မြန်မာ-တရုတ်စီးပွားရေးစင်္ကြန်လမ်းအတွက် ဘေဂျင်းတွင် နှစ်နိုင်ငံလက်မှတ်ရေးထိုး

မြန်မာ-တရုတ်စီးပွားရေးစင်္ကြန်လမ်းအတွက် ဘေဂျင်းတွင် နှစ်နိုင်ငံလက်မှတ်ရေးထိုး - Property News in Myanmar from iMyanmarHouse.com
9 Feb 2018 10:58 am တွင် တင်ခဲ့သည်
8146 ကြိမ် ကြည့်ရှု့ပြီး
မြန်မာ-တရုတ်စီးပွား ရေးစင်္ကြန်အကောင်အထည်ဖော်ရေး အစိုးရချင်းနားလည်မှုစာချွန်လွှာကို တရုတ်နိုင်ငံ ဘေဂျင်းမြို့တွင် ဖေဖော်ဝါရီ ၆ ရက်က လက်မှတ်ရေးထိုးခဲ့သည်။

မြန်မာ-တရုတ်စီးပွားရေး စင်္ကြန်လမ်းစီမံကိန်းတည်ဆောက်ရေးနှင့် စပ်လျဉ်းသည့် အစည်းအ ဝေးကို တရုတ်နိုင်ငံဘေဂျင်းမြို့ တွင် ဖေဖော်ဝါရီ ၃ ရက်မှ ၇ ရက် အထိ ကျင်းပပြီး မြန်မာနိုင်ငံမှ စီမံကိန်းနှင့် ဘဏ္ဍာရေးပြည်ထောင်စု ၀န်ကြီးအပါအ၀င် ထိပ်တန်းစီး ပွားရေး လုပ်ငန်းရှင်များ တက် ရောက်သည်။

နည်းပညာနှင့် ပတ်သက် သည့် ဖြေရှင်းစရာများ ရှိသော် လည်း စင်္ကြန်လမ်း အကောင်အ ထည်ဖော်ရေးလက်မှတ်ရေးထိုးနိုင်ခြင်းသည် ကြီးကျယ်သည့်အနာဂတ်ကို အတူဖြတ်သန်းရန် ရည်ရွယ်ချက်ဖြစ်သည်ဟု အစည်းအဝေးတက်ရောက်သည့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက ၎င်း၏ ဖေ့စ်ဘွတ်ခ်တွင် ရေးသားထားသည်။

တရုတ်နိုင်ငံက ဦးဆောင်အ ကောင်အထည်ဖော်နေသည့် ခေတ်သစ်ပိုးလမ်းမစီမံကိန်းတွင် ပါဝင်သည့် မြန်မာ-တရုတ်စီးပွား ရေးစင်္ကြံလမ်း စီမံကိန်းကို အ ကောင်အထည်ဖော်ရန် တရုတ် နိုင်ငံက ဆန္ဒရှိနေကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ၀မ်ယီက နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ၂၀၁၇ နိုဝင်ဘာ ၁၉ ရက်က နေ ပြည်တော်၌ ပြုလုပ်သော ပူးတွဲ သတင်းစာရှင်းလင်းပွဲတွင် အကြံ ပြုခဲ့သည်။

ခေတ်သစ်ပိုးလမ်းမစီမံကိန်း တွင် ကူမင်းမြို့မှ တရုတ်-မြန်မာ နယ်စပ်ကို ဖြတ်သန်း၍ မန္တလေး မြို့မှတစ်ဆင့် ကျောက်ဖြူလမ်း ကြောင်းနှင့် ကူမင်း၊ မန္တလေး- ရန်ကုန်လမ်းကြောင်းတို့ ပါဝင် သည်။ နယ်စပ်ကုန်သွယ်ရေးဖြင့် တရုတ်နိုင်ငံသို့ ကုန်းလမ်းမှ တစ် ရက်လျှင် ကန်ဒေါ်လာ ၁၁ သန်း ခန့် တန်ဖိုးရှိ ကုန်ပစ္စည်းများတင် ပို့နေရသည့် မြန်မာနိုင်ငံအတွက် တရုတ်အစိုးရ၏ စင်္ကြန်လမ်းစီမံ ကိန်းက သယ်ယူပို့ဆောင်ရေး ကုန်ကျစရိတ် လျော့ကျလာစေနိုင်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ဝင် ဦးမျိုးသူရအေးက ပြောသည်။

ရခိုင်အရေးကြောင့် အီးယူ အပါအ၀င် အနောက်နိုင်ငံများ၏ ရင်းနှီးမြှုပ်နှံမှုများဝင်ရောက်ရန် မျှော်လင့်ချက်နည်းချိန်တွင် အိမ် နီးချင်းတရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုများတိုးမြင့်လာရေး အစိုးရက ကြိုးပမ်းနေကြောင်း စီးပွားရေး လုပ်ငန်းရှင်အချို့က သုံးသပ်နေ သည်။

အီးယူက ရခိုင်အရေးကြောင့်ရင်းနှီးမြှုပ်နှံမှုအကာအကွယ်ပေး ရေးသဘောတူစာချုပ်ကို လက် မှတ်ရေးထိုးရန် ဆိုင်းငံ့ခြင်းသည် မြန်မာအစိုးရအတွက် စီးပွားရေး ကဏ္ဍတွင် တရုတ်နိုင်ငံနှင့် ပိုမိုနီးကပ်စွာဆက်ဆံရန် တွန်း အားတစ်ခုဖြစ်စေကြောင်း စီးပွား ရေးပညာရှင်အချို့က သုံးသပ်သည်။

ဒီချုပ်အစိုးရစတင်တာဝန် ယူချိန်က အီးယူအပါအ၀င် အ နောက်နိုင်ငံများမှ ရင်းနှီးမြှုပ်နှံမှု များစွာ ၀င်ရောက်မည်ဟု မျှော် မှန်းထားသော်လည်း ရခိုင်အရေး ကြောင့် ဆက်ဆံရေးအေးခဲပြီး ရင်းနှီးမြှုပ်နှံမှုအသစ်များဝင်လာ ရန် အလားအလာနည်းကြောင်း စီးပွားရေးလုပ်ငန်းရှင် အချို့က သုံးသပ်သည်။

‘‘အစိုးရ ဖြေလျှော့မှုတွေနဲ့ တရုတ်ရင်းနှီးမြှုပ်နှံမှုတွေက ဒီနှစ် မှာ အများကြီးတိုးလာနိုင်တယ်။ ပြည်တွင်းစီးပွားရေးအခြေအနေ ကလည်း ဒီနှစ်ပြန်တက်လာနိုင် တယ်’’ဟု မြန်မာနိုင်ငံကုန်သည် များနှင့် စက်မှုလက်မှုလုပ်ငန်းရှင် များအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်လေးက ပြောသည်။

စီးပွားရေးစင်္ကြံလမ်း အကောင်အထည်ဖော်မှုနှင့်အတူ မြန်မာနိုင်ငံတွင် အမေရိကန်ဒေါ် လာ ၁၉ဒသမ၈ ဘီလီယံကျော် ရင်းနှီးမြှုပ်နှံထားသော တရုတ်စီး ပွားရေးကို ထပ်မံတိုးမြှင့်ရန် တရုတ်စီးပွားရေးလုပ်ငန်းရှင်များ က ဆန္ဒရှိနေကြောင်း ပြည်တွင်း စီးပွားရေးလုပ်ငန်းရှင်အချို့က ပြောသည်။

တရုတ် ရင်းနှီးမြှုပ်နှံမှုများ သည် ယခင်က သဘာဝသယံဇာ တထုတ်ယူသည့် စီးပွားရေးလုပ် ငန်းများသာ ရင်းနှီးမြှုပ်နှံခဲ့သော်လည်း လက်ရှိတွင် အထည်ချုပ်ကဲ့သို့ လုပ်သားအခြေပြုစီးပွား ရေးလုပ်ငန်းများ ပြောင်းလဲရင်း နှီးမြှုပ်နှံလာသည်။

‘‘ ဒီနှစ်မှာ တရုတ်ရင်းနှီးမြှုပ် နှံမှုတွေက လုပ်သားအခြေပြုလုပ် ငန်းတွေဝင်တာများတယ်’’ဟု ရင်း နှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန် ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြား ရေးမှူးချုပ် ဦးသန်းအောင်ကျော် က ပြောသည်။

၂၀၁၇-၁၈ ဘဏ္ဍာနှစ်မြန် မာနိုင်ငံသို့ ၀င်ရောက်လာသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စုစုပေါင်း တွင် တရုတ်နိုင်ငံသည် ကန်ဒေါ် လာ ၁ဒသမ၂ ဘီလီယံကျော်ဖြင့် ဒုတိယအများဆုံးဝင်ရောက်ထား သည်။

Credit: 7Daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှိသည်ကို ၇ နှစ်ကြာမှ သိလိုက်ရသည့် ဖြစ်ရပ် လူမှုကွန်ရက်တွင် ဟိုးလေးတကျော် ဖြစ်နေ...

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...
မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...
ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...
ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...
နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...
နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...
Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...
Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...
ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...
ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...
နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...
နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...
အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ
ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ
ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ
ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည်
ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည်
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်
TikTok လူမှုကွန်ရက်မှာ နာမည်ကြီးနေတဲ့ ထူးဆန်းသော အိမ်ခြံမြေကြော်ငြာတစ်ခုအကြောင်း
TikTok လူမှုကွန်ရက်မှာ နာမည်ကြီးနေတဲ့ ထူးဆန်းသော အိမ်ခြံမြေကြော်ငြာတစ်ခုအကြောင်း
တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ
တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ
ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ
ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအ
ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအ
နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀
နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀
CarsDB
Shwe Moe Kaung

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service