိုမူ မသိရသေးချေ။

HNA Holding Group သည် အဆိုပါမြေနေရာများကို ၂၀၁၆ ခုနှစ် နှစ်ကုန်ပိုင်းတွင် ဟောင်ကောင်ဒေါ်လာ ၁၄ ဒသမ ၂ ဘီလီယံခန့်ဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်ပြီး ထိုစဉ်က ဈေးကွက်ပေါက်ဈေးထက် ပိုမိုပေးအပ်ကာ ဝယ်ယူခဲ့ခြင်းလည်း ဖြစ်သည်။

ဟောင်ကောင်သည် အာရှ၏ ဘဏ္ဍာရေးဗဟိုချက်တစ်ခုဖြစ်ပြီး ကမ္ဘာပေါ်တွင် အိမ်ခြံမြေဈေးအမြင့်မားဆုံးနေရာတစ်ခုလည်း ဖြစ်သည်။

ပြီးခဲ့သည့် ၁၃ လဆက်တိုက် သမိုင်းဝင်စံချိန်တင်အောင် ဈေးနှုန်းများ မြင့်တက်လာရာ ၂၀၀၈ ခုနှစ်နှင့် နှိုင်းယှဉ်လျှင် ၂၀၀ ရာခိုင်နှုန်းခန့် အထိ ဈေးနှုန်းများ မြင့်တက်လျက်ရှိသည်။

လွန်ခဲ့သည့် ၂ နှစ်တာ ကာလအတွင်း HNA Holding Group သည် ကန်ဒေါ်လာ ၅၀ ဘီလီယံဖိုးခန့်အထိ အိမ်ခြံမြေများ ဝယ်ယူခဲ့ပြီးနောက်ပိုင်း ဘဏ္ဍာရေးအကျပ်အတည်းပေါ်ပေါက်လာကာ ယခုကဲ့သို့ ပြန်လည်ရောင်းထုတ်မှုများ ပြုလုပ်လာရခြင်းလည်း ဖြစ်သည်။

HNA ၏ အမှုဆောင်အရာရှိချုပ် အဒမ်တန်က ပြောကြားရာတွင် ဗဟိုအစိုးရက ကျောထောက်နောက်ခံမပေးသည့် ဒေသများတွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်တော့မည်မဟုတ်ကြောင်း ပြောကြားသည်။

ပြီးခဲ့သည့်လအတွင်းကလည်း HNA သည် သြစတေးလျနိုင်ငံ၊ ဆစ်ဒနီရှိ အဆောက်အအုံတစ်ခုကို သြစတေးလျဒေါ်လာ ၂၀၅ သန်း (ကန်ဒေါ်လာ ၁၆၆ သန်း)ဖြင့် ရောင်းချခဲ့သေးသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
တရုတ်ပြည်မကြီးအခြေစိုက် လုပ်ငန်းစုံကုမ္ပဏီကြီးဖြစ်သည့် HNA Group က ကြွေးမြီများ ပေးဆပ်ရန်အတွက် ဟောင်ကောင်ရှိ အဆောက်အအုံကြီး ၂ ခုကို Henderson Land ထံ ကန်ဒေါ်လာ ၂ ဘီလီယံဖြင့် ရောင်းချ - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှိသည်ကို ၇ နှစ်ကြာမှ သိလိုက်ရသည့် ဖြစ်ရပ် လူမှုကွန်ရက်တွင် ဟိုးလေးတကျော် ဖြစ်နေ...

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...

နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျပန်နိုင်ငံတွင် စွန့်ပစ်ထားသော နေအိမ်ပေါင်း ၂၀၀ ကို ဝယ်ယူခဲ့ကာ ပြန်လည် အငှားချထားခြင်းဖြင့် နှစ်စဉ်ဝင်ငွေ ဒေါ်လာ ၉၀၀,၀၀

မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး

ဘီလ်ဂိတ်က အိမ်တွင် သားသမီးများ မရှိတော့ဘဲ တစ်ယောက်တည်း အထီးကျန်နေသော်လည်း ရေချိုးခန်း ၂၄ ခန်းပါ အလွန်ကြီးမားလှသည့် စံအိမ

တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ

ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်

တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ

လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်

ချစ်သူက ပြည့်တန်ဆာဘဝသို့ သွတ်သွင်းခြင်းခံလိုက်ရသော ဘောလိဝုဒ်ကြယ်ပွင့် ရုပ်ရှင်မင်းသမီး၏ ကြေကွဲဖွယ်ဘဝဇာတ်ကြောင်း

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယ

Shwe Moe Kaung
Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service