အိမ်နီးချင်းမှ ရှယ်ယာများ ထိုင်းဈေးကွက်တွင် ရောင်းချနိုင်ရန် စီစဉ်နေ

အိမ်နီးချင်းမှ ရှယ်ယာများ ထိုင်းဈေးကွက်တွင် ရောင်းချနိုင်ရန် စီစဉ်နေ - Property News in Myanmar from iMyanmarHouse.com
13 Feb 2018 11:36 am တွင် တင်ခဲ့သည်
5042 ကြိမ် ကြည့်ရှု့ပြီး
ထိုင်း စတော့အိတ်ချိန်း (SET) က ဖွံ့ဖြိုးမှုနည်းသည့် အိမ်နီးချင်း နိုင်ငံများ ဖြစ်သော ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ နှင့် ဗီယက်နမ်တို့မှ ရှယ်ယာများကို စာရင်းသွင်း ရောင်းချနိုင်ရန် သင်ပုန်း (Board) တခု စီစဉ်နေကြောင်း ဂျပန်စီးပွားရေး သတင်းဌာန Nikkei Asian review က ဆိုသည်။

CLMV(ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ နှင့် ဗီယက်နမ်) နိုင်ငံများတွင် လုပ်ကိုင်နေသော ထိုင်း စတော့အိတ်ချိန်း တွင် မှတ်ပုံတင်ထားသည့် ကုမ္ပဏီများ အခြေအနေကို ဖော်ပြသည့် ညွှန်းကိန်း(Index) တခုကိုလည်း ၂၀၁၈ ခုနှစ် အလယ်ပိုင်းတွင် စတင်ဖော်ပြရန် ရှိနေပြီး ဖွံ့ဖြိုးတိုးတက်လာနေသော အဆိုပါ နိုင်ငံများ၏ စီးပွားရေးများအတွင်းသို့ ရင်းနှီးမြှုပ်နှံသူများ ဝင် ရောက်လာနိုင်မည် ဖြစ်သည်ဟု ထိုင်း စတော့အိတ်ချိန်း (SET) ၏ ဥက္ကဌ Kesara Manchusree က Nikkei Asian Review အင်တာဗျူးတခုတွင် ပြောသည်။

အဆိုပါ နိုင်ငံ ၄ ခုတွင် ကိုယ်ပိုင် စတော့အိတ်ချိန်းများ ရှိပြီး ဖြစ်သော်လည်း အရွယ်အစားနှင့် အလုပ်ဖြစ်မှုက ပြီးခဲ့သည့် ဒီဇင်ဘာလအထိ ရှယ်ယာဈေးကွက် ပမာဏတွင် အရှေ့တောင် အာရှ၏ ဒုတိယ အကြီးမားဆုံး ဖြစ်ခဲ့သော ထိုင်းနိုင်ငံ၏ နောက်တွင် များစွာ ကျန်နေသည်။ ကမ္ဘောဒီးယား၊ လာအိုနှင့် မြန်မာ တို့၏ စုစုပေါင်း ရှယ်ယာဈေးကွက်တန်ဖိုးက ထိုင်း စတော့ အိတ်ချိန်း၏ ဝ.၃ ရာခိုင်နှုန်းသာ ရှိသည်။

ကမ္ဘောဒီးယား စတော့အိတ်ချိန်းက ကမ္ဘာပေါ်တွင် အသေးငယ်ဆုံးများထဲမှ တခုဖြစ်ပြီး စာရင်းသွင်းထားသည့် ကုမ္ပဏီ ၅ ခုနှင့် ဈေးကွက်တန်ဖိုးက အမေရိကန်ဒေါ်လာ ၂၉၆ သန်းနီးပါး ရှိသည်။ သို့သော်လည်း တိုင်းပြည်၏ စီးပွားရေးက ဒေသ တွင်းမှ အခြားနိုင်ငံများထက် လျှင်မြန်စွာ ဖွံ့ဖြိုးလာနေပြီး တနှစ်လျှင် ၇ ရာခိုင်နှုန်း နီးပါး ရှိသည်။

အသေးစိတ် အချက်အလက်များကို Securities and Exchange Commission နှင့် ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ရဦးမည်ဖြစ်သော်လည်း စာရင်းသွင်းရာတွင် လိုက်နာရမည့် စည်းကမ်းချက်များကို ဖြေလျှော့ပေး မည်ဟု ထိုင်း စတော့အိတ်ချိန်း ဥက္ကဌက ပြောသည်။

“ကျမတို့က သက်ဆိုင်ရာနိုင်ငံအလိုက် ကွဲပြားတဲ့ နည်းလမ်းတွေနဲ့ လက်ခံသွားမှာ ဖြစ်ပါတယ်။ ပင်မ သင်ပုန်းမှာ စာရင်း သွင်းတဲ့ ကုမ္ပဏီတွေကို ကျမတို့ တောင်းခံသလိုမျိုး ၃ နှစ်စာ ဝင်ငွေ မှတ်တမ်းတွေ တင်ပြခိုင်းတာမျိုး ရှိချင်မှ ရှိပါမယ်” ဟု Kesara Manchusree က ပြောသည်။ လက်ရှိတွင် ထိုင်း စတော့အိတ်ချိန်း၏ ပင်မ သင်ပုန်းတွင် စာရင်းသွင်း လိုသည့် ကုမ္ပဏီများသည် စာရင်းကိုင် ကုမ္ပဏီကြီး ၄ ခုထဲမှ တခု၏ စာရင်းစစ်ခြင်းကို ခံယူရန် လိုအပ်သည်။

“CLMV အိတ်ချိန်းတွေက ကျမတို့ရဲ့ မောင်နှမတွေပါ။ သူတို့ တိုင်းပြည် ဖွံ့ဖြိုးဖို့ ဘဏ္ဍာငွေတွေ အများကြီး လိုအပ်ပါတယ်။ သူတို့ ဒီမှာ ဘဏ္ဍာငွေရှာလို့ ရပါတယ်။ ရောင်းဝယ်လို့ ရပါတယ်။ သူတို့ တိုင်းပြည်တွေ ဖွံ့ဖြိုးတိုးတက်ရေး ငွေတွေ ပြန်ယူသွားလို့ ရပါတယ်” ဟု Kesara Manchusree က ပြောသည်။

ထိုင်းနိုင်ငံမှ စတော့ အရောင်းအဝယ်နှင့် စီမံခန့်ခွဲရေး တာဝန်ရှိသော အဖွဲ့အစည်းများက CLMV နိုင်ငံများမှ အလားတူ တာဝန်ရှိသူများနှင့် ပူးပေါင်းဆောင်ရွက်ရေး အပြန်အလှန် သဘောတူညီချက်များ ရှိထားမည်ဟုလည်း သူက ထပ် ပြောသည်။

လာမည့် မေလအတွင်းတွင် SET ဥက္ကဌ ၄ နှစ်သက်တမ်း ပြီးဆုံးမည်ဖြစ်သော Kesara Manchusree က သင်ပုန်းအသစ် ကို ၂၀၁၉ သို့ မဟုတ် နောက်ပိုင်းတွင် စတင်နိုင်လိမ့်မည်ဟု ပြောသည်။

ထိုအချိန် အတောအတွင်းတွင် SET က CLMV နှင့် သက်ဆိုင်သည့် ညွှန်းကိန်းတခုကို ဖော်ပြခြင်းအားဖြင့် မဲခေါင်ဒေသ စီးပွားရေး တိုးတက်ရေးတွင် ရင်းနှီးမြှုပ်နှံသူများ၏ စိတ်ဝင်စားမှု မြင့်မားလာအောင် ပြုလုပ်ပေးနိုင်ရန် မျှော်လင့်ထားသည်။

ထိုင်း စတော့အိတ်ချိန်းတွင် မှတ်ပုံတင်ထားပြီး ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ သို့မဟုတ် ဗီယက်နမ် တို့တွင် အရောင်း တန်ဖိုး၏ ၁၀ ရာခိုင်နှုန်းနှင့် အထက် ရရှိအောင် လုပ်နိုင်သည့် ကုမ္ပဏီများကို ရွေးချယ်သွားမည် ဖြစ်သည်။ Siam Cement Group ကဲ့သို့ နာမည်ကြီး ကုမ္ပဏီများ အပြင် ကုမ္ပဏီငယ် အချို့လည်း ပါဝင်လာမည်ဟု မျှော်လင့်ရသည်။

CLMV နိုင်ငံ တနိုင်ငံချင်းစီနှင့် အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ရန်လည်း SET က ကြိုးစားနေသည်။

လာအို အစိုးရနှင့် ပူးပေါင်း၍ ရေအားလျှပ်စစ်လုပ်ငန်းများ၏ ပိုင်ဆိုင်မှုများကို ဈေးကွက်ဝင် ရှယ်ယာများ အဖြစ် ပြောင်းလဲပေးမည့် နိုင်ငံ၏ ပထမဆုံးသော အခြေခံအဆောက်အဦးဆိုင်ရာ ရံပုံငွေ ဖန်တီးနိုင်ရေးအတွက် လုပ်ဆောင်နေသည်။

ကမ္ဘောဒီးယား စတော့အိတ်ချိန်းနှင့် ပူးတွဲ စာရင်းသွင်းမှုများ ပြုလုပ်ရန်လည်း SET က ဆွေးနွေးနေသည်။

Credit: irrawaddy

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှိသည်ကို ၇ နှစ်ကြာမှ သိလိုက်ရသည့် ဖြစ်ရပ် လူမှုကွန်ရက်တွင် ဟိုးလေးတကျော် ဖြစ်နေ...

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...
မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...
ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...
ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...
နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...
နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...
Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...
Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...
ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...
ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...
နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...
နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...
အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ
ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျ
ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျ
အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် န
အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် န
Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယ
Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယ
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်
TikTok လူမှုကွန်ရက်မှာ နာမည်ကြီးနေတဲ့ ထူးဆန်းသော အိမ်ခြံမြေကြော်ငြာတစ်ခုအကြောင်း
TikTok လူမှုကွန်ရက်မှာ နာမည်ကြီးနေတဲ့ ထူးဆန်းသော အိမ်ခြံမြေကြော်ငြာတစ်ခုအကြောင်း
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်
ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ
ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ
တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ
တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ
ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအ
ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအ
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
Royal Theikdi Condo
Shwe Moe Kaung

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service