နှစ်နိုင်ငံစီးပွားရေးလုပ်ငန်းများ တိုးချဲ့ရန် ဂျပန်-မြန်မာ MOU ရေးထိုး

နှစ်နိုင်ငံစီးပွားရေးလုပ်ငန်းများ တိုးချဲ့ရန် ဂျပန်-မြန်မာ MOU ရေးထိုး - Property News in Myanmar from iMyanmarHouse.com
16 Feb 2018 11:10 am တွင် တင်ခဲ့သည်
5500 ကြိမ် ကြည့်ရှု့ပြီး
မြန်မာနိုင်ငံနှင့် ဂျပန်နိုင်ငံတို့ အကြား စီးပွားရေးလုပ်ငန်းများ ပိုမိုတိုးချဲ့ ဆောင်ရွက်သွားနိုင်ရန် အတွက် ရည်ရွယ်ပြီး ၂ နိုင်ငံ နားလည်မှုစာချွန်လွှာ (MOU) ရေးထိုးခဲ့သည်။

အဆိုပါ လက်မှတ်ရေးထိုးပွဲကို ဖေဖော်ဝါရီလ ၁၄ ရက်၌ ရန်ကုန်မြို့ရှိ Park Royal ဟိုတယ်တွင် ပြု လုပ်ပြီး ဂျပန်စီးပွား ရေးလုပ်ငန်းရှင်ကြီး များအသင်း (JCCM) နှင့် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ တော် ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) တို့ MOU ရေးထိုးခဲ့ခြင်းဖြစ်သည်။ယင်းအခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက “ဂျပန်-မြန်မာနှစ်နိုင်ငံ ဟာ အစိုးရအချင်းချင်း ပူးပေါင်းဆောင်ရွက်မှုတွေရှိသလို ပုဂ္ဂလိက စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင် ရွက်မှုတွေလည်း များစွာရှိပါတယ်။ ဒီများစွာသောလုပ်ငန်းထဲမှာ နောက်ထပ်နယ်ပယ် ကဏ္ဍသစ် တရပ်အတွက် JCCM ကနေ ထပ်မံတိုးမြှင့်ဆောင်ရွက်နိုင်လိမ့်မယ်။ အခုအမျိုးသားဒီမိုကရေစီ အစိုးရအဖွဲ့ တာဝန်ယူပြီးတဲ့ နောက်ပိုင်းမှာ နှစ်နိုင်ငံကြား အစိုးရအချင်းချင်း၊ စီးပွားရေးလုပ်ငန်း ရှင်တွေအကြား အချင်းချင်း အဖြစ် ပြည်သူလူထုကြားမှာပါ ပိုပြီးချစ်ကြည်ရင်းနှီးမှုတခုကို တိုးမြှင့်ဆောင်ရွက်နိုင်တယ်လို့ ယုံကြည်ပါတယ်” ဟု ပြောကြားသည်။

အဆိုပါ နားလည်မှု စာချွန်လွှာကို နှစ်နိုင်ငံ စီးပွားရေး ကဏ္ဍများတိုးတက်စေရန် စီးပွားရေးနှင့် ကုန်သွယ်မှု လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်နိုင်ရေး ရင်းနှီးမြှုပ်နှံမှု မြင့်တင်ရေး ၊ သတင်းအချက် အလက်များနှင့် နည်းပညာများ အပြန်အလှန် ဖလှယ်နိုင်ရေး လူ့စွမ်းအား အရင်းအမြစ်များ ဖွံ့ဖြိုး တိုးတက်ရေးနှင့် အခြေခံအဆောက်အဦးများ ဖွံ့ဖြိုးတိုးတက်ရေးတို့ အတွက် ရည်ရွယ်ပြီး လက်မှတ် ရေးထိုးခဲ့ကြခြင်းဖြစ်ကြောင်း UMFCCI မှ သိရသည်။

မြန်မာနိုင်ငံဆိုင်ရာ JCCM အသင်း ဥက္ကဋ္ဌ ကက်ဆုဂျိ နာကာဂါဝါ က “UMFCCI နဲ့ JCCM နဲ့က စီးပွားရေးကို ပူးပေါင်း ဆောင်ရွက် နေတာရှိပါတယ်။ အခုမြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ ရခိုင်ပြဿနာ တွေလည်း ရှိနေတဲ့ ကြားထဲမှာပဲ မြန်မာ နိုင်ငံရဲ့ ဈေးကွက်ကို ဂျပန်ကုမ္ပဏီတွေက စိတ်ဝင်စားကြပါ တယ်။ ဒါကို ပြည်သူလူထုသိစေဖို့ ဂျပန်စီးပွားရေး လုပ်ငန်းရှင် များအသင်း ပူးပေါင်းပြီးရေး ထိုးခြင်းဖြစ်ပါတယ်” ဟု ပြောသည်။

လက်ရှိ MOU ရေးထိုးခြင်း၏ အသေးစိတ် အချက်အလက်များကို ပြောကြားနိုင်ခြင်း မရှိသေးသော် လည်း နောက်ပိုင်း၌ ယင်းMOU တွင်ပါရှိသည့် အခန်းကဏ္ဍများအတိုင်းသာ ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ၎င်းကပြောသည်။

UMFCCI အထွေထွေအတွင်းရေးမှူး ဦးအောင်ကြည်စိုးက “ ဂျပန်ဘက်က မော်တော်ယာဉ် ထုတ်လုပ်မှု ဆိုင်ရာ စက်မှုလုပ် ငန်း(Automobile Industry) နဲ့ ပတ်သက်ရင် ပိုပြီးပူးပေါင်း ဆောင်ရွက်ချင်တာ ရှိပါတယ်။ အဲဒါတွေကို ပိုမိုပြီး လုပ်နိုင် အောင် ဒီနေ့ MOU ရေး ထိုးခြင်းဖြစ်ပါတယ်။ ဒါကတော့ လက်ရှိ နှစ်ဖက်ပူးပေါင်းဖို့အတွက် လက်မှတ်ထိုးလိုက်တာ ဖြစ်ပါ တယ်။ နယ်ပယ် အလိုက်ဖြစ်စေ နည်းပညာလိုက်ဖြစ်စေ လူသားအရင်းအမြစ် ဖြစ်စေ အဲဒီ ကဏ္ဍတွေက အခုချိန်မှာ ပိုပြီး တော့ အရမ်းအရေးကြီးနေတယ်။ ဒီဟာအတွက် ကျနော်တို့ ပူးပေါင်း ဆောင်ရွက်တာ ဖြစ်ပါတယ်” ဟု ပြောသည်။

ဂျပန်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှု အများဆုံးလုပ်ကိုင်နေသည့် နေရာမှာ ရန်ကုန်တိုင်းဒေသကြီး ဖြစ်ပြီး သီလဝါ အထူးစီးပွားရေးဇုန်တွင်လည်း ဂျပန်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ထားကြောင်း မြန်မာနိုင်ငံရင်နှီးမြှုပ်နှံမှု ကော်မရှင် (MIC) မှ သိရသည်။

မြန်မာနိုင်ငံတွင်းသို့ ဝင်ရောက်ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ထားသည့် နိုင်ငံများအနက် ဂျပန်နိုင်ငံသည် ရင်နှီးမြှုပ်နှံမှု လုပ်ငန်းပေါင်း ၁၀၁ ခုမှ အမေရိကန်ဒေါ်လာသန်းပေါင်း ၇၉၀ ကျော် ရင်းနှီးမြှုပ်နှံမှု များ ပြုလုပ်ထားကြောင်း MIC ၏ စာရင်းများတွင် ဖော်ပြထားသည်။

Credit: The irrawaddy

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှိသည်ကို ၇ နှစ်ကြာမှ သိလိုက်ရသည့် ဖြစ်ရပ် လူမှုကွန်ရက်တွင် ဟိုးလေးတကျော် ဖြစ်နေ...

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...
မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...
ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...
ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...
နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...
နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...
Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...
Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...
ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...
ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...
နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...
နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...
အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ
ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်
ဓားထိုးခံရကာ မကြာသေးမီက ဆေးရုံမှ ဆင်းလာသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဆာအိဖ် အလီခန်း မိသားစုပိုင် ရူပီး ကုဋေ ၁၅၀၀၀ တန်ကြေး
ဓားထိုးခံရကာ မကြာသေးမီက ဆေးရုံမှ ဆင်းလာသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဆာအိဖ် အလီခန်း မိသားစုပိုင် ရူပီး ကုဋေ ၁၅၀၀၀ တန်ကြေး
စင်္ကာပူတွင် လူသွားလမ်း ရေမြောင်းပေါက်အတွင်း တံထွေးထွေးသော ကမ္ဘာလှည့်ခရီးသည်တစ်ဦး ကန်ဒေါ်လာ ၂၂၀ ဒဏ်ရိုက်ခံရ၊ ဒဏ်ငွေ ချက်
စင်္ကာပူတွင် လူသွားလမ်း ရေမြောင်းပေါက်အတွင်း တံထွေးထွေးသော ကမ္ဘာလှည့်ခရီးသည်တစ်ဦး ကန်ဒေါ်လာ ၂၂၀ ဒဏ်ရိုက်ခံရ၊ ဒဏ်ငွေ ချက်
လေယာဉ်မယ်ဟောင်း ယန်ယန်ရှီ၏ ဘဝဖြတ်သန်းမှုမှာ တရုတ်ပြည်မကြီး လူမှုကွန်ရက်တွင် အလွန်နာမည်ကြီးနေသည်။
လေယာဉ်မယ်ဟောင်း ယန်ယန်ရှီ၏ ဘဝဖြတ်သန်းမှုမှာ တရုတ်ပြည်မကြီး လူမှုကွန်ရက်တွင် အလွန်နာမည်ကြီးနေသည်။
ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ
ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ
ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်
ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်
ဆွေးနွေးအဖြေရှာ ဥပဒေရေးရာ
ဆွေးနွေးအဖြေရှာ ဥပဒေရေးရာ
တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ
တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ
Shwe Moe Kaung
CarsDB Showroom Opening

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service