အစိုးရသစ်လက်ထက် ၂ နှစ်အတွင်း အိမ်ခြံမြေရောင်း ဝယ်မှုမှ အခွန်ရရှိမှု ၇၀ ရာခိုင်နှုန်း ကျော် လျော့နည်းကြောင်း အိမ်ခြံ မြေအကျိုးဆောင်များက ပြော ကြားသည်။
အိမ်ခြံမြေရောင်းဝယ်မှု အခွန်နှုန်းထားများ တိုးမြှင့်ခြင်း၊ ဈေးကွက်အတွင်း အရောင်းအဝယ် လျော့နည်းခြင်း၊ အရောင်းအဝယ် ဖြစ်သည့်အိမ်ခြံမြေများကို အခွန် ရှောင်မှုများ ရှိနေခြင်းတို့ကြောင့် အခွန်ပေးဆောင်မှု လျော့နည်း လာကြောင်း အကျိုးဆောင်အချို့ က ပြောသည်။
ဒီချုပ် အစိုးရလက်ထက် ၂၀၁၆-၁၇ ဘဏ္ဍာနှစ်တွင် အိမ် ခြံမြေရောင်းဝယ်ရာမှ အခွန်ရရှိမှု ကျပ် ၅၀ ဘီလီယံခန့်ရှိပြီး ၂၀၁၇-၁၈ ဘဏ္ဍာနှစ် ၁၀ လအတွင်း ကျပ် ၁၀ ဘီလီယံကျော်သာ ရရှိ ထားကြောင်း မြန်မာနိုင်ငံ အိမ်ခြံ မြေဝန်ဆောင်မှုလုပ်ငန်းရှင်များ အသင်းမှ ဦးသန်းဦးက ပြော သည်။
အိမ်ခြံမြေရောင်းဝယ်ရာ တွင် အခွန်နှုန်းထားများခြင်းကြောင့် တရားဝင် အခွန်မဆောင် ဘဲ ရောင်းဝယ်မှုများ ပိုများလာသည်ဟု ပန်းဘဲတန်းမြို့နယ်မှ အိမ်ခြံမြေအကျိုးဆောင်တစ်ဦး က ပြောသည်။
ထို့ကြောင့် အိမ်ခြံမြေရောင်း ဝယ်ရာတွင် ပေးဆောင်ရမည့် အခွန်နှုန်းထားကို အစိုးရက လျှော့ချပေးရန် တိုင်းအစိုးရနှင့် ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ အိမ်ခြံမြေဝန် ဆောင်မှုလုပ်ငန်း ရှင်များအသင်း ကတင်ပြသည်။
‘‘ဝင်ငွေခွန်နှုန်းထားလျှော့ချပေးဖို့ အချက်လေးချက်တင်ပြခဲ့ ပါတယ်’’ဟု မြန်မာနိုင်ငံ အိမ်ခြံ မြေဝန်ဆောင်မှု လုပ်ငန်းရှင် အသင်းဝင် ဦးသန်းဦးကပြော ကြားသည်။
စီးပွားရေးအသင်းအဖွဲ့ ၁၆ သင်းနှင့် နှစ်ရက်ကြာ ပြုလုပ်သောဆွေးနွေးပွဲတွင် လက်ရှိ စီးပွားရေး လုပ်ငန်းများ ကြုံတွေ့နေရသည့် အခွန်ဝန်ထုပ်ဝန်ပိုးနှင့် အခက် အခဲများ တင်ပြခဲ့ကြောင်း စီးပွားရေးလုပ်ငန်းရှင်အချို့က ပြော သည်။
Credit: 7Daydaily