စင်္ကာပူတွင် လူနေမြေရောင်းချရမှု ၂၀၁၈ တွင် ဒေါ်လာ ၁၆ ဘီလျံ ရှိနိုင်

စင်္ကာပူတွင် လူနေမြေရောင်းချရမှု ၂၀၁၈ တွင် ဒေါ်လာ ၁၆ ဘီလျံ ရှိနိုင် - Property News in Myanmar from iMyanmarHouse.com
16 Feb 2018 11:19 am တွင် တင်ခဲ့သည်
5038 ကြိမ် ကြည့်ရှု့ပြီး
စံချိနှ်တင်မြေအရောင်းအဝယ်များ ပိုမိုများပြားဖြစ်ပွားလာသည့် စင်္ကာပူတွင် ယခုနှစ်အတွင်း အိမ်ခြံမြေ developer (မြေယာဝယ်ယူ၍ အဆောက်အအုံဆောက်လုပ်ရောင်းချသူ) များမှ မြေဝယ်ယူမှုသည် ဒေါ်လာ ၁၆ ဘီလျံ ရှိနိုင်ကြောင်း အိမ်ခြံမြေအတိုင်ပင်ခံလုပ်ငန်း Cushman & Wakefield က ခန့်မှန်းလိုက်သည်ဟု ဘလွန်းဘတ်သတင်းတစ်ရပ်အရ သိရသည်။

စင်္ကာပူတွင် ယခင်က အိမ်ခြံမြေဈေးကွက် အားပျော့ခဲ့ကတည်းက developer များက ငွေကြေးအမြောက်အမြား စုဆောင်းနေခဲ့သည်ဟု Cushman ၏ သုတေသနဒါရိုက်တာ ခရစ္စတင်းလီက ယူဆသဖြင့် ထိုသို့ခန့်မှန်းခဲ့ခြင်း ဖြစ်သည်။

ယခုအခါ အိမ်ခြံမြေဈေးကွက်က ပြန်လည်ဦးမော့လာသဖြင့် developer များက မြေများကို စိတ်အားထက်သန်စွာဖြင့် ဈေးပြိုင်ပေး၊ လေလံဆွဲနေကြပြီဖြစ်ကာ အရင်းအနှီးအတွက် ဘဏ်ချေးငွေများရရန် ကြိုးပမ်းနေကြပြီဖြစ်ကြောင်း လီက ပြောကြားခဲ့သည်။

ပြီးခဲ့သည့်ဒီဇင်ဘာက အိမ်ခြံမြေဝန်ဆောင်မှုကုမ္ပဏီ Frasers Property သည် စင်္ကာပူမြစ်အနီး Jiak Kim လမ်းရှိ လူနေမြေတစ်နေရာကို ဒေါ်လာ ၉၅၅ ဒသမ ၄ သန်း ပေးဝယ်ခဲ့သည်။ ၁ စတုရန်းပေလျှင် ၁,၇၃၃ ဒေါ်လာနှုန်းဖြင့် ပေးဝယ်ခဲ့ခြင်းဖြစ်သည်။ ယင်းသည် ၁ စတုရန်းပေဈေးနှုန်းတွင် အမြင့်ဆုံးဈေးနှုန်း ဖြစ်သည်။

အထက်ဖော်ပြပါခန့်မှန်းချက်အတိုင်း ၂၀၁၈ လူနေမြေရောင်းအား ရှိပါက ဒေါ်လာ ၁၂ ဒသမ ၈ ဘီလျံ ရှိခဲ့သည့် ၂၀၁၇ ထက် သာလွန်မည် ဖြစ်သည်။

"အိမ်ခြံမြေဈေးကွက် နာလန်ထူစ စပ်ကူးမပ်ကူးကာလ ဖြစ်နေတာကြောင့် developer တွေဟာ အစိုးရရဲ့ မြေတင်ဒါခေါ်မှုတွေနဲ့ ပုဂ္ဂလိကမြေရောင်းချမှုတွေကတစ်ဆင့် မြေတွေလိုက်ဝယ်နေကို တိုးလို့ပိုလုပ်လာဖွယ်ရှိပါတယ်" ဟု ကမ္ဘာ့အိမ်ခြံမြေဝန်ဆောင်မှုကုမ္ပဏီ Colliers International ၏ စင်္ကာပူနိုင်ငံဆိုင်ရာ သုတေသနခေါင်းဆောင်နှင့် ဒါရိုက်တာ ထရစ်ရှာဆုန်ကလည်း ပြောကြားခဲ့သည်။

ခင်အေးချမ်း မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးဘာသာပြန် ရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှိသည်ကို ၇ နှစ်ကြာမှ သိလိုက်ရသည့် ဖြစ်ရပ် လူမှုကွန်ရက်တွင် ဟိုးလေးတကျော် ဖြစ်နေ...

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...

နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ

ဂျပန်နိုင်ငံတွင် စွန့်ပစ်ထားသော နေအိမ်ပေါင်း ၂၀၀ ကို ဝယ်ယူခဲ့ကာ ပြန်လည် အငှားချထားခြင်းဖြင့် နှစ်စဉ်ဝင်ငွေ ဒေါ်လာ ၉၀၀,၀၀

လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်

ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည်

အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်

(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်

ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအ

တရုတ်ပြည်တွင် ဆောက်လုပ်ရေးပစ္စည်းထုတ်လုပ်သော ကုမ္ပဏီတစ်ခုက နှစ်ကုန်ပါတီပွဲတွင် ဝန်ထမ်းများအား ငွေစက္ကူ ရေတွက်ပွဲအဖြစ် ယွ

ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်

Royal Theikdi Condo
CarsDB Showroom Opening

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service