လမ်းသစ်အိမ်ရာစီမံကိန်းတည်ဆောက်ဖို့ အိမ်ပြောင်းရွှေ့စရိတ်များ စတင်ထုတ်ပေး

လမ်းသစ်အိမ်ရာစီမံကိန်းတည်ဆောက်ဖို့ အိမ်ပြောင်းရွှေ့စရိတ်များ စတင်ထုတ်ပေး - Property News in Myanmar from iMyanmarHouse.com
9 Feb 2018 12:16 pm တွင် တင်ခဲ့သည်
3333 ကြိမ် ကြည့်ရှု့ပြီး
၁၉၅၅ ခုနှစ် ကတည်းက တည်ဆောက်ခဲ့တဲ့ ရန်ကုန်မြို့ လမ်းမတော်မြို့နယ်၊ လမ်းသစ်အိမ်ရာစီမံကိန်းကို အသစ်ပြန်လည်တည်ဆောက်တော့မှာ ဖြစ်လို့ လမ်းသစ်အိမ်ရာက နေထိုင်သူတွေကို ယာယီပြောင်းရွှေ့ နေထိုင်စရိတ်စတင်ထုတ်ပေးခဲ့ကြောင်း သိရပါတယ်။

ဆောက်လုပ်မယ့် လမ်းသစ်အိမ်ရာသစ်မှာ တစ်တိုက်ကို (၂၄)ခန်းပါ၊ လေးထပ်တိုက်ပေါင်း (၁၁)တိုက်ပါရှိမှာ ဖြစ်ပြီး အခန်းပေါင်း (၂၆၄)ခန်း ပါဝင်မှာ ဖြစ်တယ်။ ဌာနဆိုင်ရာနဲ့ အသင်းအဖွဲ့အတွက်လည်း အခန်း(၅)ခန်းပါရှိမှာ ဖြစ်ပါတယ်။

လမ်းသစ်အိမ်ရာကို အထပ်မြင့် အဆောက်အအုံတည်ဆောက်မှာ ဖြစ်တယ်။ မြေညီထပ်ကနေ (၇)လွှာအထိ ကားပါကင်ပါဝင်ပြီး (၈)လွှာကနေ (၂၃)လွှာအထိ အခန်းတွေမှာ လက်ရှိနေထိုင်သူတွေကို ပြန်နေရာချထားပေးမှာ ဖြစ်တယ်။

အိမ်ပြောင်းအိမ်တက်စရိတ်အတွက် ကျပ် (၃၀၀,၀၀၀)နှုန်း ပေးမှာ ဖြစ်ပါတယ်။ အိမ်ငှားစရိတ်အဖြစ် ဌာနက ကျပ် (၂၃၀,၀၀၀)ပေးအပ်မှာ ဖြစ်တဲ့အပြင် စီမံကိန်းတည်ဆောက်မယ့် ကုမ္ပဏီက (၁)သိန်းပေးဆောင်မှာဖြစ်ပြီး စုစုပေါင်း တစ်လကို (၃၃၀,၀၀၀)ရရှိမှာ ဖြစ်ပါတယ်။

လက်ရှိနေထိုင်သူတွေ တင်ပြရမယ့် စာရွက်စာတမ်းတွေကို အများပြည်သူသိနိုင်အောင်အတွက် စီမံကိန်းရှေ့မှာ အသိပေးကြေညာထားတယ်လို့ သိရပါတယ်။

စာရွက်စာတမ်းမူရင်း အထောက်အထားကို တစ်ခါတည်းပေးအပ်ရင် ယာယီပြောင်းရွှေ့စရိတ် တစ်နှစ်စာ အိမ်ငှားရမ်းခ (၃၉)သိန်း (၆)သောင်းနဲ့ အိမ်ပြောင်းရွှေ့စရိတ်အတက်အဆင်းအတွက် (၆၀၀,၀၀၀)စုစုပေါင်း (၄,၅၆၀,၀၀၀) ချက်လက်မှတ်ကို (၂၀၁၈)ခုနှစ် ဇန်နဝါရီလ (၁၂)ရက်နေ့က စတင်ပြီး ပထမအကြိမ် စထုတ်ပေးနေတယ်လို့ သိရပါတယ်။

အိမ်ခန်းကအပြီးအပိုင်ပြောင်းရွှေ့ပြီးကြောင်း အထောက်အထားတွေ စီမံကိန်းရုံးကို လာအပ်နှံပါက (၁၄)ရက်အတွင်း ကျန်(၂)နှစ်စာ အိမ်ငှားခတွေကို ထုတ်ပေးမယ်လို့ သိရပါတယ်။

(၂၀၂၁)ခုနှစ်ခန့်မှာ ရန်ကုန်မြို့၊ လမ်းမတော်မြို့နယ်မှာ လမ်းသစ်အိမ်ရာသစ်ကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။

လမ်းသစ်အိမ်ရာမှာ ရန်ကုန်မြို့ရဲ့ အချက်အချာဘုန်းကြီးလမ်းဘေးမှာ တည်ရှိပြီး အနီးပတ်ဝန်းကျင်မှာ သူနာပြုတက္ကသိုလ်၊ ရန်ကုန်ပြည်သူ့ဆေးရုံ၊ ဗဟိုစည်ဆေးရုံ၊ သံဈေးနဲ့နီး၊ ရန်ကုန်မြစ်ဆိပ်၊ အလက(၁)(၂)၊ ဗိုလ်ချုပ်ဈေး၊ သိမ်ကြီးဈေး၊ ညောင်ပင်လေးဈေး၊ (၂၀၂၁)ခုနှစ်မှာ ပြီးစီးမယ်လို့ ခန့်မှန်းထားကြောင်း သိရပါတယ်။

ဇန်နဝါရီလအတွင်း ပြောင်းရွှေ့မယ့်သူတွေကို မရမ်းကုန်းမြို့နယ် ပုဂ္ဂလိကဘဏ်မှာ ငွေထုတ်ယူရမှာ ဖြစ်တယ်လို့ သိရပါတယ်။

Credit: The Modern

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှိသည်ကို ၇ နှစ်ကြာမှ သိလိုက်ရသည့် ဖြစ်ရပ် လူမှုကွန်ရက်တွင် ဟိုးလေးတကျော် ဖြစ်နေ...

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...

နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

TikTok လူမှုကွန်ရက်မှာ နာမည်ကြီးနေတဲ့ ထူးဆန်းသော အိမ်ခြံမြေကြော်ငြာတစ်ခုအကြောင်း

မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး

(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်

စင်္ကာပူတွင် လူသွားလမ်း ရေမြောင်းပေါက်အတွင်း တံထွေးထွေးသော ကမ္ဘာလှည့်ခရီးသည်တစ်ဦး ကန်ဒေါ်လာ ၂၂၀ ဒဏ်ရိုက်ခံရ၊ ဒဏ်ငွေ ချက်

ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအ

လေယာဉ်မယ်ဟောင်း ယန်ယန်ရှီ၏ ဘဝဖြတ်သန်းမှုမှာ တရုတ်ပြည်မကြီး လူမှုကွန်ရက်တွင် အလွန်နာမည်ကြီးနေသည်။

၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှ

ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်

CarsDB
CarsDB Showroom Opening

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service