လန်ဒန်တွင် မျက်နှာစာ ၉၁ လက်မသာ ကျယ်ဝန်းသည့်နေအိမ်တစ်လုံးကို ပေါင်တစ်သန်းအထိ ဈေးခေါ်ရောင်းချ

လန်ဒန်တွင် မျက်နှာစာ ၉၁ လက်မသာ ကျယ်ဝန်းသည့်နေအိမ်တစ်လုံးကို ပေါင်တစ်သန်းအထိ ဈေးခေါ်ရောင်းချ - Property News in Myanmar from iMyanmarHouse.com
16 Feb 2018 11:54 am တွင် တင်ခဲ့သည်
5037 ကြိမ် ကြည့်ရှု့ပြီး
အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့တွင် မျက်နှာစာ ၉၁ လက်မသာ ကျယ်ဝန်းသည့်နေအိမ်တစ်လုံးကို ပေါင်တစ်သန်းအထိ ဈေးခေါ်ရောင်းချလာ ကြောင်း လန်ဒန်အခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

အဆိုပါနေအိမ် ဈေးကွက်ဝင်လာသည့်သတင်းကို လန်ဒန်အခြေစိုက် ရုပ်သံဌာနများ၏ အိမ်ခြံမြေအစီအစဉ်များတွင် ဖော်ပြခဲ့ကြသည်ဟု ဆိုသည်။

လန်ဒန်မြို့ အနောက်တောင်ဘက် ဘက်တာဆီးအရပ်တွင် တည်ရှိပြီး The Slim House ဟု အမည်ပေးထားသည်။

ခေါ်ဈေးမှာ ပေါင်တစ်သန်း (ကန်ဒေါ်လာ ၁ ဒသမ ၄၁ သန်း) ဖြစ်ပြီး မျက်နှာစာအကျယ်မှာ ၇ ပေခွဲသာရှိကာ ၃ ထပ် အဆောက်အအုံ ဖြစ်သည်။

လန်ဒန်မြို့၏ အသေးငယ်၊ အကျဉ်းမြောင်းဆုံးနေအိမ်များတွင် တစ်လုံးအပါအဝင်ဖြစ်သည်ဟု ဆိုနိုင်သည်။

“The Slim House လို အိမ်မျိုးက တွေ့ရဖို့ခက်ပါတယ်။ လန်ဒန်မှာ လက်တစ်ဆုပ်စာလောက်သာ ရှိတဲ့အနက်က တစ်ခုပါ” ဟု Savills Wandsworth ကုမ္ပဏီအကြီးအကဲ ဂျက်စ်ပါ ကိုလီဗာက ပြောကြားသည်။

“အရင်ပိုင်ရှင်တွေက သုံးထပ်အဖြစ် ချဲ့ထွင်ခဲ့တာဖြစ်ပြီး လူနေကြမ်းခင်းဧရိယာ အနေနဲ့ စတုရန်းပေ ၁၀၅၈ ရှိပါတယ်” ဟု ကိုလီဗာက ဆက်လက်ပြောကြားသည်။

မြေညီထပ်တွင် ဧည့်ခန်း ၂ ခု၊ မီးဖိုဆောင်တို့ပါဝင်ပြီး ဒုတိယထပ်တွင် master bedroom ၊ အဝတ်လဲခန်း၊ ရေချိုးခန်းတို့ပါဝင်ပြီး ဒုတိယထပ်နှင့် တတိယထပ် ၂ ထပ်ပေါင်းတွင် အိပ်ခန်း ၃ ခန်း ရေချိုးခန်း တစ်ခန်း ပါဝင်သည်ကို တွေ့ရသည်။

ယခုနေအိမ်ကို ဗြိတိန်ရှိ အိမ်ခြံမြေရုပ်သံအစီအစဉ်များဖြစ်သော “Grand Designs” နှင့် “George Clarke’s Amazing Spaces” တို့တွင် ထုတ်လွှင့်ခဲ့ပြီးလည်း ဖြစ်သည်။

လက်ရှိပိုင်ရှင်မှာ ကြော်ငြာကုမ္ပဏီအမှုဆောင်တစ်ဦးဖြစ်သူ အိုင်မီ လူသာဖြစ်ပြီး ၂၀၁၄ ခုနှစ်အတွင်း ဝယ်ယူခဲ့ခြင်းဖြစ်သည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
လန်ဒန်တွင် မျက်နှာစာ ၉၁ လက်မသာ ကျယ်ဝန်းသည့်နေအိမ်တစ်လုံးကို ပေါင်တစ်သန်းအထိ ဈေးခေါ်ရောင်းချ - Property News in Myanmar from iMyanmarHouse.com
လန်ဒန်တွင် မျက်နှာစာ ၉၁ လက်မသာ ကျယ်ဝန်းသည့်နေအိမ်တစ်လုံးကို ပေါင်တစ်သန်းအထိ ဈေးခေါ်ရောင်းချ - Property News in Myanmar from iMyanmarHouse.com
လန်ဒန်တွင် မျက်နှာစာ ၉၁ လက်မသာ ကျယ်ဝန်းသည့်နေအိမ်တစ်လုံးကို ပေါင်တစ်သန်းအထိ ဈေးခေါ်ရောင်းချ - Property News in Myanmar from iMyanmarHouse.com
လန်ဒန်တွင် မျက်နှာစာ ၉၁ လက်မသာ ကျယ်ဝန်းသည့်နေအိမ်တစ်လုံးကို ပေါင်တစ်သန်းအထိ ဈေးခေါ်ရောင်းချ - Property News in Myanmar from iMyanmarHouse.com
လန်ဒန်တွင် မျက်နှာစာ ၉၁ လက်မသာ ကျယ်ဝန်းသည့်နေအိမ်တစ်လုံးကို ပေါင်တစ်သန်းအထိ ဈေးခေါ်ရောင်းချ - Property News in Myanmar from iMyanmarHouse.com
လန်ဒန်တွင် မျက်နှာစာ ၉၁ လက်မသာ ကျယ်ဝန်းသည့်နေအိမ်တစ်လုံးကို ပေါင်တစ်သန်းအထိ ဈေးခေါ်ရောင်းချ - Property News in Myanmar from iMyanmarHouse.com
လန်ဒန်တွင် မျက်နှာစာ ၉၁ လက်မသာ ကျယ်ဝန်းသည့်နေအိမ်တစ်လုံးကို ပေါင်တစ်သန်းအထိ ဈေးခေါ်ရောင်းချ - Property News in Myanmar from iMyanmarHouse.com
လန်ဒန်တွင် မျက်နှာစာ ၉၁ လက်မသာ ကျယ်ဝန်းသည့်နေအိမ်တစ်လုံးကို ပေါင်တစ်သန်းအထိ ဈေးခေါ်ရောင်းချ - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှိသည်ကို ၇ နှစ်ကြာမှ သိလိုက်ရသည့် ဖြစ်ရပ် လူမှုကွန်ရက်တွင် ဟိုးလေးတကျော် ဖြစ်နေ...

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...

နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခ

တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ

အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ

စင်္ကာပူတွင် လူသွားလမ်း ရေမြောင်းပေါက်အတွင်း တံထွေးထွေးသော ကမ္ဘာလှည့်ခရီးသည်တစ်ဦး ကန်ဒေါ်လာ ၂၂၀ ဒဏ်ရိုက်ခံရ၊ ဒဏ်ငွေ ချက်

ဘီလ်ဂိတ်က အိမ်တွင် သားသမီးများ မရှိတော့ဘဲ တစ်ယောက်တည်း အထီးကျန်နေသော်လည်း ရေချိုးခန်း ၂၄ ခန်းပါ အလွန်ကြီးမားလှသည့် စံအိမ

ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ

ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်

ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျ

CarsDB Showroom Opening
Shwe Moe Kaung

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service