iGREEN Development မှ တည်ဆောက်သည့် လှိုင်မြို့ နယ် ၊ မြကန်သာ (၄) လမ်းရှိ Mya Kan Thar Condominium အခန်းများအားရောင်းချရန် မြန်မာနိုင်ငံ၏ နံပါတ်တစ် အိမ်ခြံမြေ ရောင်းဝယ်ငှားဝဘ်ဆိုက်ဖြစ်သော iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ ကြီးမှူး၍ ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၂၇ ၊ ၂၈ ရက်များတွင် အရောင်းပြပွဲတစ်ရပ် အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါအရောင်းပြပွဲအတွင်း ရောင်းရန်ကျန်အခန်းများအားလုံးကို ၃၀% ငွေချေပြီးရုံဖြင့် နေထိုင်ခွင့်ပြုပြီး ကျန် ၇၀% ကို နှစ်ရှည်အရစ်ကျစနစ်ဖြင့် ရောင်းချခဲ့ရာ အရောင်းပြပွဲအတွင်း အခန်းများအားလုံး ကုန်အောင် စံချိန်တင်ရောင်းချနိုင်ခဲ့သည်။
မြကန်သာကွန်ဒိုမီနီယံသည် အခန်း (၅၀) နီးပါး ပါရှိသည့် ကွန်ဒိုဖြစ်ပြီး ဈေးနှုန်းအားဖြင့် အိပ်ခန်း (၃) ခန်းပါသည့် ကွန်ဒိုတစ်ခန်းလျှင် ကျပ်သိန်း (၁၅၀၀) ဝန်းကျင် ဖြစ်ပါသည်။ ရန်ကုန်မြို့ ၏ နာမည်ကျော် International School တစ်ခုဖြစ်သည့် ISM ကျောင်းအနီးတွင် တည်ရှိကာ ယခုအခါ အသင့်တည်ဆောက်ပြီး ဖြစ်ပါသည်။
“ ဝယ်ယူသူတွေ အဆင်ပြေအောင် ၃၀% ပေးပြီးတာနဲ့ နေလို့ ရအောင် စီမံပေးထားပါတယ်။ အရစ်ကျပေးချေချင်တယ်ဆိုရင် ဘဏ်မှာ သွားလျှောက်ဖို့မလိုဘဲ ၊ ဘဏ်ထက် သက်သာတဲ့ အတိုးနှုန်းဖြင့် ရောင်းချပေးခဲ့တာပါ ” ဟု iGREEN Development ၏ Director တစ်ဦးဖြစ်သူ ဦးကျော်နိုင်မှ ပြောကြားခဲ့သည်။
“ မြကန်သာကွန်ဒိုအရောင်းပြပွဲ (၂) ရက်အတွင်းမှာ အခန်းများအားလုံးကို ကုန်အောင်ရောင်းချနိုင်ခဲ့ပါတယ်။ မြန်မာနိုင်ငံသားတိုင်း အိမ်ပိုင်ဆိုင်နိုင်စေရမည် ဆိုတဲ့ ဆောင်ပုဒ်အတိုင်း ကျွန်တော်တို့ လုပ်ငန်းဆောင်တာတွေ အားလုံးကို အရှိန်အဟုန်နဲ့ ကြိုးစားလုပ်ကိုင်နေပါတယ်။ အခုလို iMyanmarHouse.com ကို ယုံကြည်စိတ်ချစွာနဲ့ အရောင်းပိုင်းကို တာဝန်ပေးတဲ့ iGREEN Development ကိုလည်း အထူးကျေးဇူးတင်ရှိပါတယ်။ အိုင်မြန်မာဟောက်စ်ဒေါ့ကွန်းက ပြုလုပ်တဲ့ အိမ်ခြံမြေအရောင်းပြပွဲတွေကတော့ အပတ်စဉ် စနေနဲ့ တနင်္ဂနွေတိုင်းမှာ ရှိနေပါတယ်။ ” ဟု အိမ်ခြံမြေ အရောင်းပြပွဲများ စီစဉ်ကျင်းပတဲ့နေရာတွင် အောင်မြင်မှုများအထူးရရှိနေသော iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ မန်နေဂျင်းဒါရိုက်တာ ဦးနေမင်းသူမှ ဖြည့်စွက်ပြောကြားခဲ့သည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)